ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ မန္တလေးမြို့ရှိ ၂၀၂၂ ခုနှစ် တက္ကသိုလ်၀င်စာမေးပွဲ စတုတ္ထနေ့ ဓာတုဗေဒဘာသာရပ်  ဖြေဆိုနေမှုများကို လှည့်လည်ကြည့်ရှုအားပေး၊ ရတနာပုံတက္ကသိုလ်နှင့် မန္တလာတက္ကသိုလ်တို့မှ ဆရာ ဆရာမများနှင့်တွေ့ဆုံ

 

 

နေပြည်တော်   ဧပြီ   ၄
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ညွန့်ဖေသည် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကို၊   ပညာရေးဝန်ကြီးဌာန  ဒုတိယဝန်ကြီး ဦးဇော်ဝင်း၊  မန္တလေးတိုင်းဒေသကြီး  စီးပွားရေးရာ ဝန်ကြီး၊   လေ့လာဆန်းစစ်အကဲဖြတ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊     မန္တလေးတိုင်းဒေသကြီး ပညာရေးမှူး၊     တာဝန်ရှိသူများနှင့်အတူ      ယနေ့ နံနက်ပိုင်းက မန္တလေးမြို့ရှိ  ၂၀၂၂ ခုနှစ် တက္ကသိုလ် ဝင်စာမေးပွဲ     စာစစ်ဌာနများသို့    သွားရောက်၍ စတုတ္ထနေ့  ဓာတုဗေဒဘာသာ  ဖြေဆိုနေမှုများကို လှည့်လည်ကြည့်ရှု အားပေးသည်။
ဦးစွာ   မန္တလေးမြို့  အောင်မြေသာစံမြို့နယ် အမှတ်(၁)   အခြေခံပညာ  အထက်တန်းကျောင်း စာစစ်ဌာနတွင်  စာမေးပွဲဖြေဆိုမည့်  ကျောင်းသား ကျောင်းသူများအား    ရင်းရင်းနှီးနှီး    တွေ့ဆုံ၍ အားပေးစကား ပြောကြားသည်။ 
လှည့်လည်ကြည့်ရှုအားပေး
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အောင်မြေ သာစံမြို့နယ် အမှတ်(၄) အခြေခံပညာ အထက်တန်း ကျောင်း၊ အမှတ်(၈) အခြေခံပညာ အထက်တန်း ကျောင်း၊   အမှတ်(၁၁)   အခြေခံပညာ  အထက် တန်းကျောင်းရှိ  စာစစ်ဌာနများသို့  လည်းကောင်း၊ မဟာအောင်မြေမြို့နယ် အမှတ်(၁၃) အခြေခံပညာ အထက်တန်းကျောင်း စာစစ်ဌာနသို့ လည်းကောင်း သွားရောက်၍     ကျောင်းသား   ကျောင်းသူများ ဓာတုဗေဒဘာသာရပ် စာမေးပွဲဖြေဆိုနေမှုများနှင့် စာမေးပွဲဆိုင်ရာလုပ်ငန်း  ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုအားပေးသည်။
ယင်းနောက်      ပြည်ထောင်စုဝန်ကြီးသည် ကြီးကြပ်ရေးမှူး၊ လက်ထောက်ကြီးကြပ်ရေးမှူးများ နှင့် တာ၀န်ရှိသူများအား မိမိတို့လိုက်နာဆောင်ရွက် ကြရမည့်    တာဝန်ဝတ္တရားများကို    ကျေပွန်စွာ ဆောင်ရွက်၍  စာမေးပွဲဖြေဆိုသည့်  ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြေဆိုနိုင်ရေး ကူညီဆောင်ရွက်ပေးကြစေလိုကြောင်း၊   စာမေးပွဲ ဖြေစဉ်ကာလအတွင်း      လိုအပ်ချက်များရှိပါက ချက်ချင်းဖြည့်ဆည်း  ဆောင်ရွက်ပေးကြရမည်ဖြစ် ကြောင်း၊     ၂၀၂၂  ခုနှစ်    တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာ ကျင်းပပြီးစီးနိုင်ရေး ဝိုင်း၀န်းကူညီ ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက်       ပြည်ထောင်စုဝန်ကြီးသည် သက်ဆိုင်ရာတာဝန်ရှိသူများအား  စာစစ်ဌာနကျောင်း များ၌    လာမည့်ပညာသင်နှစ်တွင်  ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြား နိုင်ရေးအတွက်  ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး၊ သန့်ရှင်းသာယာရေးလုပ်ငန်းများ ဆောင်ရွက်ထား ကြရန်မှာကြားပြီး လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။ 
ဝန်ထမ်းများနှင့် တွေ့ဆုံ
ဆက်လက်၍      ပြည်ထောင်စုဝန်ကြီးသည် ရတနာပုံတက္ကသိုလ်နှင့်    မန္တလာတက္ကသိုလ်သို့ ရောက်ရှိကာ ပါမောက္ခချုပ်များ၊  ဒုတိယပါမောက္ခချုပ် များ၊  ပါမောက္ခ(ဌာနမှူး)များ၊   ဆရာ ဆရာမများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက တက္ကသိုလ် ဘာသာရပ်များ၊ တန်းခွဲများအားလုံး  မေ ၁၂ ရက် တွင် ပြန်လည်ဖွင့်လှစ်မည်ဖြစ်ရာ ဆရာ ဆရာမများ အနေဖြင့်  သင်ကြားသင်ယူမှုများနှင့် သက်ဆိုင်ရာ ကဏ္ဍများတွင် ဝိုင်းဝန်းလက်တွဲ ဆောင်ရွက်ပေးကြ စေလိုကြောင်း၊       သင်ကြားရမည့်ဘာသာရပ်ကို ကျွမ်းကျွမ်းကျင်ကျင်  တတ်မြောက်ထားရန် လိုအပ် သကဲ့သို့ ကျောင်းသားများကိုလည်း အမှန်တကယ် တတ်မြောက်အောင် သင်ကြားပေးကြစေလိုကြောင်း၊ ကျောင်းသား ကျောင်းသူများကို သင်ကြားပေးရာတွင် စာပေပညာတတ်မြောက်အောင်   သင်ကြားပေးရုံ သာမက စည်းကမ်းရှိအောင် နိုင်ငံချစ်စိတ်၊ မျိုးချစ် စိတ်ရှိစေရန်၊ ယဉ်ကျေးလိမ္မာစေရန်၊ မြန်မာ့ယဉ်ကျေး မှုကို     မြတ်နိုးတန်ဖိုးထားတတ်စေရန်နှင့်   မိဘ၊ ဆရာများအပေါ်  ရိုသေလေးစား တန်ဖိုးထားတတ် စေရန် သင်ကြားပေးကြစေလိုကြောင်း။
ပူးပေါင်းဆောင်ရွက်ကြစေလို
သုတေသနဖွံ့ဖြိုးရေးအတွက်  စာအုပ်စာတမ်း များ၊ WiFi၊ Internet နှင့်  ဓာတ်ခွဲခန်းသုံး ပစ္စည်း ကိရိယာလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊    သုတေသန  Grant  များ ချထားပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ စာပေသင်ကြားရာတွင် မည်သည့်ကျောင်းသားကိုမျှ ဖိနှိပ်ချုပ်ချယ်မှု၊   ဘက်လိုက်မှုမရှိစေဘဲ  တန်းတူ ညီမျှသည့်  ပညာသင်ယူမှုအခွင့်အလမ်းရရှိအောင် သင်ကြားပေးကြစေလိုကြောင်း၊    ပညာရေးဖွံ့ဖြိုး တိုးတက်ရေးအတွက်   ဆရာ ဆရာမများ   ညီညီ ညွတ်ညွတ် ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း   ပြောကြားသည်။
ထို့နောက် ဆရာ ဆရာမများက သိရှိလိုသည်များ ကို မေးမြန်းကြရာ ပြည်ထောင်စုဝန်ကြီးက ပြန်လည် ဆွေးနွေးဖြေကြားပြီး   လိုအပ်သည်များ  ပေါင်းစပ် ညှိနှိုင်း  ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း  သိရ သည်။                                                 
  သတင်းစဉ်