ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း (၁၅)ကြိမ်မြောက် အာဆီယံကျန်းမာရေး ဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ ဆက်လက်တက်ရောက်

 

နေပြည်တော်   မေ   ၁၅


(၁၅) ကြိမ်မြောက်  အာဆီယံကျန်းမာရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ၏   ဒုတိယနေ့ကို  မေ ၁၅ ရက် နေ့လယ်ပိုင်းတွင် အင်ဒိုနီးရှားနိုင်ငံ ဘာလီမြို့  CONRAD   HOTEL   BALI  ၌   ဆက်လက်ကျင်းပသည်။

 


အဆိုပါ   အစည်းအဝေး  နေ့လယ်ပိုင်း ပထမပိုင်းအစီအစဉ်တွင်  (၈)  ကြိမ်မြောက် အာဆီယံ-တရုတ် ကျန်းမာရေးဝန်ကြီးများ အစည်းအဝေးကို  “ကပ်ရောဂါများ ပြင်ဆင် တုံ့ပြန်ရာတွင်  One  Health  Approach နည်းလမ်းအသုံးပြုရေး” “Promoting One Health   Approach  to  Prepare   and Respond to Pandemic”  ခေါင်းစဉ်ဖြင့် ကျင်းပရာ  ပြည်ထောင်စုဝန်ကြီး  ဒေါက်တာ သက်ခိုင်ဝင်း   အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ National Health Commission မှ ဝန်ကြီး၊ ဒုတိယဝန်ကြီးတို့တက်ရောက်ခဲ့ကြသည်။ 

 


ပြည်ထောင်စုဝန်ကြီး       ဒေါက်တာ သက်ခိုင်ဝင်းက    ဆွေးနွေးပြောကြားရာတွင် ကိုဗစ်-၁၉ ကဲ့သို့ ကူးစက်ရောဂါများ ထိရောက် အောင်မြင်စွာ     ထိန်းချုပ်နိုင်ရေးအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အကူအညီဖြင့် မြန်မာနိုင်ငံတွင် ကူးစက်ရောဂါထိန်းချုပ်မှုဗဟို ဌာန (Myanmar  Center  for  Disease Control) တည်ဆောက်ခြင်း၊   ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ၊  ဆေးနှင့် ဆေး ပစ္စည်းများ လှူဒါန်းခြင်းများအတွက် တရုတ် ပြည်သူ့သမ္မတနိုင်ငံအား  ကျေးဇူးတင်ရှိပါ ကြောင်း၊ အဆိုပါ  ကူးစက်ရောဂါထိန်းချုပ်မှု ဗဟိုဌာန တည်ဆောက်ပြီးစီးပါက  မြန်မာနိုင်ငံ ၏ ကူးစက်ရောဂါ   ကာကွယ်ထိန်းချုပ်ရေး  လုပ်ငန်းများနှင့်စပ်လျဉ်း၍    ကျန်းမာရေး ဝန်ကြီးဌာနအပြင်    အခြားဆက်စပ်ဝန်ကြီးဌာန များပါ အသုံးပြုနိုင်မည့် သိပ္ပံနည်းကျ သတင်း အချက်အလက်များ၊ အကြံပြုချက်များ  ပံ့ပိုး ပေးနိုင်မည့်အပြင်  ရောဂါပိုးများအား ဓာတ်ခွဲ စမ်းသပ် စစ်ဆေးခြင်းများလည်း ဆောင်ရွက် ပေးနိုင်မည်ဖြစ်ပါကြောင်း၊ ဒေသတွင်း နိုင်ငံ များရှိ  ကူးစက်ရောဂါ ထိန်းချုပ်မှုဌာနများနှင့် လည်း အပြန်အလှန် ချိတ်ဆက်ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊  လက်ရှိဖြစ်ပွားလျက် ရှိသော ကိုဗစ်-၁၉ကပ်ရောဂါနှင့် နောင်ကာလ တွင်   ဖြစ်ပွားလာနိုင်သည့် ကပ်ရောဂါများ အတွက် “One Health Approach” ဖြင့် တိရစ္ဆာန်များတွင် ဖြစ်ပွားသော ရောဂါပိုးမွှား များအား  စောင့်ကြည့်လေ့လာ၍   သတင်း အချက်အလက်များ၊   ရောဂါကူးစက်သည့် နည်းလမ်းများကို  လျင်မြန်စွာဖြန့်ဝေခြင်းဖြင့်    လူသားများတွင်       တွေ့ကြုံနိုင်သည့် ကပ်ဘေးအန္တရာယ်များအား လျှော့ချနိုင်မည် ဖြစ်ပါကြောင်း ပြောကြားပြီး (၈)ကြိမ်မြောက် အာဆီယံ-တရုတ် ကျန်းမာရေးဝန်ကြီးများ အစည်းအဝေးပူးတွဲကြေညာစာတမ်း အတည် ပြုထုတ်ပြန်ခြင်းကို    ဆောင်ရွက်ခဲ့ကြသည်။

 


ဆက်လက်၍  ဒုတိယပိုင်း   အစီအစဉ် အဖြစ်  အာဆီယံ-အမေရိကန်  ကျန်းမာရေး ဝန်ကြီးများ  အစည်းအဝေးကို  “ပြည်သူ့ ကျန်းမာရေးအရေးပေါ်   အခြေအနေများ အတွက်  ကျန်းမာရေးစနစ် တောင့်တင်းခိုင်မာ စေရန်     အာဆီယံ-အမေရိကန်      ပူးပေါင်း ဆောင်ရွက်ရေး” “Charting  ASEAN-US Future Collaboration towards Strengthe-ning Health Systems for Public Health Emergencies”  ခေါင်းစဉ် ဖြင့်     ကျင်းပခဲ့ရာ    ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့်   အမေရိကန် နိုင်ငံမှ Secretary of U.S Department of Health and Human Services တို့ တက် ရောက်သည်။ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းက ဆွေးနွေး ပြောကြားရာတွင် ပြည်သူ့ကျန်းမာရေးအရေးပေါ်   အခြေအနေ များတွင်  ကျန်းမာရေးစနစ်   တောင့်တင်း ခိုင်မာမှု၏    အရေးကြီးသည့် အခန်းကဏ္ဍမှ     ပါဝင်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး       ကောင်စီ၏   ရှေ့လုပ်ငန်းစဉ်  (၅)  ရပ် အနက် “လတ်တလော ဖြစ်ပွားနေဆဲဖြစ်သည့် ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို     အရှိန်အဟုန် မပျက်   ထိထိရောက်ရောက်  ဆက်လက် ဆောင်ရွက်သွားမည်” ဟူသော လုပ်ငန်းစဉ်နှင့် အညီ ကိုဗစ်-၁၉ ကပ်ရောဂါအတွင်း ရောဂါ ကူးစက်ပြန့်ပွားမှုများ    ထိန်းချုပ်ရေးနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေး  ထိုးလုပ်ငန်းများ    ဆောင်ရွက်လျက်        အစွမ်းကုန်ကြိုးစား ဆောင်ရွက်ခဲ့ပါကြောင်း၊ ပြည်သူများ    လိုအပ် သော     ကျန်းမာရေးစောင့်ရှောက်မှုများ   ပေးရာတွင်  အခက်အခဲများစွာ      ကြုံတွေ့ရ ခြင်းများရှိပါကြောင်း၊ အထူးသဖြင့်  ကျန်းမာ ရေးစောင့်ရှောက်မှုပေးရာဌာနများ၊ ကာကွယ် ဆေးထိုးနေရာများတွင်    ကျန်းမာရေး ဝန်ထမ်းများအား  အကြမ်းဖက်အဖွဲ့အစည်း များမှ တိုက်ခိုက်မှုများခံရခြင်းများ ကြုံတွေ့ နေရခြင်းများရှိပါကြောင်း၊  သို့သော်လည်း     မိမိတို့အနေဖြင့်   ကျန်းမာရေး စောင့်ရှောက်မှု များ    ပေးနိုင်ရေးကြိုးစား ဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ ကပ်ရောဂါကို     ကောင်းမွန်စွာ ထိန်းချုပ်နိုင်ခဲ့ပြီး    ယခုအခါ    ကိုဗစ်-၁၉  ကာကွယ်ဆေး   ထိုးနှံခြင်းများကို     မူလ သတ်မှတ်ထားသော   ဦးစားပေး အုပ်စုများ   သာမက  မသန်စွမ်းသူများ၊  တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ရှိရာဒေသများ၊ ရွှေ့ပြောင်းအုပ်စုများရှိရာ        နေရာများပါ      တိုးချဲ့ထိုးပေးနေသည့်အပြင်  နောက်လာမည့်   အပတ်များတွင် အသက် ၁၂  အထက်ကလေး များ  ထိုးပေးနိုင်ရေး   ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ လူသားချင်းစာနာထောက်ထားမှု အကူအညီများနှင့် ပတ်သက်၍ မြန်မာနိုင်ငံသို့ အာဆီယံလူသားချင်း   စာနာထောက်ထားမှု အကူအညီပေးအပ်ရေး    ညှိနှိုင်းမှုဗဟိုဌာန (ASEAN   Coordinating  Centre   for Humanitarian  Assistance  on  Disaster Management- AHA Centre) မှ တစ်ဆင့် လူသားချင်းစာနာထောက်ထားမှု အကူအညီ ပေးအပ်ခြင်းများကို မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းနှင့်အတူ    အောင်မြင်စွာ    ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အပြင်  ဆက်လက်၍ လည်း    ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်း၊ ကူးစက်ရောဂါများ ကူးစက်မှုသည် ဧရိယာနယ်ပယ်ကန့်သတ်ထားခြင်း မရှိသည့် အတွက် အာဆီယံဒေသတွင်းနိုင်ငံများသာမက ကမ္ဘာ့နိုင်ငံများအားလုံး     လက်တွဲညီညီ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါ၍  နိုင်ငံတစ် နိုင်ငံအား ချန်ထားခဲ့ခြင်းအားဖြင့် ဒေသတွင်း ကူးစက်ရောဂါ ကာကွယ်နိမ်နှင်းရေးလုပ်ငန်း များအောင်မြင်မှုရရှိမည်  မဟုတ်ပါကြောင်း  ဆွေးနွေးပြောကြားပြီး အာဆီယံ-အမေရိကန် ကျန်းမာရေးဝန်ကြီးများ အစည်းအဝေး ပူးတွဲ ကြေညာစာတမ်းများအား အတည်ပြုထုတ်ပြန် ခြင်းတို့ ဆောင်ရွက်ခဲ့ကြသည်။

 


အဆိုပါ အစည်းအဝေးများသို့  အာဆီယံ နိုင်ငံများ၊    တရုတ်ပြည်သူ့   သမ္မတနိုင်ငံ၊ အမေရိကန်နိုင်ငံတို့မှ ကျန်းမာရေးဝန်ကြီးများ၊ ဒုတိယ ဝန်ကြီးများနှင့် အဆင့်မြင့်အရာရှိကြီး များ၊        အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ဒုတိယအထွေထွေ     အတွင်းရေးမှူးချုပ်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊  မြန်မာနိုင်ငံ  ကျန်းမာရေး ဝန်ကြီးဌာနမှ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်  ဒေါက်တာမြင့်မြင့်သန်း၊  ပြည်တွင်း  ပြည်ပ ဆက်ဆံရေးနှင့် သတင်း ပြန်ကြားရေးဌာနခွဲ လက်ထောက် အတွင်းဝန် ဒေါက်တာရဲမင်းထွေးနှင့်     တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။            

 

သတင်းစဉ်