ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း ရန်ကုန်တိုင်းဒေသကြီးရှိ စက်ရုံများ ကြည့်ရှုစစ်ဆေး

 

နေပြည်တော်    ဇန်နဝါရီ    ၃၀

 


စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းသည် ဇန်နဝါရီ  ၂၉ ရက် မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ရှိ ကုန်ထုတ် စက္ကူစက်ရုံ၌   စတားစန္ဒာကုမ္ပဏီ၏   အထည်ချုပ် လုပ်ငန်းများဆောင်ရွက်နေမှု လုပ်ငန်းစဉ်အဆင့်ဆင့် တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

 


ကြိုတင်လေ့ကျင့်သင်ကြား


ထို့နောက်  ပြည်ထောင်စုဝန်ကြီးသည်  စက်မှု ဝန်ကြီးဌာနနှင့်    Korea  Apparel  Testing  and Research Institute (KATRI)တို့ ပူးပေါင်း၍ မြန်မာ နိုင်ငံ၏   အထည်အလိပ်၊   အဝတ်အထည်ဆိုင်ရာ စက်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက်    Joint  Venture (JV) အဖြစ် ဖက်စပ်အကျိုးတူပူးပေါင်း၍ နိုင်ငံတကာ အဆင့်မီ  အထည်အလိပ်နှင့် အဝတ်အထည် စမ်းသပ် ခြင်း၊ စစ်ဆေးခြင်းနှင့် အရည်အသွေး ထောက်ခံချက်       လက်မှတ်ထုတ်ပေးခြင်းတို့ကို   ဆောင်ရွက်မည့်  ချည်မျှင်နှင့်အထည် ထုတ်လုပ်မှု နည်းပညာဖွံ့ဖြိုးရေး ဌာနသို့   ရောက်ရှိပြီး  ဓာတ်ခွဲခန်းအဆောက်အအုံ တည်ဆောက်ပြီးစီးမှုနှင့်      အထည်အလိပ်နှင့်     ပတ်သက်၍  စမ်းသပ်စစ်ဆေးမည့် စက်ကိရိယာများ ရောက်ရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး စစ်ဆေးမည့် နည်းစဉ်အဆင့်ဆင့်ကို ရေးဆွဲသတ်မှတ်ထားရန်နှင့် နိုင်ငံတကာအဆင့်မီ     စစ်ဆေးစမ်းသပ်နိုင်ရေး အတွက် ဝန်ထမ်းများကို ကြိုတင်လေ့ကျင့် သင်ကြား ပေးရန်နှင့် လုပ်ငန်းခွင်အတွင်း ပတ်ဝန်းကျင်ကောင်း ဖြစ်အောင် စီမံဆောင်ရွက်ပေးရန် မှာကြားသည်။

 


ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် အမှတ် (၉) အထည်စက်ရုံခွဲ (အင်းစိန်)၌  ပါးစပ်နှင့် နှာခေါင်း စည်းများ ထုတ်လုပ်နေမှုကိုလည်းကောင်း၊ United Pacific Co., Ltd. ၏ OKI ဆပ်ပြာမှုန့်နှင့် ဆပ်ပြာ ခရင်(မ်)များ    ထုတ်လုပ်နေမှုကို    လည်းကောင်း လှည့်လည်အားပေး  ကြည့်ရှုစစ်ဆေးပြီး  နိုင်ငံပိုင် အဆောက်အအုံ၊  မြေနေရာနှင့်  စက်ပစ္စည်းများကို အကျိုးရှိထိရောက်စွာ အသုံးပြုရမည်ဖြစ်ကြောင်း၊ လူနေထူထပ်သည့်    မြို့ပြဧရိယာအတွင်းရှိ   စက်ရုံ များအနေဖြင့်     ပတ်ဝန်းကျင်ထိခိုက်မှုမရှိအောင် အလေးထားဆောင်ရွက်ရန်   လိုကြောင်း၊   လက်ရှိ လုပ်ကိုင်ဆောင်ရွက်နေသည့်လုပ်ငန်းများ    ဖွံ့ဖြိုး တိုးတက်စေရေးအတွက် သုတေသနနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ပြည်တွင်းလိုအပ်ချက်ကို ပိုမိုဖြည့်ဆည်း ပေးနိုင်ရေးအတွက် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို တိုးမြှင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း မှာကြားသည်။

 


လှည့်လည်ကြည့်ရှုစစ်ဆေး


ပြည်ထောင်စုဝန်ကြီးသည် ယနေ့ နံနက်ပိုင်းတွင် လှိုင်သာယာမြို့နယ်    ရွှေလင်ပန်းစက်မှုဇုန်ရှိ   Go Excellent (Myanmar) Co., Ltd. နှင့် ရွှေပြည်သာ မြို့နယ်  သာဓုကန်စက်မှုဇုန်ရှိ  Myanmar ArrThit Man  Motor  Co., Ltd.  တို့၏   မော်တော်ယာဉ် များ  တပ်ဆင်ထုတ်လုပ်နေမှု၊   မော်တော်ယာဉ်များ ၏    ကြံ့ခိုင်မှုကို   အထောက်အကူပြု   စက်ပစ္စည်း ကိရိယာများဖြင့်     စမ်းသပ်နေမှု၊    တပ်ဆင်ထုတ်လုပ် ပြီး   မော်တော်ယာဉ်များကို   သုံးစွဲသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်ရေးအတွက် လမ်းအနေအထားအမျိုးမျိုးပေါ်တွင်      စမ်းသပ် မောင်းနှင်မှု၊ ယာဉ်များ၏ ကြံ့ခိုင်မှုကောင်း/မကောင်း ကို ပုံစံအမျိုးမျိုးဖြင့် မြန်နှုန်းမြင့် စမ်းသပ်မောင်းနှင် နေမှုတို့ကို    ကြည့်ရှုစစ်ဆေးပြီး   အရည်အသွေး အာမခံရှိသောပစ္စည်းများ ထုတ်လုပ်နိုင်ရေးအတွက် အရည်အသွေးအာမခံသည့်စနစ် ထူထောင်ထားရမည် ဖြစ်ကြောင်း၊    ဝန်ထမ်းများ၏    ကျွမ်းကျင်မှုများ အလိုက်    အသိအမှတ်ပြုလက်မှတ်များ  ရရှိအောင်  စီမံပေးရမည်ဖြစ်ကြောင်း၊     သုံးစွဲသူပြည်သူများ ဘေးအန္တရာယ်    မဖြစ်ပွားစေရေး    အလေးထား ဆောင်ရွက်ရန်၊ ပြည်ပမှတင်သွင်းသည့် အစိတ်အပိုင်း များကို  ပြည်တွင်း၌   တပ်ဆင်ထုတ်လုပ်နေရုံဖြင့် ကျေနပ်မနေဘဲ အစိတ်အပိုင်းများ ထုတ်လုပ်နိုင်ရေး နှင့် နည်းပညာများရရှိအောင် ကြိုးစားဆောင်ရွက်ရန်၊ စစ်ဆေးရေးအဖွဲ့များအနေဖြင့် သတ်မှတ်ထားသည့် Check List များအတိုင်း  တိတိကျကျစစ်ဆေးရန် မှာကြားကာ မော်တော်ယာဉ်တပ်ဆင်


 သတင်းစဉ်