
နေပြည်တော် ဇူလိုင် ၁၁
စက်မှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာချာလီသန်း ဦးဆောင်သော မြန်မာကိုယ်စား လှယ်အဖွဲ့သည် ရုရှားဖက်ဒရေး ရှင်းနိုင်ငံ Yekaterinburg မြို့၌ ကျင်းပမည့် (၁၃) ကြိမ်မြောက် စက်မှုကုန်စည်ပြပွဲသို့ တက်ရောက် ရန် ယမန်နေ့နံနက်ပိုင်းက Yekaterinburg မြို့သို့ ရောက်ရှိ သည်။
ပြည်ထောင်စု ဝန်ကြီးသည် ယနေ့မွန်းလွဲပိုင်းတွင် Yekaterin-burg မြို့၌ ကျင်းပသည့် (၁၃)ကြိမ် မြောက် စက်မှုကုန်စည်ပြပွဲ ဖွင့်ပွဲ အခမ်းအနားသို့ ဘီလာရုဇ်၊ ကာဇက်စတန်၊ အာမေးနီးယား၊ ဂျာဂျစ်စတန်၊ ဥဇဘတ်ကစ်စတန်၊ တာဂျစ်ကစ်စတန်၊ သီရိလင်္ကာ၊ အီသီယိုးပီးယား၊ ဇင်ဘာဘွေ၊ ရုရှား ဖက်ဒရေးရှင်းနိုင်ငံတို့မှ ဝန်ကြီး များနှင့်အတူ တက်ရောက်သည်။
အဆိုပါ ဖွင့်ပွဲအခမ်းအနား တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဘီလာရုဇ်နှင့် ကာဇက်စတန်နိုင်ငံ တို့မှ ဝန်ကြီးချုပ်များက အမှာစကား ပြောကြားကြသည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးသည် Sustainable Manufacturing Strategies of Renewal ခေါင်းစဉ်ဖြင့် ဆွေးနွေး သော Panel Discussion သို့ တက်ရောက်ပြီး Moderator က မေးမြန်းသည့် Building Economic Relations and Protecting your Own Manufacturer နှင့် ပတ်သက် ၍ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ သည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီး က မိမိတို့နိုင်ငံသားများ၏ သက်သာ ချောင်ချိရေးအတွက် ဦးတည်ကာ ပြည်တွင်း ထုတ်လုပ်မှုများကို တိုးမြှင့်ပြုလုပ်ဆောင်ရွက်နိုင်ရေး ကြိုးစားဆောင်ရွက်လျက် ရှိ ကြောင်း၊ ပြည်တွင်းထုတ်လုပ်မှု သည် ပြည်တွင်းသုံးစွဲရန် လုံလောက်သည့်အပြင် ပိုလျှံလာ ပါက အိမ်နီးချင်းနိုင်ငံများသို့ တင်ပို့မှုများ ပြုလုပ်သွားနိုင်မည် ဖြစ်ကြောင်း၊ မိမိတို့ မြန်မာနိုင်ငံ သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် မြေမျက်နှာသွင်ပြင် အနေအထား၊ သဘာဝသယံဇာတ ပေါကြွယ်မှု၊ အထူးအားဖြင့် သံရိုင်းများ ထုတ်ယူ နိုင်မှုအခြေအနေ တူညီမှုများစွာ ရှိကြောင်း၊ ထို့ကြောင့် သံမဏိ ထုတ်လုပ်ရေးသည်လည်း အလေး ပေးဆောင်ရွက်ရမည့် လုပ်ငန်း ဖြစ်ကြောင်း၊ မိမိတို့ မြန်မာနိုင်ငံက လက်ရှိ ဆောင်ရွက်ဆဲဖြစ်သည့် သံမဏိထုတ်လုပ်ရေးလုပ်ငန်းကို ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ အကူအညီ များ ပေးအပ်လျက်ရှိကြောင်း၊ သံမဏိစက်ရုံ စီမံကိန်းတည် ဆောက်မှုလုပ်ငန်းများ ပြီးမြောက် ၍ စတင်လည်ပတ်နိုင်ပါက ပြည်တွင်း သံမဏိလိုအပ်ချက်ကို ဖြည့်တင်းနိုင်မည်ဖြစ်ပြီး ပြည်ပမှ သံမဏိတင်သွင်းမှုများ လျှော့ချ နိုင်မည်ဖြစ်ကြောင်း။
လွန်ခဲ့သော ဆယ်စုနှစ် ၂ ခု ခန့်မှစတင်၍ မြန်မာလူငယ်များ ကို ရုရှားဖက်ဒရေးရှင်းနိုင်ငံရှိ တက္ကသိုလ်များတွင် အင်ဂျင်နီယာ ဘာသာရပ်များ၊ လေကြောင်း၊ ရေကြောင်း အင်ဂျင်နီယာဘာသာ ရပ်များနှင့် အခြားသော ဘာသာရပ် များစွာတို့ကို သင်ယူတတ်မြောက် စေရန် ပညာတော်သင်များအဖြစ် စေလွှတ်ခဲ့ပါကြောင်း၊ အဆိုပါ လူငယ်များသည် ယခုအချိန်တွင် သက်ဆိုင်ရာ နယ်ပယ်အသီးသီး၌ စွမ်းရည်ပြည့်ဝစွာဖြင့် လုပ်ကိုင် ဆောင်ရွက်ကြပြီး နိုင်ငံ၏ လိုအပ် ချက်ကို တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းလျက် ရှိကြောင်း၊ ထို့ကြောင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ၏ ပညာရေးဆိုင်ရာ အကူအညီ ဖြင့် အရည်အသွေးပြည့်ဝသည့် ကျွမ်းကျင်ပညာရှင်များ မွေးထုတ် ပေးနိုင်ခဲ့၍ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မျိုးစေ့ ချပေးနိုင်ခဲ့သည်ဟု ပြောကြားလို ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် လည်း စဉ်ဆက်မပြတ် တိုးတက် နေသော စက်မှုနိုင်ငံအဖြစ်သို့ ပြောင်းလဲနိုင်ရေး အလေးထား ကြိုးပမ်းဆောင်ရွက်လျက် ရှိပါ ကြောင်း၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်ရေးသည် ပြည်တွင်းရှိ အခြေအနေများသာမကဘဲ ပြည်ပ အခြေအနေများ၏ လွှမ်းမိုးမှု များစွာရှိသည်ကိုလည်း ဖြည့်စွက် ပြောကြားလိုပါကြောင်း၊ ရုရှား ဖက်ဒရေးရှင်းနိုင်ငံမှ လက်ရှိ ဆောင်ရွက်လျက်ရှိသည့် စက်မှု လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များ သည် မြန်မာနိုင်ငံအတွက်လည်း အထောက်အပံ့ဖြစ်မည်ဟု ယုံကြည် ပါကြောင်း ရှင်းလင်းဆွေးနွေးသည်။
ညပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးသည် Sverdlovsk Region Governor က တည်ခင်းဧည့်ခံ သည့် ညစာစားပွဲသို့ ရုရှား ဖက်ဒရေးရှင်းနိုင်ငံ ဒုတိယဝန်ကြီး ချုပ်၊ စက်မှုနှင့် ကုန်သွယ်ရေး ဝန်ကြီးဌာန ဝန်ကြီး Mr. Denis Manturov ၊ နိုင်ငံတကာမှဝန်ကြီး များ၊ သံတမန်များနှင့်အတူ တက်ရောက်ခဲ့ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်