ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိစက်ရုံများ ကြည့်ရှုစစ်ဆေး

 

နေပြည်တော်   ဇူလိုင်   ၄


စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဒေါက်တာ ချာလီသန်းသည်    ဇူလိုင် ၃ ရက်  နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး   ဗဟန်းမြို့နယ်   ရွှေတိဂုံ  ဘုရား အရှေ့ဘက်မုခ်ရှိ စက်မှုဓမ္မာရုံ၌ စက်မှုဝန်ထမ်း ဟောင်းများနှင့် တွေ့ဆုံဆွေးနွေးသည်။ 


မွန်းလွဲပိုင်းတွင်   ပြည်ထောင်စုဝန်ကြီးသည် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်လျက်ရှိသော အမှတ် (၃)    အကြီးစားစက်မှုလုပ်ငန်းအောက်ရှိ    ဆပ်ပြာမှုန့်စက်ရုံသို့ရောက်ရှိပြီး သက်သာဆပ်ပြာ  ရည်နှင့် သက်သာဆပ်ပြာမှုန့်များ ထုတ်လုပ်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေး
ညနေပိုင်းတွင်     ပြည်ထောင်စုဝန်ကြီးသည် ဆေးဝါးစက်ရုံ(အင်းစိန်) ခေတ်မီသိုလှောင်ရုံအတွင်း သတ်မှတ်စိုထိုင်းဆအတိုင်း ကွန်ပျူတာစနစ်အသုံးပြု ၍   ကုန်ကြမ်းများနှင့်    ထုတ်လုပ်ပြီးဆေးဝါးများ သိုလှောင်ထားရှိမှုအခြေအနေနှင့် မြွေများမွေးမြူရေး ဌာနတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။


ကြပ်မတ်လိုက်နာ


ထို့နောက် စက်ရုံအစည်းအဝေးခန်းမ၌ စက်ရုံမှူး က လုပ်ငန်းလည်ပတ်ဆောင်ရွက်နေသည့် အခြေ အနေနှင့် ဝန်ထမ်းရေးရာကိစ္စရပ်များကို ရှင်းလင်း တင်ပြရာ ပြည်ထောင်စုဝန်ကြီးက “နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီက ပြည်ပမှ ဆေးဝါးအများ အပြား တင်သွင်းနေရကြောင်းသိရှိရသဖြင့် ပြည်တွင်း ၌အသုံးများသည့်ဆေးများကို နိုင်ငံပိုင်ဆေးဝါးစက်ရုံ များမှ လုံလောက်စွာ ထုတ်လုပ်နိုင်ရေး စီမံဆောင် ရွက်ရန်”  လမ်းညွှန်မှုပြုထားသဖြင့်    ပြည်တွင်း လိုအပ်ချက်များကို ပိုမိုဖြည့်ဆည်းပေးနိုင်ရေးအတွက် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက် နိုင်ရေး    စီမံဆောင်ရွက်ရန်၊    ထုတ်လုပ်မှုနှင့် သိုလှောင်မှုလုပ်ငန်းများကို စံပြုသတ်မှတ်ထားသော  လုပ်ငန်းစဉ်များအတိုင်း          ကြပ်မတ်လိုက်နာ ဆောင်ရွက်ရန် မှာကြားသည်။


ပေါင်းစပ်ညှိနှိုင်း


ယနေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် လှည်းကူးမြို့နယ်ရှိ အသည်းရောင်အသားဝါဘီပိုး ကာကွယ်ဆေးထုတ်လုပ်သည့် စက်ရုံသို့ရောက်ရှိပြီး  စက်ရုံတာဝန်ခံက စက်ရုံဆိုင်ရာ အချက်အလက် များကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ဆေးဝါးများကို ကောင်းမွန်သော ထုတ်လုပ်မှုနည်းစဉ် များအတိုင်း တိတိကျကျ လိုက်နာဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ပြည်သူများအတွက် မရှိမဖြစ်လိုအပ် လျက်ရှိသော ကာကွယ်ဆေးများ ထုတ်လုပ်နိုင်ရေး ကြိုတင်ပြင်ဆင်ထားကြစေလိုကြောင်း မှာကြားပြီး  အသည်းရောင်အသားဝါ     ဘီပိုးကာကွယ်ဆေး ထုတ်လုပ်သည့် နည်းစဉ်အဆင့်ဆင့်တို့ကို လှည့်လည် ကြည့်ရှုစစ်ဆေးကာ ဝန်ထမ်းများ၏ တင်ပြချက် များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။


ထို့နောက် စက်မှုဝန်ကြီးဌာနပိုင် အင်းစိန်လမ်း နှင့် အောင်သိဒ္ဓိလမ်းထောင့်ရှိ ယခင် ယန္တရားဝင်းနှင့် အမှတ်(၂၀၅) ကမ်းနားလမ်း အလုံမြို့နယ်ရှိ ရေခဲ ထုတ်လုပ်သည့် စက်ရုံဟောင်းတို့ကို ကြည့်ရှုစစ်ဆေး ခဲ့ကြောင်း သိရသည်။                


သတင်းစဉ်