ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ရွှေဘိုမြို့ မေတ္တာရိပ်အမျိုးသမီးစောင့်ရှောက်ရေးဂေဟာနှင့် အသက်မွေးသင်တန်းကျောင်းတို့ကို သွားရောက်ကြည့်ရှု

Image not available
 
 
 
ရွှေဘို ဖေဖော်ဝါရီ ၁၅
 
 
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးသည် ယနေ့ နံနက်ပိုင်း က စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘို ခရိုင် ရွှေဘိုမြို့နယ်အတွင်းရှိ မေတ္တာရိပ် အမျိုးသမီးစောင့်ရှောက် ရေးဂေဟာနှင့် အသက်မွေးသင်တန်း ကျောင်းတို့ကို သွားရောက်ကြည့်ရှု သည်။
 
 
လိုက်လံကြည့်ရှု
 
ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ သည် အဆိုပါသင်တန်းကျောင်းရှိ ကွန်ပျူတာသင်တန်းခန်းမ၊ ပန်းချီ အရောင်းပြခန်း၊ အလှပြင်သင်တန်း ခန်းမနှင့် အမျိုးသမီးငယ်များအား ပြုစုစောင့်ရှောက်ပေးမည့် အဆောက် အဦတို့ကို လိုက်လံကြည့်ရှုပြီး သင်တန်းကျောင်းအုပ်နှင့် တာဝန်ရှိ သူများက အမျိုးသမီးစောင့်ရှောက် ရေးဂေဟာနှင့် အသက်မွေးသင်တန်း ကျောင်း၌ ဆောင်ရွက်ပေးရန် စီစဉ် ထားသည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြသည်။
 
 
လှူဒါန်း
 
ထို့နောက် ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် ဂေဟာရန်ပုံငွေအဖြစ် ငွေကျပ် ၁၀ သိန်းကို ဂေဟာမှ ပန်းချီ ကားချပ် ၁၀ ချပ် ဝယ်ယူခြင်းဖြင့် လှူဒါန်းသည်။
 
 
ရွှေဘိုမြို့နယ်ရှိ မေတ္တာရိပ် အမျိုးသမီးစောင့်ရှောက်ရေးဂေဟာ နှင့် အသက်မွေးသင်တန်းကျောင်း တွင် ရင်ခွင်မဲ့ကလေးငယ်များနှင့် မိဘမဲ့ အမျိုးသမီးငယ်များအား စောင့်ရှောက်ပေးနိုင်ရေး၊ ကျောင်းနေ အရွယ်ကလေးငယ်များအား ပညာ ဆက်လက်သင်ကြားနိုင်ရေး၊ အမျိုး သမီးငယ်ရွယ်သူများအား အသက် မွေးသင်တန်းများကို လုပ်ငန်း ကျွမ်းကျင်သည့် အဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ သင်ကြားပေးနိုင်ရေး တို့ကို ကြိုးပမ်းဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
 
 
သတင်းစဉ်