
နေပြည်တော် မတ် ၃၁
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီးများ ဖြစ်ကြ သော ဒေါက်တာဇော်မြင့်၊ ဦးဇော်ဝင်း၊ အမြဲတမ်း အတွင်းဝန် ဒေါက်တာစိုးဝင်း၊ အခြေခံပညာဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာသွင်နှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော် အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်းရှိ ၂၀၂၂ နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ စာစစ်ဌာနသို့ ရောက်ရှိ ပြီး တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပထမနေ့ မြန်မာစာ ဘာသာဖြေဆိုနေမှုများကို လှည့်လည်ကြည့်ရှုပြီး သက်ဆိုင်ရာတာဝန်ရှိသူများအား ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုကြ သည့် ကျောင်းသား ကျောင်းသူများ စည်းကမ်းရှိစွာ ဖြင့် စိတ်အေးချမ်းသာစွာ စာမေးပွဲဖြေဆိုနိုင်ရေး၊ ကြီးကြပ်ရေးမှူး၊ လက်ထောက်ကြီးကြပ်ရေးမှူးများ လိုက်နာဆောင်ရွက်ကြရမည့် တာဝန်ဝတ္တရားများကို ကျေပွန်စွာဆောင်ရွက်၍ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်စွာ ကျင်းပပြီးစီးနိုင်ရေး ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြရန် မှာကြားသည်။
တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပထမနေ့ မြန်မာစာ ဘာသာရပ်အား မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ပြည်တွင်း စာစစ်ဌာန ၁၂၃၈ ခုနှင့် နိုင်ငံခြားစာစစ်ဌာန ၂၀ ၊ စာစစ်ဌာန စုစုပေါင်း ၁၂၅၈ ခု တွင် စာမေးပွဲဖြေဆိုရန် စုစုပေါင်း ၃၁၂၄၂၄ ဦး စာရင်းပေးသွင်းကြပြီး ၂၈၁၇၄၁ ဦး ဝင်ရောက်ဖြေဆိုကြသည်။
နေပြည်တော်ကောင်စီနယ်မြေတွင် စာစစ်ဌာန စုစုပေါင်း ၅၂ ခုတွင် စာမေးပွဲဖြေဆိုရန် စုစုပေါင်း ၁၇၂၂၈ ဦးစာရင်းပေးသွင်းကြပြီး ၁၆၁၀၉ ဦး ဝင်ရောက်ဖြေဆိုကြကြောင်း သိရသည်။
သတင်းစဉ်