ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း မြန်မာနိုင်ငံ ပုဂ္ဂလိကဆေးရုံများအသင်းမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ

 နေပြည်တော်   ဇွန်   ၂၃


ကျန်းမာရေးနှင့်       အားကစား ဝန်ကြီးဌာန      ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းနှင့်    မြန်မာနိုင်ငံ   ပုဂ္ဂလိကဆေးရုံများ အသင်းဥက္ကဋ္ဌ၊  အလုပ်အမှုဆောင် အဖွဲ့ဝင်များ   တွေ့ဆုံပွဲကို    ယနေ့ နံနက် ၁၁ နာရီတွင်   ကျန်းမာရေး နှင့်     အားကစားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌    ကျင်းပ သည်။


တွေ့ဆုံပွဲတွင်   ပြည်ထောင်စု ဝန်ကြီးက လတ်တလော ဖြစ်ပွား နေဆဲဖြစ်သည့်    ကိုဗစ်-၁၉ ကပ်ရောဂါ   ကာကွယ်ရေးလုပ်ငန်း များကို    အရှိန်အဟုန်မပျက်     ဆက်လက်ဆောင်ရွက်လျက်ရှိရာ ပုဂ္ဂလိက   ဆေးရုံများအနေဖြင့် လည်း  ပူးပေါင်းပါဝင်ရန်   လိုအပ် လျက်ရှိပါကြောင်း၊     ပြည်သူများ ကျန်းမာရေး     စောင့်ရှောက်မှု ပေးရာတွင်  ပုဂ္ဂလိက  ကဏ္ဍ၏ စွမ်းအား      အရင်းအမြစ်များကို  ထိရောက်စွာ အသုံးပြုနိုင်စေရန်၊   ပုဂ္ဂလိက   ကျန်းမာရေးလုပ်ငန်း များက ပြည်သူများအတွက်  မျှတ သော စရိတ်ဖြင့် အရည်အသွေး မြင့်မားသည့်  ဝန်ဆောင်မှုပေးနိုင် စေရန်နှင့်     တာဝန်ခံမှုရှိစေရန်   လိုအပ်မည်    ဖြစ်ပါကြောင်း၊  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်း    ဆောင်ရွက် ရာတွင်လည်း      နိုင်ငံ့ဝန်ထမ်း ကျန်းမာရေးဝန်ထမ်းများနည်းတူ ပုဂ္ဂလိက  ကျန်းမာရေးလုပ်ငန်း များတွင်   တာဝန်ထမ်းဆောင် နေသူများကို    ဦးစားပေးအုပ်စု အဖြစ်   ထိုးနှံပေးရန်    စီစဉ်ခဲ့ သော်လည်း အကြောင်းအမျိုးမျိုး ကြောင့်   ပုဂ္ဂလိက  ကျန်းမာရေး ဝန်ထမ်းအချို့သာ     ထိုးနှံခဲ့ရ ကြောင်း၊    ကာကွယ်ဆေးများ  မူလအစီအစဉ်အတိုင်း  ရောက်ရှိ လာပါက မိမိတို့၏ လက်တွဲဖော် ဖြစ်သည့်  ပုဂ္ဂလိက ကျန်းမာရေး ဝန်ထမ်းများကို    ဦးစားပေး ဆောင်ရွက်သွားမည်   ဖြစ်ပါ ကြောင်း၊        ပုဂ္ဂလိကကျန်းမာရေး လုပ်ငန်းလိုင်စင်  ရရှိသူများအနေ ဖြင့်လည်း ကိုဗစ်-၁၉ ကုသရေး ဌာနများတွင်  ကိုဗစ်-၁၉  ရောဂါ လူနာများ  အဆင်ပြေစွာ    လက်ခံ ကုသနိုင်ရေးနှင့်    ထိရောက် အကျိုးရှိသော  ကုသမှုပေးအပ်နိုင် ရေးအတွက်  ကျန်းမာရေးလူ့စွမ်း အားအရင်းအမြစ်၊   ဆေးဝါးနှင့် စက်ပစ္စည်းကိရိယာများ   ဖြည့် ဆည်းခြင်းတို့ကို  ပူးပေါင်းဆောင် ရွက်ပေးရန် မှာကြားလိုပါကြောင်း။


ပုဂ္ဂလိက       ကျန်းမာရေး လုပ်ငန်းဆိုင်ရာ    ကြီးကြပ်ရေး ကော်မတီ   အဆင့်ဆင့်အနေဖြင့် လည်း      အခါအားလျော်စွာ         ကွင်းဆင်း      စစ်ဆေးခြင်းများ ဆောင်ရွက်သွားရမည်    ဖြစ်ပါ ကြောင်း၊ သို့ဖြစ်ပါ၍ လုပ်ငန်းရှင် များအနေဖြင့်    ပူးပေါင်းဆောင် ရွက်ရန်        လိုအပ်ပါကြောင်း၊  ပုဂ္ဂလိကဆေးရုံများနှင့်  ဓာတ်ခွဲ ခန်းများတွင် COVID-19 Antigen (RDT) test, RT-PCR   နည်းပညာ အသုံးပြု၍ testing and care ဆောင်ရွက်ခွင့်ပြုလျက်    ရှိပါ ကြောင်း၊     ခွင့်ပြုထားရှိသည့် လုပ်ငန်းများသည်      လုပ်ငန်း လမ်းညွှန်နှင့်အညီ    စစ်ဆေးမှု၊        ရောဂါပိုးတွေ့မှုတို့ကို     အချိန်နှင့် တစ်ပြေးညီ       သတင်းပေးပို့ရန်   လိုအပ်ပါကြောင်း၊    ပုဂ္ဂလိက လုပ်ငန်းရှင်များအနေဖြင့်        နိုင်ငံ တကာ/အာရှဒေသတွင်း   ထိုးနှံ ဆောင်ရွက်နေသော     အရည် အသွေး    အာနိသင်ရှိပြီး   ဘေး အန္တရာယ်ကင်းရှင်းသည့် ကိုဗစ်-၁၉ ကာကွယ်ဆေးများကို မိမိတို့ အစီအစဉ်ဖြင့်   တင်သွင်းဖြန့်ဖြူး ခြင်း၊     ကာကွယ်ဆေးထိုးနှံပေး ခြင်းကို ခွင့်ပြုပြီးဖြစ်ပါကြောင်း၊ ပုဂ္ဂလိက        ဆေးရုံများတွင်       ကိုဗစ်-  ၁၉   ကာကွယ်ဆေး ထိုးနှံ ခြင်းနှင့်ပတ်သက်၍   ကျန်းမာရေး နှင့်    အားကစားဝန်ကြီးဌာနက  ထုတ်ပြန်ထားသည့်  ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးခြင်း   ဆိုင်ရာ   လုပ်ငန်း  လမ်းညွှန်များနှင့်အညီ လိုက်နာ       ဆောင်ရွက်သွားရန်     လိုအပ်မည်        ဖြစ်ပါကြောင်း၊ အစိုးရ-ပုဂ္ဂလိက    ပူးပေါင်း ဆောင်ရွက်နိုင်မှု   အားကောင်း လာသည်နှင့် အမျိုးသားကျန်း မာ ရေး    စောင့်ရှောက်မှုစနစ်တွင် အထောက်အကူ     ဖြစ်စေကာ ပြည်သူလူထုအတွက်    အရည် အသွေးပြည့်  ကျန်းမာရေးစောင့် ရှောက်မှုများ  ဆောင်ရွက်ပေး နိုင်မည်ဖြစ်သည်ကို    ယုံကြည်ပါ ကြောင်း မှာကြားသည်။


ယင်းနောက်      မြန်မာနိုင်ငံ  ပုဂ္ဂလိကဆေးရုံများ အသင်းဥက္ကဋ္ဌ ဒေါက်တာထင်ပေါ်က     အသင်း အနေဖြင့် လက်ရှိဆောင်ရွက်နေမှု နှင့်   ဆက်လက်ဆောင်ရွက်သွား မည့် အစီအစဉ်များ၊      အလုပ် အမှုဆောင်      အဖွဲ့ဝင်များက    ဝိုင်းဝန်းဆွေးနွေးချက်များအပေါ် ပြည်ထောင်စုဝန်ကြီး၊      ဒုတိယ ဝန်ကြီးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များက  ပြန်လည် ဆွေးနွေးခဲ့ကြပြီး    ပြည်ထောင်စု ဝန်ကြီးက  နိဂုံးချုပ်အမှာစကား ပြောကြားသည်။        

 

သတင်းစဉ်