ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း ဝါသီးနှံကဏ္ဍတည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက်  Stakeholders များ ပါဝင်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့  တက်ရောက်အမှာစကားပြောကြား

 

 

နေပြည်တော်   မေ   ၁၀
ဝါသီးနှံကဏ္ဍ      တည်ငြိမ်ရေး နှင့်   ဖွံ့ဖြိုးတိုးတက်ရေးအတွက် Stakeholders များပါဝင်သည့် ညှိနှိုင်းအစည်းအဝေးကို  ယနေ့ နံနက် ၁၀ နာရီတွင် စီးပွားရေးနှင့်  ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာန     အစည်းအဝေးခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပသည်။
 ဝါသီးနှံကဏ္ဍတိုးတက်ရေး
အစည်းအဝေးတွင်   ပြည် ထောင်စု   ဝန်ကြီး   ဒေါက်တာ ပွင့်ဆန်းက ဝါသီးနှံကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးအတွက်   စိုက်ပျိုး ထုတ်လုပ်သူတောင်သူ၊ ဝါကြိတ် စက်လုပ်ငန်းရှင်များမှအစ ပြည်ပ တင်ပို့သည့် Exporter များအထိ သင့်တင့်မျှတသည့် ဈေးနှုန်းများ၊ ထိုက်သင့်သည့်   အကျိုးအမြတ် များရရှိစေရေး  ဆောင်ရွက်ပေး လျက်ရှိပါကြောင်း၊ တက်ရောက် လာကြသည့်     ဌာနများနှင့် သက်ဆိုင်ရာ  အသင်းအဖွဲ့များမှ ဝါသီးနှံကဏ္ဍ  ဖွံ့ဖြိုးတိုးတက်ရေး အတွက်  ကဏ္ဍအလိုက်  ပွင့်ပွင့် လင်းလင်းဆွေးနွေးပေးကြစေလို ပါကြောင်း၊   အခက်အခဲများရှိပါ ကလည်း   သက်ဆိုင်ရာဝန်ကြီး ဌာနများက  ပံ့ပိုးကူညီဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း   ပြော ကြားသည်။ 
ဝါဝယ်ယူရန် လျာထားမှု
ထို့နောက်   အစည်းအဝေးသို့ တက်ရောက်လာသူများက ဝါစိုက် ပျိုးထုတ်လုပ်မှု၊   နိုင်ငံပိုင်စက်ရုံ များနှင့်            တိုင်းရင်းသား  ချည်လုပ်ငန်းရှင်များက    ဝါဂွမ်း ဝယ်ယူရရှိမှုနှင့်   ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွက်   ဝယ်ယူရန် လျာထားမှု၊    ပြည်ပတင်ပို့မှုနှင့်   ဝါသီးနှံနှင့်    ဝါဂွမ်းလက်ကျန်    ကျန်ရှိမှုနှင့်ပတ်သက်ပြီး   ဝိုင်းဝန်း ဆွေးနွေးခဲ့ကြပြီး   ပြည်ထောင်စု ဝန်ကြီးက       တင်ပြချက်များ အပေါ်     လိုအပ်သည်များကို   ပေါင်းစပ်   ညှိနှိုင်းဆောင်ရွက်ပေး သည်။ 
အစည်းအဝေးသို့     စက်မှု ဝန်ကြီးဌာန      ဒုတိယဝန်ကြီး၊ စီးပွားရေးနှင့်  ကူးသန်းရောင်းဝယ် ရေး  ဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြား ရေးမှူးချုပ်များ၊     ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ကုန်သည်များ နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၊   မြန်မာနိုင်ငံဝါနှင့် ဝါထွက်ပစ္စည်း  လုပ်ငန်းရှင်များ အသင်း၊ ဝါလုပ်ငန်းနှင့် ပတ်သက် သည့် အသင်းအဖွဲ့များနှင့် ဝါဂွမ်း တင်ပို့သည့်   Exporter   များ  တက်ရောက်ခဲ့ကြကြောင်း  သိရ သည်။                       သတင်းစဉ်