
နေပြည်တော် ဇန်နဝါရီ ၅
ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် သည် ယနေ့ နံနက်ပိုင်းက ခရီးသွား လုပ်ငန်းဆိုင်ရာ ဘာသာရပ်များ သင်ကြားပို့ချနေသည့် သင်တန်း ကျောင်းများမှ တာဝန်ရှိသူများ ကို ဝန်ကြီးဌာန၏ နီလာခန်းမမှ အွန်လိုင်းစနစ်ဖြင့် တွေ့ဆုံသည်။
တွေ့ဆုံဆွေးနွေးပွဲသို့ ဟိုတယ် နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ အမြဲ တမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူး ချုပ်နှင့် ဝန်ကြီးဌာနမှ တာဝန်ရှိသူ များ တက်ရောက်ကြပြီး ရန်ကုန် စီးပွားရေးတက္ကသိုလ်၊ မန္တလာ တက္ကသိုလ်နှင့် အမျိုးသားစီမံခန့်ခွဲမှု ပညာဒီဂရီကောလိပ်တို့မှ ပါမောက္ခ ချုပ်များ၊ ကျောင်းအုပ်ကြီးများနှင့် ဆရာ ဆရာမများ၊ ဌာနဆိုင်ရာများ မှ တာဝန်ရှိသူများ၊ ခရီးသွားလုပ်ငန်း ဆိုင်ရာဘာသာရပ်များကို သင်ကြား ပို့ချနေသော သင်တန်းကျောင်း များမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ တိုင်း ဒေသကြီးနှင့် ပြည်နယ်ရုံးခွဲများမှ တာဝန်ခံများက အွန်လိုင်းမှ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနအနေနှင့် ခရီးသွား ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အထောက် အကူပြုရန်အတွက် လူ့စွမ်းအား အရင်းအမြစ်များကို မွေးထုတ်ပေး ရန်လိုအပ်လျက်ရှိပြီး Tourism Industry အတွင်း ပါဝင်လုပ်ကိုင် နေသူများ၊ အဖွဲ့အစည်းများအားလုံး ပူးပေါင်းဆောင်ရွက်ပေးကြစေလို ပါကြောင်း၊ သင်တန်းကျောင်းများ မှ သင်ကြားပေးသောဘာသာရပ် များ၊ သင်ခန်းစာများနှင့် သင်ရိုး ညွှန်းတမ်းများမှာ ခရီးသွား လုပ်ငန်း၏ လိုအပ်ချက်နှင့် ကိုက်ညီမှုရှိရန်လိုအပ်ပြီး ခေတ် နှင့်အညီ တိုးတက်ပြောင်းလဲမှု များကို ပြုပြင်ထည့်သွင်းသင်ကြား ပေးနိုင်ရန် လိုအပ်ပါကြောင်း၊ အာဆီယံအဆင့် သင်ရိုးညွှန်းတမ်း များကို အခြေခံထားအသုံးပြုခြင်း ဖြင့် သင်တန်းကျောင်းများမှ သင်ကြားပို့ချရာ၌ တစ်ပြေးညီဖြစ် စေမည် ဖြစ်ပါကြောင်း၊ နိုင်ငံ အဆင့်၊ အာဆီယံအဆင့် ကျွမ်းကျင် မှုလက်မှတ်ရရှိသူများ မွေးထုတ် ကြရန် လိုအပ်ပါကြောင်း၊ ဝန်ကြီး ဌာနအနေနှင့် ခရီးသွားလုပ်ငန်း ကဏ္ဍအတွင်း ကျွမ်းကျင်မှုလိုအပ် ချက်ကွာဟမှု လျော့ပါးစေရန် ASEAN National Trainer (TOT) ဆရာဖြစ် သင်တန်းများကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဖွင့်လှစ်ပေးလျက်ရှိပါကြောင်း။
ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ကဏ္ဍအတွင်း လူ့စွမ်းအားအရင်း အမြစ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အရည်အသွေး အာမခံချက်ရှိစေရန် အတွက် ခရီးသွားလုပ်ငန်းဆိုင်ရာ ဘာသာရပ်များ သင်ကြားပေးနေ သော သင်တန်းကျောင်းများက အားလုံးဝိုင်းဝန်း ပူးပေါင်းပါဝင် ပေးကြစေလိုပါကြောင်း ပြောကြား သည်။
ဆက်လက်၍ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ခရီးသွား လုပ်ငန်းကဏ္ဍအတွင်း လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့်စပ်လျဉ်း၍ ဝန်ကြီးဌာနက ဆောင်ရွက်နေမှုများနှင့် ရှေ့ လုပ်ငန်းစဉ်များကို ရှင်းလင်း တင်ပြသည်။ ယင်းနောက် တွေ့ဆုံ ဆွေးနွေးပွဲသို့ တက်ရောက်လာ ကြသူများက သက်ဆိုင်ရာကဏ္ဍ အလိုက် အကြံပြုဝိုင်းဝန်း ဆွေးနွေးကြပြီး ပြည်ထောင်စု ဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးကာ နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်