
နေပြည်တော် ဇွန် ၁၈
သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်သည် တာဝန်ရှိသူ များနှင့်အတူ ဇွန် ၁၇ ရက်နှင့် ၁၈ ရက်တို့တွင် ဧရာဝတီတိုင်း ဒေသကြီး မအူပင်မြို့ရှိ နည်းပညာ တက္ကသိုလ်(မအူပင်)နှင့် ကွန်ပျူတာ တက္ကသိုလ် (မအူပင်) သို့ သွား ရောက် ကြည့်ရှုစစ်ဆေးသည်။
အမှာစကားပြောကြား
ဇွန် ၁၇ ရက် မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဧရာ ဝတီတိုင်းဒေသကြီး လူမှုရေးရာ ဝန်ကြီး ဦးခင်မောင်ကြည်၊ တာဝန် ရှိသူများနှင့်အတူ ကွန်ပျူတာ တက္ကသိုလ် (မအူပင်) အစည်း အဝေးခန်းမ၌ ကျင်းပသည့် နိုင်ငံ တကာ Polytechnic University များအကြောင်း ရှင်းလင်းဆွေးနွေး ပွဲသို့ တက်ရောက်၍ အမှာစကား ပြောကြားသည်။
ထို့နောက် သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာ စိုင်းကျော်နိုင်ဦးက Polytechnic University ၏ သဘောသဘာဝနှင့် ဖြစ်ပေါ်လာ မည့်အားသာချက်များကို ရှင်းလင်း ဆွေးနွေးပြီး တက်ရောက်လာကြ သော ပါမောက္ခချုပ်၊ ဌာနမှူးများ၊ ဆရာ ဆရာမများနှင့် ကျောင်း သား ကျောင်းသူများက သိရှိလို သည်များကို ဆွေးနွေးမေးမြန်းကြ ရာ တာဝန်ရှိသူများက ပြန်လည် ဖြေကြားကြသည်။
ဖြည့်ဆည်းဆောင်ရွက်ပေး
ယင်းနောက် ပြည်ထောင်စု ဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဌာနခန်းများ၊ စာသင်ခန်းများ၊ Lab ခန်းများ၊ စာကြည့်တိုက်၊ ကွန်ပျူတာခန်း၊ ကျောင်းသား ကျောင်းသူ အိပ်ဆောင် တည် ဆောက်ပြီးစီးမှု၊ တက္ကသိုလ်ဝင်း အတွင်း သန့်ရှင်းသာယာရေးနှင့် ဥပဓိရုပ်ကောင်းမွန်ရေး ဆောင် ရွက်ထားရှိမှုတို့ကို လှည့်လည် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည် များကို မှာကြား ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ဇွန် ၁၈ ရက် နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် အဖွဲ့ ဝင်များနှင့်အတူ နည်းပညာ တက္ကသိုလ် (မအူပင်) အစည်း အဝေးခန်းမ၌ ကျင်းပသည့် နိုင်ငံ တကာ Polytechnic University များအကြောင်း ရှင်းလင်းဆွေးနွေး ပွဲသို့ တက်ရောက်၍ အမှာစကား ပြောကြားသည်။
ပြန်လည်ဖြေကြား
ထို့နောက် အမြဲတမ်းအတွင်း ဝန်က Polytechnic University ၏ သဘောသဘာဝနှင့် ဖြစ်ပေါ် လာမည့် အားသာချက်များကို ရှင်းလင်းဆွေးနွေးပြီး တက် ရောက်လာကြသော ပါမောက္ခ ချုပ်၊ ဌာနမှူးများ၊ ဆရာ ဆရာမ များနှင့် ကျောင်းသား ကျောင်းသူ များက သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းကြရာ တာဝန် ရှိသူများက ပြန်လည်ဖြေကြား ကြသည်။
ယင်းနောက် ပြည်ထောင်စု ဝန်ကြီးနှင့် တာဝန်ရှိသူများသည် စာသင်ခန်းများ၊ လက်တွေ့ခန်း များ၊ ကွန်ပျူတာခန်း၊ စက်ပစ္စည်း များ၊ စာကြည့်တိုက်၊ အလုပ်ရုံများ၊ အားကစားရုံနှင့်အားကစားကွင်းများ၊ ကျောင်းသား ကျောင်းသူများ ၏ အိပ်ဆောင်နှင့် တက္ကသိုလ်ဝင်း အတွင်း သန့်ရှင်းသာယာရေးနှင့် ဥပဓိရုပ်ကောင်းမွန်ရေး ဆောင် ရွက်ထားရှိမှုတို့ကို ကြည့်ရှု စစ်ဆေးသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးနှင့် ဧရာဝတီတိုင်းဒေသ ကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း တို့သည် Polytechnic University တွင် ထည့်သွင်းတိုးချဲ့ တည် ဆောက်မည့် ကျောင်းသား ကျောင်းသူအဆောင်၊ Recreation Centre ၊ ဆရာမအပျိုဆောင်၊ ပါမောက္ခအိမ်ရာ၊ ဒုတိယပါမောက္ခ အိမ်ရာ၊ အရာရှိအိမ်ရာများ၏ ဒီဇိုင်းပုံစံများကို ကြည့်ရှုပြီး အနာဂတ်ဖြစ်ပေါ်လာမည့် လိုအပ် ချက်များနှင့်အညီ တင်ပြဆောင် ရွက်ရန် မှာကြားခဲ့ကြောင်း သိရ သည်။ သတင်းစဉ်