
နေပြည်တော် ဩဂုတ် ၃၀
တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ကွေ့ကျိုးပြည်နယ် ကွေ့ရမ်မြို့ တွင် ရောက်ရှိနေသော ပြည် ထောင်စုဝန်ကြီး ဒေါက်တာ ညွန့်ဖေ ဦးဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ နံနက်ပိုင်းက ကွေ့ကျိုးတက္ကသိုလ် (Guizhou University)သို့ သွား ရောက်လေ့လာရာ တက္ကသိုလ်မှ တာဝန်ရှိသူများက တက္ကသိုလ်ရှိ စာကြည့်တိုက်၊ လက်တွေ့ခန်း များ၊ တက္ကသိုလ်သမိုင်းပြတိုက် နှင့် တက္ကသိုလ်အတွင်း လိုက်လံ ရှင်းလင်းပြသကြသည်။
ရှင်းလင်းပြောကြား
ထို့နောက် ပြည်ထောင်စု ဝန်ကြီး ဦးဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့နှင့် ကွေ့ကျိုး တက္ကသိုလ်မှ တာဝန်ရှိသူများ တွေ့ဆုံပွဲကို အဆိုပါ တက္ကသိုလ် ဧည့်ခန်းမ၌ ကျင်းပရာ ကွေ့ကျိုး တက္ကသိုလ်မှ တာဝန်ရှိသူများက တက္ကသိုလ်ဆိုင်ရာ အချက်အလက် များကို ရှင်းလင်းပြောကြားပြီး ကွေ့ကျိုးတက္ကသိုလ်နှင့် ပညာရေး ဝန်ကြီးဌာနရှိ တက္ကသိုလ်များ အကြား ပညာရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စများကို ဆွေးနွေးခဲ့ကြသည်။
သွားရောက်လေ့လာ
မွန်းလွဲပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် ကွေ့ကျိုး ပါ့လင်ကြိုးတံတား ပြတိုက်သို့ သွားရောက်လေ့လာခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်