ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့အခြေစိုက် Universa Global ကုမ္ပဏီ တည်ထောင်သူနှင့် စီမံခန့်ခွဲရေးမိတ်ဖက်ဖြစ်သူ Mr. Alexander Borodich ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

 

နေပြည်တော် အောက်တိုဘာ ၁၂


ရင်းနှီးမြှုပ်နှံမှုနှင့်  နိုင်ငံခြားစီးပွား ဆက်သွယ်ရေး     ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဒေါက်တာ ကံဇော်သည်  ရုရှားဖက်ဒရေးရှင်း နိုင်ငံ      မော်စကိုမြို့အခြေစိုက် Universa Global  ကုမ္ပဏီတည် ထောင်သူနှင့် စီမံခန့်ခွဲရေးမိတ်ဖက် ဖြစ်သူ  Mr. Alexander Borodich ဦးဆောင်သည့်    ကိုယ်စားလှယ် အဖွဲ့အား  ယနေ့ နံနက် ၇ နာရီခွဲ တွင်   နေပြည်တော်ရှိ   အဆိုပါ ဝန်ကြီးဌာန၌    လက်ခံတွေ့ဆုံ သည်။ 


ထိုသို့တွေ့ဆုံစဉ်   စီးပွားရေး နှင့်  ရင်းနှီးမြှုပ်နှံမှု အလားအလာ များနှင့်  ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များအပေါ်     အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ကြသည်။ 


အဆိုပါ   တွေ့ဆုံပွဲသို့   ရင်းနှီး မြှုပ်နှံမှုနှင့်       နိုင်ငံခြားစီးပွား ဆက်သွယ်ရေး       ဝန်ကြီးဌာန မှ    အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ကြသည်။ 


သတင်းစဉ်