ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ နေပြည်တော် ဇေယျာသီရိမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်ရှိ အခြေခံပညာကျောင်းများ လှည့်လည်ကြည့်ရှုစစ်ဆေး

 

 

နေပြည်တော်   ဩဂုတ်   ၃၀


ပညာရေးဝန်ကြီးဌာန            ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီး ဒေါက်တာ ဇော်မြင့်၊     ဦးဇော်ဝင်းတို့နှင့်အတူ   ယနေ့နံနက် ၉ နာရီတွင်    နေပြည်တော်   ဇေယျာသီရိမြို့နယ် အမှတ်(၁)  အခြေခံပညာအထက်တန်းကျောင်း၌ တာဝန်ခံကျောင်းအုပ်များ၊   ကျောင်းအကျိုးတော် ဆောင်များ၊ ဆရာဆရာမများနှင့်တွေ့ဆုံ၍ ကျောင်း များ   ပြန်လည်ဖွင့်လှစ်သည့်အခါ   အေးချမ်းစွာ ပညာသင်ကြား   သင်ယူနိုင်ရေးအတွက်   စီစဉ်  ဆောင်ရွက်ထားမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေး သည်။ 
ကြည့်ရှုစစ်ဆေးစဉ်    ပြည်ထောင်စုဝန်ကြီးက ကျောင်း၌    လိုအပ်ချက်များရှိပါက   စနစ်တကျ တင်ပြ၍ လုပ်ထုံးလုပ်နည်းနှင့်အညီ မြန်မြန်ဆန်ဆန် ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ သင်ကြားရေးနှင့် စီမံခန့်ခွဲရေး အရည်အသွေးတိုးတက် ကောင်းမွန်ရန်     အမြဲကြိုးစားဆောင်ရွက်နေကြရ မည်ဖြစ်ပါကြောင်း၊ ပညာရေးမိသားစုများအနေဖြင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင်   ကိုဗစ်-၁၉   ကပ် ရောဂါ    ကာကွယ်ရေး   စည်းမျဉ်းစည်းကမ်းများကို စနစ်တကျ လိုက်နာကျင့်သုံးကြရမည် ဖြစ်ပါကြောင်း၊ အခက်အခဲများရှိပါက   သတင်းပို့တင်ပြကြရန်နှင့် လိုအပ်ချက်များ အမြန်ဆုံးဖြေရှင်းဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက်        ပြည်ထောင်စုဝန်ကြီးသည် ကျောင်းဆောင်အတွင်းရှိ   စာသင်ခန်းများ၊   သိပ္ပံ လက်တွေ့ခန်းများ၊ အားကစားရုံ၊ အားကစားခန်းမ များ၊ ဘောလုံးကွင်းများကို လိုက်လံကြည့်ရှုစစ်ဆေး ၍ သိပ္ပံလက်တွေ့ခန်းသုံးပစ္စည်းများ ဖြည့်ဆည်းပေး နိုင်ရေး၊ အားကစားရုံ၊ ဘောလုံးကွင်း၊ ပြေးလမ်းပတ် လမ်းများ အဆင့်မြှင့်တင် ဆောင်ရွက်ပေးနိုင်ရေးနှင့် လိုအပ်သည်များဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးတို့ကို မှာကြားသည်၊၊
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် ပုဗ္ဗသီရိ မြို့နယ် အမှတ်(၂၀) အခြေခံပညာ  အထက်တန်း ကျောင်းသို့ သွားရောက်ပြီး ကျောင်းဆောင်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးကာ   ကျောင်းဥပဓိရုပ် ကောင်းမွန်ရေးနှင့် လိုအပ်ချက်များဖြည့်ဆည်းပေး  နိုင်ရေးတို့ကို မှာကြားသည်။ ယင်းနောက် အဆိုပါ ကျောင်း ဆောင်အတွင်း၌ ပြုလုပ်သော အသက် ၆၅ နှစ်နှင့်အထက် မိဘပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်း များ ဒုတိယအကြိမ်မြောက်  ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးနေမှုကို    လှည့်လည်ကြည့်ရှု  အားပေးခဲ့ ကြောင်း သိရသည်။                            
သတင်းစဉ်