
နေပြည်တော် နိုဝင်ဘာ ၈
လုပ်ငန်းစီမံကိန်း စီမံခန့်ခွဲမှုနှင့် ပတ်သက်သည့် အသိပညာမျှဝေ ခြင်း အခမ်းအနားကို ယနေ့မွန်းလွဲ ပိုင်းတွင် နေပြည်တော်ရှိ စက်မှု ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ စက်မှုဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ညွှန်ကြား ရေးမှူးချုပ်များ၊ ဦးဆောင် ညွှန်ကြားရေးမှူးများ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ အရာ ထမ်းများနှင့် ဖိတ်ကြားထားသည့် MSME လုပ်ငန်းရှင်များ တက် ရောက်သည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ယခုသင်တန်းကို ကုန်ထုတ်လုပ်မှု၊ ဝန်ဆောင်မှု၊ ဆောက်လုပ်ရေး၊ အိုင်တီ၊ စျေးကွက်ချဲ့ထွင်မှု၊ ကျန်းမာရေး စောင့်ရှောက်မှု၊ ငွေကြေးနှင့် အခြားအရာများ အပါအဝင် လုပ်ငန်းနယ်ပယ် အသီးသီး၌ လုပ်ငန်းစီမံကိန်း စီမံခန့်ခွဲမှုကိစ္စရပ်ကို အသုံးချ ဆောင်ရွက်တတ်စေရန် ရည်ရွယ် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ ယခု သင်တန်းသို့ တက်ရောက်လာ သည့် MSME လုပ်ငန်းရှင်များနှင့် အရာထမ်း သင်တန်းသားများ အနေဖြင့် လုပ်ငန်းစီမံကိန်းစီမံ ခန့်ခွဲမှုဆိုင်ရာ ဘာသာရပ်နှင့် ပတ်သက်သည့် အကြောင်းအရာ များကို သေချာစွာလေ့လာပြီး မိမိ တို့၏လုပ်ငန်းခွင်များတွင် စနစ် တကျ ပြန်လည်အသုံးပြုသွားရန် လိုကြောင်း၊ နိုင်ငံတော်၏ ဦးစား ပေးမူဝါဒအရ ဆောင်ရွက်မည့် စီးပွားရေးကဏ္ဍများကို စီမံခန့်ခွဲမှု စွမ်းရည်ဖြင့် ပံ့ပိုးဆောင်ရွက်နိုင် ရေးအတွက် ကြိုးပမ်းဆောင်ရွက် ကြရန်လိုကြောင်း ပြောကြား သည်။
ထို့နောက် ဒုတိယညွှန်ကြား ရေးမှူးများက လုပ်ငန်းစီမံကိန်း တွင် ပါဝင်သည့် ကန့်သတ်ချက် များကို ဟန်ချက်ညီအောင် ဆောင်ရွက်ရမည့် အချက်များ၊ လုပ်ငန်းစီမံကိန်း စီမံခန့်ခွဲမှု နည်းစနစ်များ၊ အဖွဲ့အစည်းဆိုင် ရာလုပ်ငန်းစီမံကိန်း စီမံခန့်ခွဲမှု၊ လုပ်ငန်းစီမံကိန်းနှင့် ပတ်သက် သည့် ဆက်စပ်မှုများ၊ အတတ် ပညာနှင့်ပတ်သက်သည့် ကျင့်ဝတ် များ၊ပေါင်းစပ်စီမံခန့်ခွဲမှု၊ နယ်ပယ် စီမံခန့်ခွဲမှု၊ အချိန်၊ ကုန်ကျစရိတ် နှင့် စွန့်စားမှုစီမံခန့်ခွဲမှုတို့ကို ဆွေးနွေးပို့ချကြပြီး တက်ရောက် လာကြသော အရာထမ်းများ၏ မေးမြန်းချက်များကို ပြန်လည် ရှင်းလင်း ဖြေကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်