ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

 

နေပြည်တော်  ဇန်နဝါရီ  ၁၇  


ရင်းနှီးမြှုပ်နှံမှုနှင့်   နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး  ဒေါက်တာ  ကံဇော်သည်    မြန်မာနိုင်ငံဆိုင်ရာ    ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး    Mr. Iskander Azizov   ဦးဆောင်သောအဖွဲ့ကို  ယနေ့နံနက်  ၉  နာရီတွင် နေပြည်တော်ရှိ  ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန  ရုံးအမှတ်(၁)၌  လက်ခံ တွေ့ဆုံသည်။


ရင်းနှီးပွင့်လင်းစွာဆွေးနွေး


တွေ့ဆုံစဉ်  နှစ်နိုင်ငံအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊  ကုန်သွယ် ရေးနှင့်   ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များကို   ရင်းနှီးပွင့်လင်းစွာ  ဆွေးနွေး ခဲ့ကြသည်။ 


တက်ရောက်


တွေ့ဆုံပွဲသို့  ရင်းနှီးမြှုပ်နှံမှုနှင့်    နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန     ဒုတိယ ဝန်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


သတင်းစဉ်