ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် ကမ္ဘာ့ခရီးသွား လုပ်ငန်းကောင်စီ၏ (၂၁) ကြိမ်မြောက် ကမ္ဘာလုံးဆိုင်ရာခရီးသွားလုပ်ငန်းညီလာခံသို့ တက်ရောက်

 

နေပြည်တော်   ဧပြီ    ၂၂


ဖိလစ်ပိုင်နိုင်ငံ    ခရီးသွားလာရေးဝန်ကြီးဌာန၏ ဦးဆောင်မှု၊ ကမ္ဘာ့ခရီးသွားလုပ်ငန်းကောင်စီ (World Travel and Tourism Council-WTTC) ၏ ပူးပေါင်း ဆောင်ရွက်မှုဖြင့် (၂၁) ကြိမ်မြောက်  ကမ္ဘာလုံးဆိုင်ရာ ခရီးသွားလုပ်ငန်းညီလာခံ      ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံ     ဟိုတယ်နှင့်    ခရီးသွားလာရေးဝန်ကြီး ဌာန      ပြည်ထောင်စုဝန်ကြီး   ဒေါက်တာဌေးအောင် ဦးဆောင်၍  ညွှန်ကြားရေးမှူးချုပ်များ၊ အရာရှိကြီး များ   ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့်  တက်ရောက်ကြ  သည်။

 


 အဆိုပါညီလာခံသို့   နိုင်ငံတကာမှ  ခရီးသွား လုပ်ငန်းနှင့်  ဆက်စပ်ကဏ္ဍများ၌   ဆောင်ရွက်နေ သော အစိုးရအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်များ၊  ကျွမ်းကျင်ပညာ ရှင်များ တက်ရောက်ကြသည်။

 


ညီလာခံကို   ခရီးသွားလုပ်ငန်း   လုပ်ကိုင်သူများ အကြား     တူညီသောစာနာမှုနှင့်    တန်ဖိုးထားမှု၊ ရည်မှန်းချက်များကို   အခြေခံ၍  လူ့အဖွဲ့အစည်း၊ သဘာဝပတ်ဝန်းကျင်နှင့် စီးပွားရေးကဏ္ဍများတွင် တွေ့ကြုံနေရသည့် စိန်ခေါ်မှုများကို ဝိုင်းဝန်းဖြေရှင်း နိုင်ရန်၊  အနာဂတ်တွင်  ရေရှည်တည်တံ့ပြီး   ကဏ္ဍစုံ ဖွံ့ ဖြိုး တိုးတက်လာစေရန်နှင့် ယင်း၏အောင်မြင်မှုများ ကို  မျှဝေခံစားနိုင်ရန် ရည်ရွယ်၍ “Rediscovering Travel”   ခေါင်းစဉ်ဖြင့်   ကျင်းပခြင်းဖြစ်သည်။ ညီလာခံတွင်   ခရီးသွားလုပ်ငန်းများ  ရပ်တန့်ရာမှ ပြန်လည်စတင်နိုင်မည့်   လမ်းကြောင်းအသစ်များ ဖော်ထုတ်ခြင်း၊ ဘဏ္ဍာရန်ပုံငွေ ထူထောင်ခြင်း၊ ခရီး သွားလာရာတွင်    ယုံကြည်စိတ်ချမှု    ရှိစေခြင်းနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်း၊ ခရီးသွားလုပ်ငန်းဆိုင်ရာ ရည်မှန်းချက်များ   အောင်မြင်ရေးနှင့်   ပြန်လည် ဆန်းသစ်ခြင်း၊ သယ်ယူပို့ဆောင်ရေးကဏ္ဍ အဆင်ပြေ ချောမွေ့စေခြင်း၊     အဆင့်မြင့်ခရီးသွားလုပ်ငန်း ဈေးကွက်အခြေအနေများအား သုံးသပ်ခြင်းနှင့် ခရီးသွားလုပ်ငန်းပြန်လည်ပုံဖော်ခြင်း အစရှိသည့် ကဏ္ဍ များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။ 

 


ဖွင့်ပွဲအခမ်းအနားတွင် ကမ္ဘာ့ခရီးသွားလုပ်ငန်း ကောင်စီ (World Travel & Tourism Council- WTTC)  ဥက္ကဋ္ဌ Mr. Arnold Donald က WTTC သည် ခရီးသွားလုပ်ငန်းရေရှည်ဖွံ့ဖြိုးတိုးတက်ရေးကို ရှေးရှု ဆောင်ရွက်လျက်ရှိပြီး ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် တစ်ဖက်တစ်လမ်းမှရပ်တည်  ဆောင်ရွက်နေသည့် အဖွဲ့အစည်းဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါ ကာလအလွန်တွင် ကမ္ဘာ့နိုင်ငံများမှ ခရီးစဉ်ဒေသများ ပြန်လည်ဖွင့်လှစ် ဆောင်ရွက်နေသည်ကို တွေ့ရှိရပါ ကြောင်း၊ ခရီးသွားလုပ်ငန်း ပြန်လည်ထူထောင်ရေး အတွက် အာရှ-ပစိဖိတ်ဒေသသည်  များစွာအရေးပါ ကြောင်း၊ အနာဂတ်ကာလ  ခရီးသွားလုပ်ငန်းအား ပိုမို၍    ရေရှည်တည်တံ့စေရန်နှင့်   အားလုံးပါဝင် ဆောင်ရွက်နိုင်သော ကဏ္ဍဖြစ်စေရန် ပုံဖော်ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။   

 


ဖိလစ်ပိုင်နိုင်ငံ   ခရီးသွားလုပ်ငန်းဝန်ကြီး  Ms. Bernadette Romulo-Puyat က  ကိုဗစ်-၁၉ ကပ် ရောဂါကြောင့်    ခရီးသွားများ၏   အပြုအမူနှင့် ကြိုက်နှစ်သက်မှုများမှာလည်း  ပြောင်းလဲလျက်ရှိပါ ကြောင်း၊ ဖိလစ်ပိုင်နိုင်ငံသည် ယဉ်ကျေးမှုနှင့်ဇီဝမျိုးစုံ မျိုးကွဲများ ပေါကြွယ်ဝသည့်  နိုင်ငံတစ်နိုင်ငံဖြစ်ရာ ခရီးသွားလုပ်ငန်းများ ပြန်လည်ဖွံ့ဖြိုးတိုးတက်လာရေး အတွက်   ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသည်။  

 


ဆက်လက်၍   ကမ္ဘာ့ခရီးသွားလုပ်ငန်းကောင်စီ ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် Ms. Julia Simpson က ကိုဗစ်-၁၉ ကာလအလွန်တွင် ဒစ်ဂျစ်တယ်နည်း ပညာအသုံးပြု၍   ခရီးသွားဧည့်သည်များအတွက် လိုက်နာဆောင်ရွက်ရမည့် စံသတ်မှတ်ချက်များကို ကမ္ဘာ့နိုင်ငံများအားလုံး  တစ်ပြေးညီသတ်မှတ်နိုင်ပါက ခရီးသွားဧည့်သည်များ ပိုမိုလွယ်ကူ အဆင်ပြေစွာ သွားလာ   လည်ပတ်နိုင်မည်ဖြစ်ကြောင်း၊  ထိုသို့ ဆောင်ရွက်ရာတွင်         ဒစ်ဂျစ်တယ်နည်းပညာကို အကျိုးရှိစွာအသုံးချရန် လိုအပ်ပါကြောင်း၊ ထို့ပြင် ခရီးသွားဧည့်သည်များ၏         ယုံကြည်မှုကို               တည်ဆောက်ရမည်ဖြစ်ပါကြောင်းနှင့်   အနာဂတ် ကာလ ခရီးသွားလုပ်ငန်းများ ရေရှည်ဖွံ့ဖြိုးတိုးတက် ရေးအတွက်    ဦးတည်ဆောင်ရွက်ကြရန်  လိုအပ် ကြောင်း ပြောကြားသည်။ 

 


ယင်းနောက်   ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းရှင် များ၊    လေကြောင်းလိုင်းများမှ  တာဝန်ရှိသူများ၊ ပညာရှင်များနှင့်   အစိုးရပိုင်းမှ   အဆင့်မြင့်အရာရှိကြီး များက    ခရီးသွားလုပ်ငန်းဆိုင်ရာ  မဟာဗျူဟာ နှင့်စပ်လျဉ်းသည့်       အမြင်သဘောထားများကို ဆွေးနွေးဖလှယ်ကြကာ ညီလာခံ ပထမနေ့အစီအစဉ် ကို ညနေပိုင်းတွင် ရုပ်သိမ်းခဲ့သည်။ 
ညီလာခံဒုတိယနေ့     အစီအစဉ်ကို     ယနေ့ နံနက်ပိုင်းတွင်   ဆက်လက်ကျင်းပရာ  ခရီးသွား လုပ်ငန်း ပြန်လည်စတင်ဆောင်ရွက်နိုင်ရေး၊ လူသား ချင်းစာနာထောက်ထားရေး၊ အနာဂတ်ကာလတွင် ခရီးသွားလုပ်ငန်းများ    ရေရှည်တိုးတက်စေရေး အစရှိသော ခေါင်းစဉ်များအပေါ်  နိုင်ငံတကာမှ ခရီးသွားလုပ်ငန်းကျွမ်းကျင်ပညာရှင်များ၊ ဟိုတယ်များ၊ လေကြောင်းလိုင်းများ၊ ခရီးသွားကုမ္ပဏီများ အစရှိ သော ပုဂ္ဂလိကခရီးသွားကဏ္ဍမှ တာဝန်ရှိသူများက ပါဝင်ဆွေးနွေးကြသည်။

 


ထို့နောက်  ဖိလစ်ပိုင်နိုင်ငံ  ခရီးသွားဝန်ကြီး Ms. Bernadette    Romulo-Puyat ၊   ကမ္ဘာ့ခရီးသွား လုပ်ငန်းကောင်စီ   (World  Travel  &  Tourism Council-WTTC) မှ ဥက္ကဋ္ဌ Mr. Arnold Donald နှင့် ကမ္ဘာ့ခရီးသွားလုပ်ငန်း     ကောင်စီ     ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိ Ms. Julia Simpson တို့က နိဂုံးချုပ်အမှာစကားများ ပြောကြားကာ မွန်းလွဲပိုင်း တွင်  အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။ ခရီးသွား အရင်းအမြစ်နှင့် ခရီးသွားဆွဲဆောင်မှုများ ကြွယ်ဝ သော မြန်မာနိုင်ငံအနေနှင့် နိုင်ငံတကာမှ ခရီးသည် များကို ကိုဗစ်-၁၉ ရောဂါဆိုင်ရာ စည်းမျဉ်းစည်းကမ်း များနှင့်အညီ လာရောက်လည်ပတ်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိရာ   ဤကမ္ဘာလုံးဆိုင်ရာ ခရီးသွားကွန်ဖရင့်မှ  ဖော်ထုတ်ဆွေးနွေးချက်များကို ရယူပေါင်းစပ် ဆောင်ရွက်ခြင်းဖြင့် အနာဂတ်ခရီးသွား လုပ်ငန်းရေရှည်တည်တံ့    ဖွံ့ဖြိုးတိုးတက်စေရေး အတွက်       များစွာအထောက်အကူပြုမည်ဖြစ် ကြောင်း သိရသည်။ 

 သတင်းစဉ်