ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့ ညွှန်ကြားရေးမှူးချုပ်နှင့် ကိုယ်စားလှယ်အဖွဲ့ကို တွေ့ဆုံ (၈)ကြိမ်မြောက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့များ၏ အဆင့်မြင့်အရာရှိကြီးအဆင့် အစည်းအဝေးကျင်း

 

နေပြည်တော်   နိုဝင်ဘာ  ၂၅


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် အား  ဘင်္ဂလားဒေ့ရှ်ပြည်သူ့သမ္မတနိုင်ငံ  နယ်ခြားစောင့်တပ်ဖွဲ့များ၏ ညွှန်ကြားရေးမှူးချုပ် ဗိုလ်ချုပ် Shakil Ahmed (SPP, nswc, afwc, psc) နှင့် အဆင့်မြင့်အရာရှိကြီးများသည်  ယနေ့နံနက် ၁၀ နာရီခွဲတွင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံသည်။

 


တွေ့ဆုံပွဲသို့  ဒုတိယဝန်ကြီး  ဗိုလ်ချုပ် စိုးတင့်နိုင်၊ ဒုတိယဝန်ကြီး  ရဲချုပ် ဗိုလ်ချုပ် ဇင်မင်းထက်၊ အမြဲတမ်း အတွင်းဝန်   ဦးခိုင်ထွန်းဦးနှင့်  မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ကြသည်။ 

 


အမြင်ချင်းဖလှယ်ဆွေးနွေး


တွေ့ဆုံစဉ်        မြန်မာ-ဘင်္ဂလားဒေ့ရှ်    နှစ်နိုင်ငံ နယ်စပ်ဒေသလုံခြုံရေးနှင့်     တရားဥပဒေစိုးမိုးရေး၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး၊      တရားမဝင်နယ်စပ် ဖြတ်ကျော်ဝင်ရောက်နေမှုများ   တားဆီးနှိမ်နင်းရေး၊ နယ်မြေသတင်းအချက်အလက်များ           အချိန်နှင့် တစ်ပြေးညီ  ဖလှယ်ခြင်းတို့နှင့်စပ်လျဉ်း၍  ဆွေးနွေး ကြသည်။ ဆက်လက်၍ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် တပ်ဖွဲ့မှ   အကြမ်းဖက်အုပ်စုနှင့်   အကြမ်းဖက်သမား များကို    ဘင်္ဂလားဒေ့ရှ်နယ်မြေတွင်   လုံးဝအခြေပြု ခိုအောင်းခွင့်ပြုမည်မဟုတ်ကြောင်း၊  တားဆီးနှိမ်နင်း ရေးကို      မြန်မာနိုင်ငံ    နယ်ခြားစောင့်ရဲတပ်ဖွဲ့နှင့် ပိုမိုပူးပေါင်းဆောင်ရွက်       တိုက်ဖျက်သွားမည်ဖြစ် ကြောင်း နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် နယ်နိမိတ်မျဉ်းတစ်လျှောက်        နှစ်ဖက်ညှိနှိုင်း ကင်းလှည့်ခြင်း၊   ချစ်ကြည်ရင်းနှီးမှု   ပိုမိုကောင်းမွန် အောင်    အပြန်အလှန်    နားလည်ယုံကြည်မှုများ တည်ဆောက်ခြင်း  စသည်တို့ကို ပိုမိုမြှင့်တင်နိုင်ရေးကိစ္စများနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြပြီး အမှတ်တရလက်ဆောင်များ အပြန်အလှန်ပေးအပ်သည်။ 

 


ရှင်းလင်းပြောကြား


ထို့ပြင်    ယနေ့နံနက် ၉ နာရီတွင်     မြန်မာ-ဘင်္ဂလားဒေ့ရှ်  နှစ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့များ၏ (၈) ကြိမ်မြောက်     အဆင့်မြင့်အရာရှိကြီးအဆင့် အစည်းအဝေးတွင်   နှစ်ဖက်ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးသဘောတူညီခဲ့ကြသည့် Joint Record of Discussion – JRD     ကို    မြန်မာကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင်     ဒုတိယရဲချုပ်  (၂)   ရဲဗိုလ်ချုပ် အောင်နိုင်သူနှင့်       ဘင်္ဂလားဒေ့ရှ်   နယ်ခြားစောင့် တပ်ဖွဲ့  ညွှန်ကြားရေးမှူးချုပ် ဗိုလ်ချုပ် Shakil Ahmed (SPP, nswc, afwc, psc) တို့က  အစည်းအဝေးခန်းမ တွင် လက်မှတ်ရေးထိုး၍  အပြန်အလှန်လဲလှယ်ခဲ့ကြ သည်။  ထို့နောက် မြန်မာ - ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်ခြားစောင့်တပ်ဖွဲ့များ   အစည်းအဝေးကျင်းပမှုနှင့် ဆွေးနွေးသဘောတူညီမှု  ရလဒ်များနှင့်ပတ်သက်၍ မီဒီယာများကို   ရှင်းလင်းပြောကြား၍     သတင်း ထုတ်ပြန်ခြင်းတို့ကို ဆောင်ရွက်ကြသည်။

 


နိုဝင်ဘာ ၂၄ ရက် နံနက် ၉ နာရီတွင် (၈)ကြိမ် မြောက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်ခြားစောင့် တပ်ဖွဲ့များအကြား အဆင့်မြင့်အရာရှိကြီးများအဆင့် အစည်းအဝေးကို    မြန်မာနိုင်ငံ   ရဲတပ်ဖွဲ့ဌာနချုပ်၊ အစည်းအဝေးခန်းမ၌    ကျင်းပခဲ့ရာ      မြန်မာနိုင်ငံ ရဲတပ်ဖွဲ့    ဒုတိယရဲချုပ် (၂) ရဲဗိုလ်ချုပ် အောင်နိုင်သူ ဦးဆောင်၍  ကာကွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့မှ  အဆင့်မြင့်အရာရှိကြီးများ ပါဝင်သော        မြန်မာကိုယ်စားလှယ်အဖွဲ့  ၁၅   ဦး၊ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့  ညွှန်ကြားရေး မှူးချုပ်   ဗိုလ်ချုပ်   Shakil Ahmed (SPP, nswc, afwc, psc)  ဦးဆောင်သည့် အဆင့်မြင့်အရာရှိကြီး ၁၁ ဦးတို့ တက်ရောက်ခဲ့ကြသည်။ 

 


အဆိုပါ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်ခြား စောင့်တပ်ဖွဲ့များအစည်းအဝေးတွင်  နယ်စပ်ဒေသ လုံခြုံရေးနှင့်     တရားဥပဒေစိုးမိုးရေး    ပူးပေါင်း ဆောင်ရွက်မှုပိုမိုမြှင့်တင်ရေး၊   နှစ်နိုင်ငံနယ်နိမိတ် တစ်လျှောက်    ကုန်းမြေနှင့်    မြစ်ကြောင်းအတွင်း ပူးတွဲကင်းလှည့်မှုများ ပိုမိုဆောင်ရွက်ရေး၊ နိုင်ငံဖြတ် ကျော်မှုခင်းများ ကြိုတင်ကာကွယ်ရေးနှင့် အကြမ်း ဖက်မှုနှင့်    အကြမ်းဖက်အုပ်စုများ   တိုက်ဖျက်ရေး၊ ရာဇဝတ်ဂိုဏ်းများ၏    နယ်စပ်ဖြတ်ကျော်သွားလာ မှုများ   ကြိုတင်ကာကွယ်ရန်    ပူးပေါင်းဆောင်ရွက် ရေး၊     တရားမဝင်   နယ်နိမိတ်ဖြတ်ကျော်ခိုးဝင်/ခိုးထွက်မှုများ    ထိရောက်စွာ   တားဆီးနှိမ်နင်းရေး၊ မူးယစ်ဆေးဝါး         သယ်ဆောင်ရောင်းဝယ်မှုများ တိုက်ဖျက်ရေးနှင့်စပ်လျဉ်း၍   အသေးစိတ်ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။ 

 


အချက် ၁၄ ချက်ကို သဘောတူညီ


ထို့နောက်    နယ်စပ်ဒေသလုံခြုံရေးနှင့်   တရား ဥပဒေစိုးမိုးရေး   ပူးပေါင်းဆောင်ရွက်မှု    အားနည်း ချက်များကြောင့်   ဖြစ်ပေါ်လာမည့်  နောက်ဆက်တွဲ ရလဒ်များနှင့်ပတ်သက်၍ ကြိုတင်မျှော်တွေးသုံးသပ် ခဲ့ပြီး  ဆက်လက်ဆောင်ရွက်မည့်  လုပ်ငန်းအစီအမံ များနှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး၊  ချစ်ကြည်ရင်းနှီးမှုမြှင့်တင်နိုင် ရေးတို့နှင့်ပတ်သက်၍      ပူးပေါင်းဆောင်ရွက်ရန် အချက် ၁၄ ချက်ကို သဘောတူညီခဲ့ကြသည်။ 

 


အလားတူ  ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့၊ ညွှန်ကြားရေးမှူးချုပ် ဗိုလ်ချုပ် Shakil Ahmed (SPP, nswc, afwc, psc) ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ သည်   နိုဝင်ဘာ  ၂၄ ရက် မွန်းလွဲ ၂ နာရီ ၁၅ မိနစ်တွင် ပြည်ထဲရေးဝန်ကြီးဌာန  ဒုတိယဝန်ကြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့  ရဲချုပ် ဗိုလ်ချုပ် ဇင်မင်းထက်အား မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်   ရဲချုပ်၏ဧည့်ခန်းမ၌   လာရောက် တွေ့ဆုံခဲ့သည်။  တွေ့ဆုံမှုတွင် အိမ်နီးချင်းနှစ်နိုင်ငံ၏ နယ်ခြားစောင့်တပ်ဖွဲ့များသည်         ညီရင်းအစ်ကို စိတ်ဓာတ်၊  ချစ်ကြည်ရင်းနှီးမှုများဖြင့် နယ်စပ်ဒေသ လုံခြုံရေးနှင့်   တရားဥပဒေစိုးမိုးရေးကို   ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြား ၍ အမှတ်တရလက်ဆောင်များ အပြန်အလှန် ပေးအပ် ခဲ့ကြသည်။ 

 


(၈)ကြိမ်မြောက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့များ၏  အဆင့်မြင့် အရာရှိကြီးများအဆင့်အစည်းအဝေးတွင် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသလုံခြုံရေးနှင့်     တရားဥပဒေစိုးမိုးရေး အတွက်  အချိန်နှင့်တစ်ပြေးညီ သတင်းဖလှယ်မှုများ ဆောင်ရွက်ရန်၊ တပ်ရင်းမှူးအဆင့်၊  ဒေသကွပ်ကဲမှု အဆင့်နှင့်  အဆင့်မြင့်အရာရှိကြီးများအဆင့် အစည်း အဝေးတို့ကို  နှစ်ဖက်သဘောတူညီထားသည့်အတိုင်း လစဉ်၊    နှစ်စဉ်  ကျင်းပပြုလုပ်ရန်၊    ဘင်္ဂလားဒေ့ရှ် ပိုင်နက်နယ်မြေကို   အသုံးချ၍    အခြားနိုင်ငံအပေါ် ဆန့်ကျင်မည့် မည်သည့်အုပ်စုကိုမဆို ခွင့်ပြုသွား မည်မဟုတ်ဘဲ  ရှာဖွေစုံစမ်း ပိတ်ဆို့တားဆီးနှိမ်နင်းရန်၊ နယ်စပ်ဖြတ်ကျော်ရာဇဝတ်ဂိုဏ်းများကို   ကြိုတင် တားဆီး ကာကွယ် သွားရန်၊  အကြမ်းဖက်သမားများ၏ ခြိမ်းခြောက်မှုသည် မူးယစ်ဆေးဝါးနှင့် တရားမဝင် နယ်စပ်ဖြတ်ကျော်ခိုးဝင်မှုများ    ဖြစ်ပေါ်စေသဖြင့် တားဆီးနှိမ်နင်းရေးကို  ထိရောက်စွာ  ပူးပေါင်းဆောင် ရွက်ရန်၊ နှစ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့များအကြား အောက်ခြေအဆင့်၊       အလယ်အလတ်အဆင့်နှင့် အဆင့်မြင့်အရာရှိကြီးအဆင့်          ဆက်သွယ်မှုများ ပိုမိုလျှင်မြန်စွာ    ဆောင်ရွက်ကြရန်၊     ယုံကြည်မှု တည်ဆောက်ခြင်း  တိုးမြှင့်နိုင်ရေးအတွက်  အပြန် အလှန်လည်ပတ်ခြင်း၊  အားကစားပြိုင်ပွဲများကျင်းပ ခြင်းနှင့်   တွေ့ဆုံဆွေးနွေးမှုများ အခါအားလျော်စွာ ကျင်းပသွားရန်တို့ကို သဘောတူညီခဲ့ကြသည်။ အဆိုပါ  ဆွေးနွေးသဘောတူညီမှုများကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ တွင်  စတင်အကောင်အထည်ဖော်  ဆောင်ရွက်သွား ကြမည်ဖြစ်ကြောင်း သိရသည်။            

သတင်းစဉ်