ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း ပဲခူးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးရှိ စက်ရုံများအား ကြည့်ရှုစစ်ဆေး

နေပြည်တော်  စက်တင်ဘာ  ၆
စက်မှုဝန်ကြီးဌာန    ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းသည်    စက်တင်ဘာ ၃ ရက် နံနက်ပိုင်းတွင်    ပဲခူးတိုင်းဒေသကြီး   ပန်းတောင်း မြို့နယ်ရှိ အမှတ်(၁) စက်မှုသင်တန်းကျောင်း(ဆင်တဲ)    (Industrial Training Centre -ITC) သို့ရောက်ရှိပြီး  ပုံမှန် သင်တန်းများ   ပြန်လည်ဖွင့်လှစ်လျှင်   အဆင် သင့်ဖြစ်နေအောင်    ကြိုတင်ပြင်ဆင်ထားရန်၊    သင်တန်းကျောင်းရှိ   သင်ထောက်ကူပစ္စည်းများ ပျက်စီးဆုံးရှုံးမှု မရှိစေရေး  အစဉ်အမြဲစစ်ဆေး၍ ပြုပြင်ထိန်းသိမ်းထားရန်၊   သင်တန်းသားများအား  လုပ်ငန်းဆိုင်ရာ     ကျွမ်းကျင်မှုရှိစေရေးအတွက်  နည်းပညာ၊ အတတ်ပညာ၊ ကျွမ်းကျင်မှုနှင့် နှလုံးရည် (Knowledge, Skill, Attitude)  အားလုံးပြည့်ဝ
အောင် လေ့ကျင့်သင်ကြားပေးရန်၊  သင်တန်းများအား “လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်မှု  အခြေပြုပညာရေးနှင့် လေ့ကျင့်ရေးစနစ်” Competency based education and Training စနစ်ဖြင့်  သင်ကြားပို့ချရန်   မှာကြား ကာ  သင်တန်းကျောင်းအတွင်းရှိ  သင်ထောက်ကူ ပစ္စည်း     အသုံးပြုသင်ကြားရေးဓာတ်ခွဲခန်းများ၊
အလုပ်ရုံများအား  လှည့်လည်ကြည့်ရှုစစ်ဆေးပြီး သင်တန်းတစ်ခုချင်းအလိုက်   မိမိသင်တန်း  မိမိ ပြန်လည်ဆန်းစစ်သည့်        အစီရင်ခံစာ (Self Assessment Report) ပြုစုတင်ပြရန် တာဝန်ရှိသူများ အား  မှာကြားခဲ့သည်။
 မှာကြား


ထို့နောက်    ပြည်ထောင်စုဝန်ကြီးသည် အမှတ် (၁၆)အကြီးစားစက်ရုံ (ဆင်တဲ)သို့ ရောက်ရှိပြီး စက်ရုံ အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေး၍  တာဝန်ရှိသူ များအား   နိုင်ငံပိုင်စက်ရုံ/  အလုပ်ရုံများကို အကျိုး ရှိအောင် ပြန်လည် လည်ပတ်နိုင်ရေးအတွက် ကြိုစားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊  အမှတ်(၁၆)အကြီးစား စက်ရုံ(ဆင်တဲ)သည်အစဉ်အလာ  ကြီးမား သည့်  စက်ရုံကြီးဖြစ်သည့်အလျောက်      ဝန်ထမ်းများ အနေဖြင့် နိုင်ငံတော်နှင့်ပြည်သူများအတွက် ပေးအပ် လာသည့်  တာဝန်များကိုကျရာ   အခန်းကဏ္ဍမှ  ကျေပွန်အောင်  ထမ်းဆောင်ရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။


ပြည်ထောင်စုဝန်ကြီးသည် စက်တင်ဘာ ၄ ရက် တွင်   အမှတ်(၂၃)အကြီးစားစက်ရုံ   (ညောင်ခြေ ထောက်)သို့ ရောက်ရှိ၍ နိုင်ငံပိုင်စက်ရုံ၊ အလုပ်ရုံများ အား နိုင်ငံတော်အတွက် အကျိုးရှိအောင် လည်ပတ်ရ မည်ဖြစ်ကြောင်း တာဝန်ရှိသူများအား  မှာကြားပြီး  စက်ရုံများအား လှည့်လည်ကြည့်ရှု၍ ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့သည်။ 


အလားတူ     ပြည်ထောင်စုဝန်ကြီးသည် စက်တင်ဘာ ၅ ရက်တွင်  မကွေးတိုင်းဒေသကြီးမင်းလှ မြို့ရှိ   အမှတ်(၁၇)  အကြီးစားစက်ရုံ(မလွန်)သို့ 
ရောက်ရှိပြီး   စက်ရုံရှိကုန်ကြမ်း၊  ကုန်ချောစက် ပစ္စည်း စသည့်  ပုံသေပိုင်ပစ္စည်းများ ပျက်စီးဆုံးရှုံးမှု မရှိစေရေး ပြုပြင်ထိန်းသိမ်းထားရန်နှင့် စာရင်းဇယား များ စနစ်တကျ  ပြုစုထားရှိမှုကို   ကြည့်ရှုစစ်ဆေးပြီး   စက်ရုံအတွင်း   လှည့်လည်ကြည့်ရှုစစ်ဆေးသည်။


ထို့နောက် မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး သည်  မကွေးမြို့ရှိ  ဆပ်ပြာစက်ရုံသို့ ရောက်ရှိရာ  ရွှေဝါဆပ်ပြာများ    ထုတ်လုပ်မှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ထုတ်လုပ်မှုလုပ်ငန်း များကို တိုးမြှင့်ဆောင်ရွက်ရန် မှာကြားသည်။


ယင်းနောက်  ညနေပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးသည် ပဲခူးတိုင်းဒေသကြီး ရေတာရှည် မြို့နယ် သာဂရစက်မှုနယ်မြေရှိ အမှတ်(၂၆) အကြီးစားစက်ရုံ သို့ ရောက်ရှိပြီး    လျှပ်စစ်ဓာတ်အားထုတ်လုပ်
နိုင်သည့် Turbine စက်ရုံအတွင်း လှည့်လည် ကြည့်ရှု စစ်ဆေးပြီး လျှပ်စစ်မီးမရရှိသေးသည့် ကျေးရွာများ၊ မြို့နယ်များအတွက်   လိုအပ်သော Turbine များ ထုတ်လုပ်နိုင်ရေး     ဦးစားပေးဆောင်ရွက်ရမည့် လုပ်ငန်းအစီအမံများကို  မှာကြားခဲ့ကြောင်း သတင်း ရရှိသည်။          

 

                               သတင်းစဉ်