ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ Innopolis တက္ကသိုလ်နှင့် ကာဇန်မြို့ရှိ အထင်ကရနေရာများသို့ သွားရောက်လေ့လာ

 

နေပြည်တော်    ဇွန်    ၈ 


ရုရှားဖက်ဒရေးရှင်းနိုင်ငံ  ကာဇန် မြို့တွင်ရောက်ရှိနေသော ပညာ ရေးဝန်ကြီးဌာန     ပြည်ထောင်စု ဝန်ကြီး ဒေါက်တာညွန့်ဖေသည် ယမန်နေ့    နံနက်   ၉    နာရီက ဧည့်သည်တော်များနှင့်       အတူ Innopolis    မြို့ရှိ     Innopolis တက္ကသိုလ်သို့     သွားရောက်ပြီး အဆိုပါတက္ကသိုလ်တွင် ပို့ချလျက် ရှိသော ဘွဲ့ကြို၊ ဘွဲ့လွန်သင်တန်း များ၊ ကျောင်းသားအဆောင်များ၊  စားသောက်ဆိုင်များ၊   တက္ကသိုလ် ပရိဝုဏ်အတွင်းရှိ Business Cen-tres  များကို  လှည့်လည်ကြည့်ရှု လေ့လာရာ    တာဝန်ရှိသူများက   လိုက်လံရှင်းလင်း ပြသကြသည်။ 

 


ယင်းနောက်  ပြည်ထောင်စု ဝန်ကြီး ဒေါက်တာညွန့်ဖေသည် Innopolis   တက္ကသိုလ်မှ  ကာဇန် မြို့သို့ ပြန်လည်ထွက်ခွာလာကြပြီး   ကာဇန်မြို့တွင်းရှိ ယူနက်စကို၏ ကမ္ဘာ့ယဉ်ကျေးမှု     အမွေအနှစ် စာရင်းဝင်ဖြစ်သော          Kazan Kremlin ၊  Mother of God ဘုရား ကျောင်းနှင့် သမိုင်းဝင် အထင်ကရ နေရာများသို့ သွားရောက်လေ့လာ ကြရာ သက်ဆိုင်ရာတာဝန်ရှိသူ များက   လိုက်လံရှင်းလင်း   ပြသ ကြသည်။

 


ညနေပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးနှင့် ဧည့်သည်တော်များ အား Mirage Hotel, Milli Res-taurant  တွင် ညစာဖြင့် တည်ခင်း ဧည့်ခံခဲ့ကြောင်း သိရသည်။  


သတင်းစဉ်