ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း အမှတ်(၁)သံမဏိစက်ရုံ (မြင်းခြံ) ကြည့်ရှုစစ်ဆေး

 

နေပြည်တော်  ဧပြီ   ၁၁


စက်မှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး   ဒေါက်တာချာလီသန်း သည်ယနေ့နံနက်ပိုင်းတွင် အမှတ် (၁)     သံမဏိစက်ရုံ(မြင်းခြံ)သို့ ရောက်ရှိပြီး  ရေသန့်စင်အလုပ်ရုံ၊ အောက်ဆီဂျင်    ထုတ်လုပ်ရေး အလုပ်ရုံ၊  Direct Reduction Plant ၊ သံတိုသံစများ စုပုံကွင်း၊ သံရည်ကျိုအလုပ်ရုံ၊      စက်မှု လုပ်ငန်းပြုပြင်ရေးအလုပ်ရုံ၊ မီးခံ အုတ်များ၊       စက်ပစ္စည်းနှင့် ကုန်ကြမ်းပစ္စည်းများ ထားရှိသည့် သိုလှောင်ရုံတို့ကို     လှည့်လည် ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးစဉ်    ပြည် ထောင်စုဝန်ကြီးက သံ၊ သံမဏိ များအား ပြည်တွင်းသုံးစွဲမှု ဖူလုံ ရေးအတွက် တစ်ဖက်တစ်လမ်းမှ ဆောင်ရွက်ပေးနေသည့်   သံမဏိ စက်ရုံကြီးဖြစ်သဖြင့် ထုတ်လုပ် မှုလုပ်ငန်းများ   ရပ်တန့်မှုမရှိစေ ရေး ကြိုးပမ်းဆောင်ရွက်သွားကြ ရန်၊ အကြောင်းအမျိုးမျိုးကြောင့် ထုတ်လုပ်မှု    ရပ်ဆိုင်းသွားပါက အမြန်ဆုံးပြန်လည်        စတင် လည်ပတ်နိုင်ရေးအတွက် လိုအပ် သော    စက်နှင့်  စက်အရန်ပစ္စည်း များ ကြိုတင်ဝယ်ယူ   စုဆောင်း ထားရှိကြရန်၊ ထို့အပြင် မမျှော် မှန်းနိုင်သည့် ကိစ္စရပ်များအတွက် လည်း ကြိုတင်မျှော်တွေး  စီစဉ် ဆောင်ရွက်ထားရှိရန်။ 
ယခုနှစ် ဘဏ္ဍာငွေလျာထား ချက်  ပြည့်မီအောင်  ဆောင်ရွက် မည့် အစီအမံများကို   လက်တွ့ ကျကျ    ရေးဆွဲဆောင်ရွက်ရန်၊ စက်နှင့် စက်ပစ္စည်း၊ ကုန်ကြမ်း ဝယ်ယူရေး   ဆောင်ရွက်ရာတွင် လည်း      သတ်မှတ်ထားသည့် လုပ်ထုံးလုပ်နည်းများနှင့်   အညီ စနစ်တကျ  ဆောင်ရွက်ကြရန်၊ စက်ပြုပြင်ထိန်းသိမ်းရေး ဆောင် ရွက်သည့်  လုပ်ငန်းများ  အပ်နှံ ရာတွင်  ကျွမ်းကျင်ပညာရှင်များ သည် သတ်မှတ်အရည်အချင်းနှင့် ပြည့်စုံပြီး အင်ဂျင်နီယာဝန်ဆောင် မှု     အသိအမှတ်ပြုလက်မှတ် ရရှိပြီးသော   ကုမ္ပဏီများကိုသာ စိစစ်ရွေးချယ်၍   လုပ်ငန်းအပ်နှံ ဆောင်ရွက်ရန်၊    ရရှိပြီးသော ဘဏ္ဍာငွေများ  လေလွင့်ဆုံးရှုံးမှု မရှိစေရေးနှင့် အကျိုးရှိစွာ အသုံး ပြုနိုင်ရေးအတွက်  တာဝန်ရှိသူ အဆင့်ဆင့်မှ    ကွပ်ကဲကြပ်မတ် ဆောင်ရွက်သွားရန်၊   ဝန်ထမ်း၊ စက်ပစ္စည်း၊   စက်ရုံ၊   စာရွက် စာတမ်း၊ သတင်းလုံခြုံမှုရှိစေရေး အထူးအလေးထားဆောင်ရွက်ရန်၊ အမှတ်(၁) သံမဏိစက်ရုံ (မြင်းခြံ) တွင် တာဝန်ထမ်းဆောင်လျက်ရှိ သည့်    အင်ဂျင်နီယာများသည် ဘာသာရပ်ဆိုင်ရာ   နယ်ပယ် အသီးသီးတွင်     တတ်မြောက် ကျွမ်းကျင်သည့်    ပညာရှင်များ ဖြစ်သဖြင့် တွေ့ကြုံရမည့်  အခက် အခဲများကို     စုပေါင်းအားဖြင့် ဝိုင်းဝန်းဖြေရှင်းဆောင်ရွက်သွား ရန်၊     ဝန်ထမ်းများအနေဖြင့် နှစ်သစ်တွင်    စိတ်သစ်လူသစ် ဖြင့်  ပေးအပ်လာသည့်  လုပ်ငန်း တာဝန်များကို  ကျေပွန်အောင် ထမ်းဆောင်ကြရန်  မှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များကို ဖြေရှင်းဆောင် ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်