ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် ရုရှား-မြန်မာချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်းဥက္ကဋ္ဌ မစ္စတာအန်နာသိုလီ ဘူးလော့ချ်နိကော့ ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

 

နေပြည်တော်    စက်တင်ဘာ   ၂၇ 


ရင်းနှီးမြှုပ်နှံမှုနှင့်   နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်သည် ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့်    ပူးပေါင်းဆောင်ရွက်ရေးအသင်း ဥက္ကဋ္ဌ မစ္စတာအန်နာသိုလီ ဘူးလော့ချ်နိကော့ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား  ယနေ့ နံနက် ၈ နာရီခွဲတွင် နေပြည်တော်ရှိ   ရင်းနှီးမြှုပ်နှံမှုနှင့်   နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနရုံးအမှတ်(၁)၌ လက်ခံတွေ့ဆုံသည်။


အမြင်ချင်းဖလှယ် ဆွေးနွေး


ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်း များ၊  ရင်းနှီးမြှုပ်နှံနိုင်မည့်  အလားအလာများနှင့်  ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းစဉ်များနှင့်    စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။


တက်ရောက် 


အဆိုပါ တွေ့ဆုံပွဲသို့   ရင်းနှီး မြှုပ်နှံမှုနှင့်  နိုင်ငံခြားစီးပွားဆက် သွယ်ရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။   


သတင်းစဉ်