ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး ပညာရေးစီမံခန့်ခွဲမှုသင်တန်းတွင် သင်တန်းပို့ချ

 

 

နေပြည်တော် ဇန်နဝါရီ ၁၆

 

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန် ပညာရေးတက္ကသိုလ်မှ အွန်လိုင်းစနစ် ဖြင့် ကျင်းပသည့် ပညာရေးစီမံခန့်ခွဲ မှု (Certificate in Educational Man-agement (CEM))(Batch 1) သင်တန်း တွင် သင်တန်းသား၊ သင်တန်းသူများ အား “Achievements and Chall-enges of the Ministry of Education” ခေါင်းစဉ်ဖြင့် သင်တန်းပို့ချသည်။

 

အွန်လိုင်းစနစ်ဖြင့် ဖွင့်လှစ်

ပညာရေးစီမံခန့်ခွဲမှု သင်တန်း (CEM Batch 1)ကို ရန်ကုန်ပညာရေး တက္ကသိုလ်က ကြီးမှူး၍ ပညာရေး သဘောတရားနှင့် ပညာရေးစီမံခန့်ခွဲမှု ဌာနမှ ဦးစီးစီမံဆောင်ရွက်ပြီး ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၁ ရက်တွင် Zoom App အသုံးပြုကာ အွန်လိုင်း စနစ်ဖြင့် စတင်ဖွင့်လှစ်ပို့ချခဲ့သည်။ ဤသင်တန်းကို ညွှန်ကြားရေးမှူးချုပ် သုံးဦး၊ ပါမောက္ခချုပ် ငါးဦး၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ရှစ်ဦး၊ ဒုတိယ ပါမောက္ခချုပ် ၁၉ ဦး၊ အစိုးရစက်မှု လက်မှုသိပ္ပံကျောင်းအုပ်ကြီး နှစ်ဦး၊ ညွှန်ကြားရေးမှူး ၁၀ ဦးနှင့် အခြေခံ ပညာအထက်တန်း ကျောင်းအုပ်ကြီး သုံးဦး စုစုပေါင်း ၅၀ တက်ရောက် သည်။

ပညာရှင်များ ပူးပေါင်းပို့ချ

ယခုဖွင့်လှစ်သည့် CEM သင်တန်း ၌ ပညာရေးဆိုင်ရာ ဦးဆောင်စီမံ ဆောင်ရွက်ခြင်း၊ လူ့စွမ်းအားအရင်း အမြစ်များကို စီမံခန့်ခွဲခြင်း၊ သုတေ သနနှင့် စီမံကိန်းရေးဆွဲခြင်း၊ ပြုပြင် ပြောင်းလဲမှုဆိုင်ရာ စီမံခန့်ခွဲမှုများနှင့် ဆက်သွယ်ပြောဆိုမှု စွမ်းရည်တို့ကို ပို့ချသည်။ အဆိုပါ သင်တန်းတွင် ရန်ကုန်ပညာရေးတက္ကသိုလ် ပညာရေး သဘောတရားနှင့် ပညာရေးစီမံခန့်ခွဲမှု ဌာနမှ ပညာရှင်များနှင့် ပြင်ပမှ ပညာရှင်များ ပူးပေါင်း၍ ပို့ချသည်။

သင်တန်းတွင် interactive discussion၊ self- directed learning တို့ အသုံးပြု၍ ပို့ချခဲ့ပြီး သက်ဆိုင်ရာ modules အလိုက် assignments ပေး၍ စစ်ဆေးခဲ့သည်။ ပညာရေး စီမံခန့်ခွဲမှုသင်တန်း (CEM Batch 2)ကိုလည်း ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁၈ ရက်တွင် ဖွင့်လှစ်ရန် စီစဉ် ဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံ ပညာရေးပြုပြင်ပြောင်းလဲမှုများကို လက်တွေ့အကျိုးရှိ ထိရောက်ပွင့်လင်း မြင်သာစွာ အကောင်အထည်ဖော် ဆောင်ရွက်ရန်နှင့် ပညာရေးဆိုင်ရာ စိန်ခေါ်မှုများကို စဉ်ဆက်မပြတ် ကျော်လွှားနိုင်စွမ်းရှိသည့် ဆရာ ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်း သား ကျောင်းသူများ၊ ပညာရေးနှင့် သက်ဆိုင်သည့်သူများဖြင့် အရည် အသွေးရှိသည့် ပညာရေးစနစ်ကို စုပေါင်းအားဖြင့် ပူးပေါင်းတာဝန်ယူ အကောင်အထည်ဖော်ဆောင်ရွက်ရန် ရည်ရွယ်ကြောင်း သိရသည်။

သတင်းစဉ်