ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ရန်ကုန်တက္ကသိုလ်နှင့် အခြေခံပညာကျောင်းများ ကြည့်ရှုစစ်ဆေး

 

ရန်ကုန်   ဖေဖော်ဝါရီ   ၈
ပညာရေးဝန်ကြီးဌာန     ပြည် ထောင်စုဝန်ကြီး      ဒေါက်တာ ညွန့်ဖေသည်    တာဝန်ရှိသူများ နှင့်အတူ   ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တက္ကသိုလ်သို့ ရောက်ရှိပြီး ကျောင်းဝင်းအတွင်း  လှည့်လည် ကြည့်ရှုစစ်ဆေးသည်။ 
ထို့နောက်     ပြည်ထောင်စု ဝန်ကြီးသည်    ရန်ကုန်တက္ကသိုလ် သုတေသနနှင့်       တီထွင်ဆန်း သစ်မှုဆိုင်ရာစင်တာ (Center for Research and Innovation) ရှိ Innovative Biophysics Lab၊ Molecular Lab နှင့် Fish Nutrition Laboratory      ခန်းများတွင် အသုံးပြုလျက်ရှိသည့် စက်ပစ္စည်း များကို ကြည့်ရှုစစ်ဆေးပြီး လိုအပ် သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးသည်။
ယင်းနောက်   ပြည်ထောင်စု ဝန်ကြီးနှင့် အဖွဲ့သည် ကမာရွတ် မြို့နယ် ပြည်လမ်းရှိ လေ့ကျင့်ရေး အထက်တန်းကျောင်း  (TTC)  သို့ ရောက်ရှိပြီး ဆရာ  ဆရာမများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက် ကာ ကျောင်းဥပဓိရုပ် ကောင်းမွန် ရေးနှင့်    သန့်ရှင်းသာယာရေး ဆောင်ရွက်ထားမှုကို လှည့်လည် ကြည့်ရှုစစ်ဆေး၍   လိုအပ်သည် များ   ဖြည့်ဆည်းဆောင်ရွက်ပေး သည်။ 
ဆက်လက်၍     ကမာရွတ် မြို့နယ်  အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းနှင့်  ဗဟန်း မြို့နယ်  အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းတို့သို့ သွား ရောက်ပြီး  ဆရာ  ဆရာမများနှင့် တွေ့ဆုံနှုတ်ဆက်ကာ သင်ကြား သင်ယူမှု ကိစ္စရပ်များ၊  စီမံကိစ္စရပ် များအတွက်    လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးသည်။ 
ထို့ပြင် ပြည်ထောင်စုဝန်ကြီး သည်        ယနေ့နံနက်ပိုင်းက မွန်ပြည်နယ် သထုံခရိုင် ပေါင်မြို့ နယ်     နတ်ကြီးချောင်ကျေးရွာ၌ ကျင်းပသည့် ၂၀၂၃ - ၂၀၂၄ ပညာ သင်နှစ် အခြေခံပညာအထက်တန်း ကျောင်း       (နတ်ကြီးချောင်) ကျောင်းဆောင်သစ်   ဖွင့်ပွဲအခမ်း အနားသို့    တက်ရောက်ဖဲကြိုး ဖြတ်ဖွင့်လှစ်ပေးပြီး ကျောင်းဝင်း အတွင်း     လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း    သတင်းရရှိ သည်။                   သတင်းစဉ်