ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း Japan Myanmar Association ၏ Chairman, Mr. Watanabe Hideo ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို လက်ခံတွေ့ဆုံ

 

နေပြည်တော်   မေ  ၄     


စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ပွင့်ဆန်းသည် Japan Myanmar Association ၏ Chairman, Mr. Watanabe Hideo ဦးဆောင်သည့်  ကိုယ်စားလှယ်အဖွဲ့ကို ယနေ့ မွန်းလွဲပိုင်းက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

 


တွေ့ဆုံစဉ် သီလဝါအထူးစီးပွားရေးဇုန် ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့ဆက်လက်ဆောင်ရွက်သွားမည့်   အစီအစဉ်များနှင့် ဂျပန်-မြန်မာ နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည့် ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ 


သတင်းစဉ်