
နေပြည်တော် စက်တင်ဘာ ၅
ပညာရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဒေါက်တာ ညွန့်ဖေသည် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ ညွှန်ကြားရေးမှူးချုပ်များနှင့်အတူ ယနေ့နံနက် ပိုင်းတွင် မိတ္ထီလာပညာရေး ဒီဂရီ ကောလိပ်သို့ သွားရောက်၍ လူငယ် သီတင်းပတ် (Youth Week) အထိမ်းအမှတ် လူငယ်စွမ်းရည် ပြပွဲများကို လှည့်လည်ကြည့်ရှု အားပေးသည်။
ရှေးဦးစွာ ပြည်ထောင်စု ဝန်ကြီးသည် မိတ္ထီလာပညာရေး ဒီဂရီကောလိပ် ကျောင်းသား ကျောင်းသူများ၏ မြန်မာ့သိုင်း၊ Fitness Dance ၊ ကရာတေး သရုပ် ပြသမှုများကို လည်းကောင်း၊ ကျောင်းသား ကျောင်းသူများ ၏ ရေဒုံးပျံ လွှတ်တင်မှုများနှင့် စျေးရောင်း ပွဲတော်ဆိုင်ခန်းများကို လည်းကောင်း လှည့်လည်ကြည့်ရှု အားပေးသည်။
ဆုများချီးမြှင့်
ယင်းနောက် ပညာပါရမီခန်းမ တွင် ဘာသာရပ်အသီးသီးမှ ကျောင်းသား ကျောင်းသူများ၏ ဗလငါးတန်နှင့် ပတ်သက်သော လူငယ်စွမ်းရည် သရုပ်ဖော် တင်ဆက် ပြသမှုများဖြစ်သည့် “ထီလာမြေ MEDC” သီချင်းဖြင့် သီဆိုကပြမှု၊ “ထွန်တုံးမှ ထိပ်ဆုံး သို့” တစ်ခန်းရပ်ပြဇာတ်၊ The Singing Walrus(Acting Song) သီချင်းဖြင့်အုပ်စုလိုက် တင်ဆက် မှု၊ “မိုးဇာဗျော” သီချင်းဖြင့် သရုပ် ဖော် ကပြတင်ဆက်ခြင်း၊ “လိမ္မာ ယဉ်ကျေးလေ့ကျင့်ပေး” သရုပ် ဖော်တင်ဆက်မှု၊ “MEDC အငြိမ့်” ၏ဖျော်ဖြေတင်ဆင်မှု၊ “ရတနာပုံ” သီချင်းသရုပ်ဖော်အကဖြင့် ဖျော် ဖြေတင်ဆက်မှုတို့ကို ကြည့်ရှု အားပေးကြပြီး အခမ်းအနားအပြီး တွင် ပြည်ထောင်စုဝန်ကြီးက ပါဝင်တင်ဆက်ဖျော်ဖြေသူများကို ဆုများချီးမြှင့်သည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးသည် ကျောင်းသား ကျောင်းသူများ၊ ဆရာ ဆရာမများ အား ရင်းရင်းနှီးနှီးနှုတ်ဆက်၍ အိမ်တွင်းလက်မှုပြခန်းတွင် ပြသ ထားသည့်ပစ္စည်းများကို အားပေး ကြည့်ရှုသည်။
ထိုမှတစ်ဆင့် ပြည်ထောင်စု ဝန်ကြီးသည် မိတ္ထီလာတက္ကသိုလ် သို့ သွားရောက်၍ အဆိုပါတက္က သိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်သည့် “မိတ္ထီလာ တက္ကသိုလ် လူငယ်သီတင်းပတ် အထိမ်းအမှတ် ဗလငါးတန်ဖွံ့ဖြိုး ရေး စွမ်းရည်ပြပွဲ” ကို ကြည့်ရှု အားပေးသည်။
အဆိုပါ စွမ်းရည်ပြပွဲတွင် ရူပဗေဒ ကျောင်းသူလေးများ၏ Physical Fitness Dance သရုပ် ပြပွဲ၊ ကာယဗလမောင် သရုပ်ပြပွဲ၊ သမိုင်း ကျောင်းသူလေးများ၏ Physical Fitness Dance သရုပ် ပြပွဲ၊ လှယဉ်ကျေးမယ်သရုပ်ပြပွဲ၊ ဓာတုဗေဒ ကျောင်းသူလေးများ၏ Physical Fitness Dance သရုပ် ပြပွဲ၊ ကျောင်းသားများ၏ ရိုးရာ ခြင်းအလှခတ် သရုပ်ပြပွဲတို့ကို ကြည့်ရှုအားပေးပြီး စွမ်းရည်ပြပွဲ အပြီးတွင် ပါဝင်တင်ဆက်ကြ သည့် ကျောင်းသား ကျောင်းသူ များကို ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေး မှူးချုပ်များက ဂုဏ်ပြုမှတ်တမ်း လွှာနှင့် ဆုငွေများကို ချီးမြှင့် ကြသည်။
ဖြည့်ဆည်းဆောင်ရွက်ပေး
အလားတူ ပြည်ထောင်စု ဝန်ကြီးသည် မိတ္ထီလာမြို့ အမှတ် (၄) အခြေခံပညာ အထက်တန်း ကျောင်းသို့ သွားရောက်၍ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်း သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံ ကာ စာသင်ခန်းအတွင်း ကျောင်း သား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြား၊ သင်ယူနေမှုများ ကို ကြည့်ရှုအားပေး၍ ကျောင်း အတွက် လိုအပ်သည်များကို ဖြည့် ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်