ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း Myancopharm ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်အသုံးပြုထိုးနှံနေမှုများ ကြည့်ရှုအားပေး

 

နေပြည်တော်   မေ   ၄


ကျန်းမာရေးဝန်ကြီးဌာန     ပြည်ထောင်စုဝန်ကြီး ပါမောက္ခ  ဒေါက်တာသက်ခိုင်ဝင်းသည်     ယနေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ခုတင် (၅၀)ဆံ့ ဇမ္ဗူသီရိဆေးရုံ၌ Myancopharm ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနေမှုများကို ကြည့်ရှုအားပေးပြီး  လာရောက်ထိုးနှံနေသူများကို ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ လုပ်ငန်းဆောင်ရွက်နေမှု များကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

 


ကျန်းမာရေးဝန်ကြီးဌာနသည် စက်မှုဝန်ကြီးဌာန မြန်မာနိုင်ငံဆေးဝါးစက်ရုံတွင် Ready to fill (RTF) စနစ်ဖြင့် ထုတ်လုပ်သည့် Myancopharm ကိုဗစ်-၁၉ ရောဂါ     ကာကွယ်ဆေးကို     ဧပြီ  ၂၉  ရက်တွင် ခြောက်သိန်း   doses နှင့်    ၃၀  ရက်တွင်   လေးသိန်း  doses  စုစုပေါင်း တစ်သန်း doses ကို လွှဲပြောင်း လက်ခံရရှိခဲ့ပြီးဖြစ်၍    Myancopharm  ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ဆေးများကို   သတ်မှတ်ဦးတည် အုပ်စုများအတွင်း စတင်အသုံးပြုထိုးနှံလျက်ရှိသည်။ Myancopharm ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး သည် စက်မှုဝန်ကြီးဌာနအနေဖြင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ Sinopharm China National Biotec Group (Sinopharm CNBG) နှင့် ပူးပေါင်း၍ ထုပ်ပိုး ထုတ်လုပ်ထားခြင်းဖြစ်ပြီး အသက် ၅ နှစ်အရွယ်မှ စတင်ထိုးနှံနိုင်ပြီး ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင် များကိုပါ   ဘေးကင်းစိတ်ချစွာ    ထိုးနှံနိုင်သည့် ကာကွယ်ဆေးဖြစ်သည်။ ထို့အပြင် အသက် ၁၈ နှစ် နှင့်အထက်    မိဘပြည်သူများကို   ထပ်ဆောင်း ကာကွယ်ဆေး   (Booster   Dose)  အဖြစ်လည်း ဘေးကင်းစိတ်ချစွာ အသုံးပြုထိုးနှံနိုင်ကြောင်း သိရ သည်။ 

 


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ခုတင် (၅၀) ဆံ့ ဇမ္ဗူသီရိမြို့နယ် ဆေးရုံဝင်းအတွင်းရှိ အရေးပေါ်အသက်ကယ်သင်တန်းကျောင်း (Emer-gency Medical Services Training Centre) သို့ သွားရောက်၍ သင်တန်းခန်းမများနှင့် သင်ထောက်ကူ ပစ္စည်းများ       ပြင်ဆင်ထားသည့်အခြေအနေ၊ အရေးပေါ်အသက်ကယ်သင်တန်းများအပြင် အခြား ပြည်သူ့ကျန်းမာရေး၊ ကုသရေးဆိုင်ရာ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်များ   တိုးတက်ရရှိစေရေး အတွက် သင်တန်းများ တိုးချဲ့ဖွင့်လှစ်နိုင်မည့်အခြေ အနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။ 

 


ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀) သို့ သွားရောက်၍   အဆိုပါဆေးရုံကြီး အစည်းအဝေး ခန်းမ၌ ဆေးရုံအုပ်ကြီးနှင့် ပါမောက္ခများ၊ တာဝန်ခံ အထူးကုဆရာဝန်ကြီးများနှင့် တွေ့ဆုံသည်။

 


တွေ့ဆုံစဉ်   ပြည်ထောင်စုဝန်ကြီးက  ပြည်သူ့ ဆေးရုံများသည် ပြည်သူများ အဓိက မှီခိုအားထား နေရသည့်     ဆေးရုံများဖြစ်ပါ၍    အရေးပေါ်နှင့် ပုံမှန်ဆေးကုသရေးလုပ်ငန်းများကို အဆင့်မြှင့်တင်၍ ထိရောက်စွာကုသပေးနိုင်စေရေး ကြိုးပမ်းဆောင် ရွက်ကြရမည်ဖြစ်ပါကြောင်း၊ အထူးသဖြင့် အရေးပေါ် ကျန်းမာရေးအခြေအနေများဖြစ်သည့်   အစာအိမ် သွေးကြောပေါက်ခြင်း၊ ဦးနှောက်သွေးကြောပိတ်၍ လေဖြတ်ခြင်း၊   နှလုံးသွေးကြောပိတ်ခြင်း  စသည် တို့မှာ အချိန်မီ အရေးပေါ်ကုသစောင့်ရှောက်မှုများ ရရှိပါက   လူနာများ၏အသက်ကို   ကောင်းမွန်စွာ ကယ်တင်ကုသပေးနိုင်မည်ဖြစ်ပါကြောင်း၊ နေပြည် တော်     ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀) သည် မကွေးဆေးတက္ကသိုလ်၏   တွဲဖက်သင်ကြားရေး ဆေးရုံကြီးဖြစ်သော်လည်း မကြာမီ အဓိက သင်ကြား ရေး ဆေးရုံကြီးအဖြစ် တိုးမြှင့်ဆောင်ရွက်မည်ဖြစ်ပါ၍ တာဝန်ခံပါမောက္ခများ၊ အထူးကုဆရာဝန်ကြီးများ အနေဖြင့်  သင်ကြားရေးလုပ်ငန်းများကိုပါ  တွဲဖက် ဆောင်ရွက်၍ ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ် များ မွေးထုတ်ရာတွင် ပါဝင်ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း ပြောကြားသည်။

 


ထို့နောက် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ တင်ထွန်း က နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀) အား     အဓိကသင်ကြားရေး   ဆေးရုံကြီးအဖြစ် အဆင့်မြှင့်တင်    ဆောင်ရွက်မည့်အစီအစဉ်ကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ဆေးရုံအုပ် ကြီး၊   ပါမောက္ခ/အထူးကုဆရာဝန်ကြီးများနှင့် သူနာပြုဆရာမကြီးများက   လုပ်ငန်းဆောင်ရွက်မှု နှင့် လိုအပ်ချက်များကို တင်ပြကြရာ ပြည်ထောင်စု ဝန်ကြီးက လိုအပ်သည်များ ဖြည့်ဆည်းမှာကြား ဆောင်ရွက်ပေးသည်။

 


ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဆီးချိုနှင့် နောက်ဆက်တွဲပြဿနာများကို တစ်နေရာ တည်းတွင် ကြည့်ရှုစစ်ဆေး၍ကုသမှုပေးနိုင်သောဌာန (One Stop Diabetes Center) အတွင်းရှိ ဆီးချိုရောဂါနှင့်ဆက်စပ်၍  ဖြစ်ပွားသည့် မျက်စိ ရောဂါ၊ ခြေထောက်သွေးကြောနှင့် အာရုံကြောဆိုင်ရာ ရောဂါ၊   နှလုံးရောဂါစသည်တို့ကို    စစ်ဆေးကုသ ပေးနိုင်သည့်အခြေအနေနှင့်   လူနာများအနေဖြင့် ဓာတ်ရောင်ခြည်ဖြင့် ကင်ဆာရောဂါကုသရာတွင် အချိန်ကြာမြင့်စွာ  စောင့်ဆိုင်းရခြင်းမရှိဘဲ  ကုသ နိုင်ရေးအတွက်     လိုအပ်သည်များကို     စီစဉ် ဆောင်ရွက်ပေးသည်။ 

 


ဆက်လက်၍    ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ သည် နှလုံးသွေးကြောရောဂါကုသမှုဌာန (Cardiac Catheterization Lab) တွင် နှလုံးသွေးကြောချဲ့ကုသ မှု     ဆောင်ရွက်နေခြင်းကို      အားပေးကြည့်ရှု၍ နှလုံးရောဂါဆိုင်ရာကုသမှုများကို   ယခုထက်   ပိုမို အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရေးအတွက် လိုအပ် သည်များကို မှာကြားဖြည့်ဆည်းပေးကာ ဆေးရုံကြီး ရှိ ကျန်းမာရေးဝန်ထမ်းများနှင့် လူနာများကို ရင်းရင်း နှီးနှီးတွေ့ဆုံခဲ့ကြောင်း သိရသည်။


သတင်းစဉ်