ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ “Shaping the Future” ပညာရေးဖိုရမ် တက်ရောက်

 

နေပြည်တော်   ဇွန်   ၉


ပညာရေးဝန်ကြီးဌာန       ပြည် ထောင်စုဝန်ကြီး     ဒေါက်တာ ညွန့်ဖေသည် ယမန်နေ့က ရုရှား ဖက်ဒရေးရှင်းနိုင်ငံ    ကာဇန်မြို့  IT Park  ၌  ကျင်းပသော “Shap-ing the Future” ပညာရေးဖိုရမ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် ခဲ့သည်။

 


ဖွင့်ပွဲအခမ်းအနားတွင် ရုရှား သမ္မတ   ဗလာဒီမာပူတင်က virtual   စနစ်ဖြင့်   အဖွင့်အမှာ စကားပြောကြားသည်။
ထို့နောက်     ပြည်ထောင်စု ဝန်ကြီးသည်     မျက်နှာစုံညီ အစည်းအဝေး Plenary Session ပထမပိုင်းနှင့်     ဒုတိယပိုင်း   အစီ အစဉ်များကို  တက်ရောက်ခဲ့သည်။

 


ညနေပိုင်းတွင် ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ညွန့်ဖေသည် Federal University တွင်   ရုရှား ဖက်ဒရေးရှင်း  သိပ္ပံနှင့် အဆင့်မြင့် ပညာဆိုင်ရာ   ပညာရေးဝန်ကြီး FALKOV Valeriy ၊ ဒုတိယဝန်ကြီး MOGILEVSKIY KONSTANTIN၊  Kazan Federal University မှ ပါမောက္ခချုပ်   SAFIN Lenar ၊ TERA-SHKEVICH   Sergey   (Deputy   Director  of  the Department of International Cooperation of the Ministry of Education)၊   SHUMEYKINA Margarita(Counsellor of the Department of International Cooperation)  တို့နှင့်   သွား ရောက်တွေ့ဆုံကာ ပညာသင်ဆု ပေးအပ်ရေးဆိုင်ရာ ကိစ္စရပ်များ၊ မြန်မာနိုင်ငံ ပညာရေးဝန်ကြီးဌာန ၏ အခြေခံပညာကဏ္ဍ၊ အဆင့်မြင့် ပညာကဏ္ဍ၊ ဆရာအတတ်ပညာ ကဏ္ဍများတွင် ပိုမိုပူးပေါင်းဆောင် ရွက်ရေးကိစ္စရပ်များကို    ရင်းနှီး ပွင့်လင်းစွာ  ဆွေးနွေးခဲ့ကြသည်။

 


ညပိုင်းတွင်    ပြည်ထောင်စု ဝန်ကြီးသည်   Kazan Palace ဟိုတယ်၌ တည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့     တက်ရောက်ခဲ့ ကြောင်း သိရသည်။    

သတင်းစဉ်