
နေပြည်တော် ဒီဇင်ဘာ ၂၈
တောင်ငူတက္ကသိုလ်တွင် ကျင်းပသည့် စတုတ္ထအကြိမ်မြောက် မြန်မာနိုင်ငံ ကမ္ဘာမြေသိပ္ပံဆိုင်ရာ ညီလာခံ (Myanmar National Conference on Earth Sciences- MNCES, 2020) ကို ယနေ့နံနက် ၈ နာရီတွင် Virtual စနစ်ဖြင့် ကျင်းပသည်။
ညီလာခံဖွင့်ပွဲ အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ၊ ပညာရေးဝန်ကြီး ဌာနမှ အမြဲတမ်းအတွင်းဝန်၊ ဒုတိယ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေး မှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ မြန်မာနိုင်ငံ ဘူမိသိပ္ပံ အသင်းဥက္ကဋ္ဌ၊ သုတေသနစာတမ်းရှင် များနှင့် ဧည့်သည်တော်များ Vitual စနစ်ဖြင့် တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စု ဝန်ကြီးက မြန်မာနိုင်ငံကမ္ဘာမြေသိပ္ပံဆိုင်ရာ ညီလာခံကို ၂၀၁၇ ခုနှစ်က စတင်ပြီး တစ်နှစ်လျှင် တက္ကသိုလ် တစ်ခုစီရွေးချယ်၍ တစ်ကြိမ်စီ ကျင်းပ လာခဲ့ရာ ယခုနှစ်၌ တောင်ငူတက္ကသိုလ် တွင် စတုတ္ထအကြိမ်မြောက် အောင်မြင် စွာ ကျင်းပနိုင်ခြင်းအတွက် ဝမ်းသာ ဂုဏ်ယူပါကြောင်း၊ တက္ကသိုလ်အသီး သီးရှိ ဘူမိဗေဒပါမောက္ခများ၊ ဆရာ ဆရာမများနှင့် တာဝန်ရှိသူများ၏ ညီညွတ်မှုစွမ်းအားဖြင့် ပူးပေါင်း ဆောင်ရွက်မှုများကို ကျေးဇူးတင် ဂုဏ်ပြုမှတ်တမ်း တင်ပါကြောင်း၊ နည်းပညာဖွံ့ဖြိုးတိုးတက်မှုများနှင့် အတူ၊ ကောင်းကျိုးများနှင့်အတူ၊ သဘာဝဘေး အန္တရာယ်များ၏ စိန်ခေါ် မှုများကို တစ်နေ့ထက် တစ်နေ့ ရင်ဆိုင်လာရသည့်အတွက် ယနေ့ ညီလာခံ၏ ဆောင်ပုဒ်ဖြစ်သော “ဘူမိဗေဒနှင့် ကမ္ဘာမြေသိပ္ပံသတင်း အချက်အလက်များကို ဖော်ထုတ်မျှဝေ ရင်း ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင်ကို ရေရှည်တည်တံ့ ဖွံ့ဖြိုးတိုးတက်ဖို့ အတွက် အတူလက်တွဲဖော်ဆောင် ကြစို့” သည် ယနေ့ ခေတ်ကာလ၏ လိုအပ်ချက်နှင့် အလွန်သင့်လျော် ကိုက်ညီမှုရှိလှပါကြောင်း။
မြန်မာနိုင်ငံကမ္ဘာမြေသိပ္ပံဆိုင်ရာညီလာခံများတွင် တင်သွင်းလာသော သုတေသနစာတမ်းများသည် တစ်နှစ် ထက်တစ်နှစ် ပိုမိုတိုးတက်များပြား လာသည်ကို တွေ့ရှိရပါကြောင်း၊ သုတေသနဆောင်ရွက်မှုသည် ဆရာ ဆရာမအားလုံး၏ တာဝန်ဖြစ်ပါ ကြောင်းနှင့် တာဝန်ခံ တာဝန်ယူမှု ဖြင့် လက်တွေ့ကျပြီး မိမိဒေသ၊ ပြည်ထောင်စုနှင့် ကမ္ဘာကြီးအတွက် အကျိုးပြုနိုင်မည့် အကောင်းဆုံး သုတေသနရလဒ်များ ရရှိနိုင်ရေး ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ၂၀၁၇ ခုနှစ်တွင် သုတေသနစာတမ်း စုစုပေါင်း ၁၀၃ စောင်၊ ၂၀၁၈ ခုနှစ်တွင် ၁၈၄ စောင်၊ ၂၀၁၉ ခုနှစ်တွင် ၁၇၇ စောင်နှင့် ၂၀၂၀ ပြည့်နှစ်တွင် သုတေ သနစာတမ်းပေါင်း ၂၄၀ ကို တင်သွင်း ဖတ်ကြားမည်ဟု သိရှိရသဖြင့် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ ဆွေးနွေး တင်ပြကြမည့် သုတေသနများတွင် ဘူမိသိပ္ပံဘာသာရပ်များ သာမက ကမ္ဘာမြေသိပ္ပံနှင့်ဆက်စပ်နေသည့် ဘာသာရပ်များ ပါဝင်သည်ဟု သိရှိရပါ ကြောင်း၊ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရန် သဘာဝအရင်းအမြစ်များ စူးစမ်းရှာဖွေ မှု၊ စနစ်တကျထုတ်ယူသုံးစွဲမှု၊ ကမ္ဘာ မြေပတ်ဝန်းကျင်ကို ထိခိုက်မှုနည်းနိုင် သမျှနည်းအောင်နှင့် ရေရှည်တည်တံ့ ခိုင်မြဲ၍ ဟန်ချက်ညီသော ဖွံ့ဖြိုး တိုးတက်မှုတို့အတွက် နည်းပညာများ နှင့် ကြိုးစားလေ့လာထားသော သုတေ သနစာတမ်းများကို မျှဝေဖတ်ကြား ဆွေးနွေးကြမည်ဟု သိရှိရသည့် အတွက် အထူးဂုဏ်ယူပါကြောင်း။
သို့ဖြစ်ပါ၍ ညီညွတ်စွာဖြင့် ပူးပေါင်းဆောင်ရွက် စေလိုကြောင်း၊ သုတေသနရလဒ်များကို နိုင်ငံတကာ တက္ကသိုလ်များနှင့် အမြင်ချင်းဖလှယ် ခြင်းဖြင့် ပိုမို၍ လက်တွေ့ကျ ကောင်းမွန်စေရေးနှင့် အခက်အခဲ ပြဿနာများကို လက်တွေ့ကျကျ ဖြေရှင်းနိုင်ရေး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်စေလိုကြောင်း၊ သုတေသန ရလဒ်များကို ကျောင်းသား ကျောင်းသူ များအား လက်ဆင့်ကမ်း သင်ယူစေ ရန်နှင့် အများပြည်သူနှင့် ပုဂ္ဂလိက ကဏ္ဍများကို ဉာဏမူပိုင်ခွင့်များနှင့် အညီ နည်းပညာများကို စနစ်တကျ လွှဲပြောင်းပေးရန် အရေးကြီးပါ ကြောင်း၊ နည်းပညာ ပြောင်းလဲလာမှု၊ ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားခြင်း တို့ကြောင့် ကျောင်းသား ကျောင်းသူ များအား စာသင်ကြားရာ၌ Digital Learning သည် အရေးပါလာသကဲ့သို့ Face to Face Learning သည်လည်း အစားထိုး မရနိုင်သေးပါကြောင်း၊ Face-to-Face Teaching Learning နှင့် Hands-on Training များမှာ High - Touch Learning ဖြစ်ပြီး High-Tech Learning နှင့် လက်တွေ့ ကျကျအကျိုးရှိအောင် ပေါင်းစပ်ကာ ပေါင်းစပ်သင်ယူမှု (Blended Lea-rning) ဆောင်ရွက်ရမည် ဖြစ်ပါ ကြောင်း၊ ထိုသို့ သင်ကြားခြင်းဖြင့် ကျောင်းသား ကျောင်းသူများနှင့် တစ်သက်တာ လေ့လာသင်ယူသူများ အတွက် အသိပညာ၊ ဗဟုသုတ၊ ကျွမ်းကျင်မှု၊ အပြုအမူသဘောထား များ၊ တန်ဖိုးထားမှုများ မြင့်မားလာ ရေးအတွက် လက်ဆင့်ကမ်းမျှဝေ၍ သင်ကြားသင်ယူမှုများ ပြုလုပ်ရန် အလေးအနက်ထား တိုက်တွန်းလို ပါကြောင်း၊၊
ဆရာ ဆရာမများ၏ စွမ်းဆောင် ရည်မြှင့်တင်ခြင်းနှင့် ကျောင်းသား ကျောင်းသူများ ၂၁ ရာစု ကျွမ်းကျင်မှု များ ပြည့်ဝစေရေးအတွက် ပညာရေး ဝန်ကြီးဌာနအနေဖြင့် ASEAN University Network ၊ The Erasmus+ University Network ကဲ့သို့သော နိုင်ငံတကာသိပ္ပံ အဖွဲ့အစည်းများ၊ ပညာရှင်များနှင့် ပူးပေါင်းဆောင်ရွက် ရန် အားပေးလျက် ရှိပါကြောင်းနှင့် စနစ်တကျ ပူးပေါင်းဆောင်ရွက်ရန်၊ ကမ္ဘာမြေသိပ္ပံဆိုင်ရာ ပညာရပ်များ နှင့် အထူးပြုနယ်ပယ်များ သုတေသန ဆောင်ရွက်ရာတွင် သဘာဝအရင်း အမြစ်၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း မြှင့်တင်ရန်နှင့် လက်တွေ့ကျစွာ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ခွင့်ပြုချက်များရယူရန်နှင့် တိုင်းဒေသ ကြီး၊ ပြည်နယ်အစိုးရအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ရန် အရေးကြီးပါ ကြောင်းနှင့် လုပ်ထုံးလုပ်နည်းများ နှင့်အညီ အချိန်ယူဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ အခက်အခဲများနှင့် စိန်ခေါ်မှုများတွေ့ကြုံရပါက ပူးပေါင်း ဆောင်ရွက်၍ သုတေသနရလဒ် ကောင်းများ ရရှိစေရန်နှင့် ဒေသ၊ ပြည်ထောင်စုနှင့် ကမ္ဘာကြီးကို အကျိုး ပြုနိုင်သော သုတေသနများ ပေါ်ပေါက် လာရေး အားပေးလိုပါကြောင်း။
နိဂုံးချုပ်အနေဖြင့် ကမ္ဘာမြေသိပ္ပံ ညီလာခံနှင့် ကမ္ဘာမြေကြီး၏ အသက် သွေးကြောမှာ ရေရှည်တည်တံ့ခိုင်မြဲ ပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက် ရေးပန်းတိုင် (Sustainable Develo-pment Goals - SDGs) ၁၇ ခု ဖြစ်ပါ ကြောင်း၊ SDG-6 Clean Water and Sanitation, SDG-7 Affordable and Clean Energy, SDG-11 Sustainable Cities and Communities, SDG-13 Climate Action, SDG-14 Life Below Water, SDG-15 Life on Land တို့မှာ ကမ္ဘာမြေသိပ္ပံညီလာခံနှင့် များစွာ ဆက်စပ်လျက်ရှိပါကြောင်း၊ မြန်မာ နိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (Myanmar Sustainable Development Plan 2018-2030) တို့နှင့် လိုက်လျောညီထွေမှုရှိ၍ အထောက်အကူဖြစ်စေရန် ပညာရှင် များက လက်တွေ့ကျ အကျိုးရှိ ထိရောက်ပွင့်လင်းမြင်သာမှုရှိသော အရည်အသွေးရှိသည့် သုတေသန လုပ်ငန်းများဆောင်ရွက်ကာ သုတေ သနစာတမ်းများ၊ သုတေသနညီလာခံ များမှတစ်ဆင့် သုတေသနဂျာနယ် များတွင် ပုံနှိပ်ထုတ်ဝေ၍ ရလဒ် နည်းပညာများကို ကျောင်းသား ကျောင်းသူများ၊ စက်ရုံ၊ အလုပ်ရုံ၊ အများပြည်သူနှင့် ပုဂ္ဂလိက ကဏ္ဍများ အကျိုးရှိစေရေးအတွက် မျှဝေပေးနိုင် ပါစေကြောင်းနှင့် အထောက်အကူ ဖြစ်ပါစေကြောင်း ဆုမွန်ကောင်း တောင်းပါကြောင်း၊ ကမ္ဘာမြေသိပ္ပံ ညီလာခံ၏ အောင်မြင်မှုသည် ဘူမိ ဗေဒဘာသာရပ်တွင် အထူးပြုကြသူ များ၊ ဆက်စပ်သူများနှင့် ပညာရှင်များ အားလုံး၏ အောင်မြင်မှုဖြစ်ပါသဖြင့် ဆက်လက် ထိန်းသိမ်းမြှင့်တင်ကြ စေလိုကြောင်းနှင့် သုတေသနရလဒ် ကောင်းများရရှိရေး စွမ်းဆောင်နိုင်ကြ ပါစေကြောင်း ပြောကြားသည်။
ဆက်လက်၍ တောင်ငူတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာတင်ထွန်း၊ မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်းဥက္ကဋ္ဌ ဒေါက်တာ Sone Han တို့က အသီးသီး ကြိုဆိုနှုတ်ခွန်း ဆက်စကားပြောကြား ကာ မြန်မာနိုင်ငံကမ္ဘာမြေသိပ္ပံဆိုင်ရာညီလာခံကျင်းပရေး ကော်မတီဥက္ကဋ္ဌ ဒေါက်တာစောငွေခိုင်က ကမ္ဘာမြေသိပ္ပံ ကော်မတီအကြောင်း အကျဉ်းချုပ် တင်ပြသည်။ အဆိုပါ ညီလာခံကို ဒီဇင်ဘာ ၂၈ ရက်မှ ၂၉ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်