ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ စက်ရုံများစစ်ဆေး၊ အင်ဂျင်နီယာပညာရေးအသိအမှတ်ပြုခြင်းဆိုင်ရာ နိုင်ငံတကာညီလာခံ (၂၀၂၂) အခမ်းအနား တက်ရောက်

 

နေပြည်တော်   ဇူလိုင်  ၁၆


စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယမန်နေ့ မွန်းလွဲပိုင်းက ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့  စီးပွားရေးရာဝန်ကြီး ဦးတင်အေးနှင့်အတူ  ပုသိမ်မြို့ရှိ   ဧရာဝတီတိုင်းဒေသကြီး  စက်မှုကြီးကြပ်ရေးနှင့်  စစ်ဆေးရေးဦးစီးဌာနသို့ ရောက်ရှိစစ်ဆေးသည်။

 


ဦးစွာ အစည်းအဝေးခန်းမ၌ ဦးစီးမှူးက စက်မှု လုပ်ငန်းများနှင့်   စပ်လျဉ်း၍   ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များစနစ်တကျဖွံ့ဖြိုးတိုးတက်ရေးအတွက်  အလေးထားကြပ်မတ် ဆောင်ရွက်ရန်၊ ဝန်ထမ်းများအနေဖြင့် စက်မှုလုပ်ငန်း များကို    စစ်ဆေးကြပ်မတ်   မှတ်ပုံတင်ပေးနေရုံဖြင့် ကျေနပ်မနေဘဲ    စက်ရုံစတင်တည်ဆောက်မည့် အဆောက်အဦ Plan များ၊ စက်တပ်ဆင်မည့် Layout Plan   များကိုလည်း    စစ်ဆေးကြပ်မတ်နိုင်ရေး ဆောင်ရွက်ရန်နှင့် နိုင်ငံတော်၏ကိုယ်စားဆောင်ရွက် ရသည်ဖြစ်၍ Regulatory တာဝန်များကို  ကျေပွန် အောင် ထမ်းဆောင်နိုင်ရေးကြိုးစားဆောင်ရွက်ရန်၊ ရေးဆွဲလျက်ရှိသည့်   စက်မှုဇုန်နည်းဥပဒေတွင် စစ်ဆေးကြပ်မတ်ရမည့် အချက်များကို ပြည့်ပြည့် စုံစုံထည့်သွင်း ရေးဆွဲသွားရန် မှာကြားသည်။

 


နောက်ဆုံးပေါ်နည်းပညာများရရှိရေး


ညနေပိုင်းတွင်  ပြည်ထောင်စုဝန်ကြီးနှင့်  အဖွဲ့ သည်   သာပေါင်းမြို့ရှိ   အဆင့်မြင့်စက္ကူစက်ရုံ (သာပေါင်း)သို့ ရောက်ရှိရာစက်ရုံအစည်း အဝေးခန်းမ၌ စက်ရုံမှူးက စက်ရုံဆိုင်ရာလုပ်ငန်းများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက  စက္ကူ ထုတ်လုပ်မှု လုပ်ငန်းများနှင့် ပတ်သက်၍   နောက်ဆုံး ပေါ် နည်းပညာများရရှိရေး   လေ့လာရန်နှင့်  ဆင့်ပွား သင်တန်းများပြုလုပ်ပေးရန်၊  စက်ရုံအနေဖြင့် ကုန် ထုတ်လုပ်မှုလုပ်ငန်းများ  ဆောင်ရွက်နိုင်ရေးအတွက် Business Plan များရေးဆွဲဆောင်ရွက်ရန်၊ ကုန်ထုတ် လုပ်မှုလုပ်ငန်းများ  ဆောင်ရွက်ရာတွင် သွင်းအားစု များ၏ ဈေးနှုန်းကို တစ်သမတ်တည်းထား၍ မတွက် ချက်ဘဲ   ဖြစ်ပေါ်လာနိုင်သည့်   ဈေးနှုန်းများဖြင့် တွက်ချက်ထားရန်နှင့် လေ့လာစဉ်းစား သုံးသပ်ထား ရန် မှာကြားသည်။

 


အင်ဂျင်နီယာပညာရေး


ယနေ့ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံ   အင်ဂျင်နီယာကောင်စီနှင့်   ကမ္ဘာ့ အင်ဂျင်နီယာအဖွဲ့ချုပ်၏   အင်ဂျင်နီယာပညာရေး ကော်မတီတို့   ပူးပေါင်း၍ မြန်မာနိုင်ငံကအိမ်ရှင်အဖြစ် ကျင်းပသည့် အင်ဂျင်နီယာပညာရေး အသိအမှတ် ပြုခြင်းဆိုင်ရာ နိုင်ငံတကာညီလာခံ (၂၀၂၂) အခမ်း အနားကို Hybrid စနစ်ဖြင့်  တက်ရောက်၍  အဖွင့် အမှာစကားပြောကြားသည်။

 


ညီလာခံတွင်   “အရည်အသွေးပြည့်ဝသည့် အင်ဂျင်နီယာပညာရေးမှသည်   အနာဂတ်အင်ဂျင် နီယာ ပညာရပ်ဆီသို့” ဟူသော ခေါင်းစဉ်ဖြင့် ဇူလိုင် ၁၆ ရက်မှ  ၁၇ ရက်အထိ နှစ်ရက်တာ ကျင်းပမည် ဖြစ်ပြီး    နိုင်ငံပေါင်း ၁၀  နိုင်ငံမှ   ဂုဏ်ထူးဆောင် ဟောပြောသူများ          တက်ရောက်ဆွေးနွေးပြီး ပြည်တွင်း နည်းပညာတက္ကသိုလ်များရှိ ဆရာ ဆရာမ များမှ စာတမ်းများ ဖတ်ကြားခဲ့ကြကြောင်း  သိရသည်။


သတင်းစဉ်