ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီးအား လက်ခံတွေ့ဆုံ

 

နေပြည်တော်    စက်တင်ဘာ    ၁၉


သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E Mr. Vinay Kumar အား ယနေ့နံနက် ၉ နာရီခွဲက နေပြည်တော်ရှိ အဆိုပါ ဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။


ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံ နှင့် အိန္ဒိယနှစ်နိုင်ငံအကြား ပူးပေါင်း ဆောင်ရွက်မှုအဖြစ် ဖွင့်လှစ်ထား သော        မြန်မာသတင်းအချက် အလက်    နည်းပညာတက္ကသိုလ် ၌       သင်ကြားသင်ယူမှုဆိုင်ရာ ကိစ္စရပ်များ၊       သတင်းအချက် အလက်နှင့် ဆက်သွယ်ရေး  နည်း ပညာကဏ္ဍတို့တွင်  လူသားအရင်း အမြစ် ပြုစုပျိုးထောင်ခြင်းများကို  ပိုမိုတိုးတက်အောင် ဆောင်ရွက် သွားမည့် အခြေအနေများ၊ အိန္ဒိယ နိုင်ငံရှိ India Institute of Infor-mation Technology – Bangalore (IIIT-B) နှင့် တက္ကသိုလ်အချင်းချင်း  ဆက်လက် ပူးပေါင်းဆောင်ရွက် နိုင်မည့် အခြေအနေများ၊ မြန်မာ နိုင်ငံအတွက်        အရေးပါသော  ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်နှင့်  အီလက်ထရောနစ်    နည်းပညာ ကဏ္ဍ၊ ဇီဝနည်းပညာကဏ္ဍတို့တွင်  ပူးပေါင်းဆောင်ရွက်မည့်     အစီ အစဉ်များ၊ နှစ်နိုင်ငံတက္ကသိုလ်များ အကြား Joint Degree Progr-amme များ ဆောင်ရွက်ရေး ကိစ္စ ရပ်များ၊ သုတေသနဖွံ့ဖြိုးတိုးတက် မှုအတွက် ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်များ၊ ကျွမ်းကျင်ပညာရှင် များနှင့် လူငယ်သိပ္ပံပညာရှင်များလာရောက်ခြင်းနှင့်       ဘွဲ့ကြို၊  ဘွဲ့လွန်    ကျောင်းသား    ကျောင်း သူများ     ပညာတော်သင်ရရှိရေး Joint Working Group ဖွဲ့စည်း၍ စဉ်ဆက်မပြတ်  ဆောင်ရွက်ရေး တို့ကို ရင်းနှီးပွင့်လင်းစွာ ညှိနှိုင်း ဆွေးနွေးကြသည်။


တွေ့ဆုံပွဲသို့   သိပ္ပံနှင့်  နည်း ပညာဝန်ကြီးဌာန       အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် များနှင့်    တာဝန်ရှိသူများ   တက် ရောက်ကြကြောင်း သိရသည်။   


သတင်းစဉ်