
နေပြည်တော် ဇူလိုင် ၁၉
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်သည် တာဝန်ရှိသူ များနှင့်အတူ ယနေ့ နံနက် ၁၁ နာရီတွင် ပြည်ထဲရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီးနှင့်ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီ အတွင်းရေးမှူးများ၊ တိုင်းဒေသကြီး၊ ပြည်နယ်ရဲတပ်ဖွဲ့မှူးများအား ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးဆိုင်ရာ လုပ်ငန်းရပ်များကို ဆွေးနွေးမှာကြားသည်။
ဆွေးနွေးမှာကြား
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး က ဇူလိုင် ၁၈ ရက်တွင် ကာကွယ်ရေးဦးစီး ချုပ်ရုံး(ကြည်း)၌ ပြုလုပ်ခဲ့သည့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ တတိယ အကြိမ် ညှိနှိုင်းအစည်းအဝေးမှ လမ်းညွှန်ချက် များကို အသေးစိတ်ဆွေးနွေးမှာကြားသည်။
ဆုံးဖြတ်ဆောင်ရွက်ပေး
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက မိမိတို့ တိုင်းဒေသ ကြီးနှင့် ပြည်နယ်များအလိုက် Stay at Home သတ်မှတ်ထားသော မြို့နယ်များအခြေအနေ၊ အောက်ဆီဂျင်ရရှိ ဖြန့်ဖြူးမှုအခြေအနေနှင့် ထပ်မံလိုအပ်မှုအခြေအနေ၊ ကုသပေးနေသည့် ဆေးရုံများရှိ လူနာဝင်ဆံ့မှုများနှင့် ကုသရေး စင်တာ၊ စောင့်ကြည့်ရေးစင်တာများ ကြိုတင် ပြင်ဆင်လျာထားဆောင်ရွက်နေမှု၊ နယ်စပ် ဒေသဝင်/ထွက်ပေါက်များမှ ကျန်းမာရေး အထောက်အကူပြုပစ္စည်းများ ကြန့်ကြာမှု မရှိဘဲ အချိန်နှင့်တစ်ပြေးညီ သယ်ဆောင် နိုင်ရေး၊ မသမာသူများ၏ ဈေးတင်ရောင်းချမှု များကြောင့် ဆေးဝါးနှင့်အစားအစာများ ဈေးတက်လာမှုအခြေအနေများကို ဆက်စပ် ဌာနများနှင့်ပေါင်းစပ်၍ ထိန်းချုပ်နိုင်ရေး၊ ဆိုရှယ်မီဒီယာများတွင် မဟုတ်မမှန်သော သတင်းများ၊ လူထုအထိတ်တလန့် ဖြစ်စေ နိုင်သည့်သတင်းများကို အချိန်နှင့်တစ်ပြေးညီ သတင်းမှန်ပြန်ကြားပေးရေး၊ နိုင်ငံတော်မှ ရောဂါထိန်းချုပ်နိုင်ရေးအတွက် တစ်ဆက် တည်း ရုံးပိတ်ရက် ၉ ရက် သတ်မှတ်ပေးထားရာ Stay at Home သတ်မှတ်ချက်များနှင့်အညီ လိုက်နာရေး၊ စေတနာ့ဝန်ထမ်းလူမှုကူညီရေး အဖွဲ့အစည်းများနှင့် ပေါင်းစပ်ဆောင်ရွက် နိုင်ရေး၊ လူထုအတွက် အသိပညာပေးကာလ ကျော်လွန်သွားပြီဖြစ်သဖြင့် ရောဂါကူးစက် မှုကို တိုးပွားလာစေမည့် အခြေအနေများကို သတ်မှတ်ထားရှိသည့် သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ၊ ဒေသန္တရညွှန်ကြား ချက်များနှင့်အညီ တိတိကျကျ အရေးယူ နိုင်ရေးကိစ္စများနှင့် စပ်လျဉ်း၍ ဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်း ဆုံးဖြတ်ဆောင်ရွက်ပေးခဲ့သည်။
သတင်းစဉ်