
နေပြည်တော် ဇူလိုင် ၁၂
စက်မှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ချာလီသန်း ဦးဆောင်သည့် မြန်မာကိုယ်စား လှယ်အဖွဲ့သည် ယမန်နေ့ နံနက်ပိုင်းက ရုရှားဖက်ဒရေးရှင်း နိုင်ငံ ရက်ကတ်ထရင်ဘတ် (Yekaterinburg) မြို့၌ ကျင်းပ သည့် INNOPROM International Industrial Exhibition သို့ တက်ရောက်၍ ကုမ္ပဏီများက ခင်းကျင်းပြသထားသည့် ထုတ် ကုန်များ၊ စက်ပစ္စည်းများကို လှည့်လည်ကြည့်ရှုပြီး သိရှိလို သည်များကို မေးမြန်းဆွေးနွေး သည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီး ဦးဆောင်သောအဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒုတိယ ဝန်ကြီးချုပ် စက်မှုနှင့်ကုန်သွယ် ရေးဝန်ကြီးဌာနဝန်ကြီး မစ္စတာ ဒဲနစ် မန်ဒူးရော့ဖ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံ၍ လက်ရှိ ဆောင်ရွက်နေသည့် ရုရှား - မြန်မာ ပူးပေါင်းဆောင် ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ အထူးသဖြင့် သံမဏိထုတ်လုပ် ရေး၊ ဆေးဝါးဆိုင်ရာ ပူးပေါင်း ထုတ်လုပ်ရေး၊ ချည်မျှင်နှင့် အထည်ထုတ်လုပ်ရေး၊ ဘိလပ်မြေ ထုတ်လုပ်ရေး၊ ဆေးဘက်ဆိုင်ရာ အထောက်အကူပြုပစ္စည်းကိရိယာ များထုတ်လုပ်ရေး၊ MSME စီးပွား ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် စေရန် အခွင့်အလမ်းများ ရှာဖွေ နေမှုနှင့် ရုရှား - မြန်မာ နှစ်နိုင်ငံ ပြည်သူများ အကျိုးစီးပွားဖြစ်ထွန်း စေမည့် အလားအလာရှိသော ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်း စွာ အပြန်အလှန် ဆွေးနွေး ခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲသို့ ရုရှား ဖက်ဒရေးရှင်းနိုင်ငံ စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနမှ ဒုတိယ ဝန်ကြီး Alexey V. Gruzdev ၊ အာရှ၊ အာဖရိက၊ လက်တင်အမေရိက ဌာန၊ ညွှန်ကြားရေးမှူး Nosov Sergey Sergeevich ၊ ဆောက်လုပ် ရေးလုပ်ငန်းသုံး စက်ပစ္စည်းနှင့် အကြီးစား အင်ဂျင်နီယာဌာန ညွှန်ကြားရေးမှူး Piven Valery Vyacheslavovich ၊ ဒုတိယ ဝန်ကြီးချုပ်၏ လက်ထောက် Alexey A. Mednikov ၊ မြန်မာ နိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်း နိုင်ငံ စီးပွားရေးသံမှူး Kazadaev Vladimir Sergeevich နှင့် မြန်မာ ကိုယ်စားလှယ်များ တက်ရောက် ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်