
နေပြည်တော် ဇွန် ၃
စက်မှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာချာလီသန်းသည် ယမန်နေ့က မကွေးတိုင်းဒေသ ကြီး သရက်မြို့ရှိ အမှတ် (၃၁) အကြီးစားစက်ရုံ (သရက်) သို့ ရောက်ရှိစစ်ဆေးသည်။
ဦးစွာ စက်ရုံ၌ တာဝန်ရှိသူ များက ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ပြောင်းလဲ နေသည့် ခေတ်မီနည်းပညာများ ရရှိရေးအတွက် သင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပ ရန်၊ စက်ရုံ၌ရှိပြီး နည်းပညာများ တိမ်ကောပျောက်ပျက်မှု မရှိစေ ရေးအတွက် ဆင့်ပွားသင်တန်း များ ပြုလုပ်ပေးရန်၊ စက်ရုံ ပြန်လည် လည်ပတ်နိုင်ရေး အတွက် စိတ်ဝင်စားမည့် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ် ဆောင်ရွက်ရန်၊ အမှတ် (၃၁) အကြီးစား စက်ရုံ(သရက်)သည် အစဉ်အလာကြီးမားပြီး သမိုင်း ကြောင်းကောင်းခဲ့သည့် စက်ရုံဖြစ် သည့်အတွက် ရေရှည်ရပ်တည် လည်ပတ်နိုင်ရေးအတွက် ဝန်ထမ်း အားလုံးက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန်၊ နိုင်ငံတကာ တွင် နိုင်ငံတော်ပိုင်စက်ရုံများကို အသွင်ကူးပြောင်းရေး ဆောင်ရွက် ခဲ့သည့် လုပ်ငန်းစဉ်များကို လေ့လာ၍ မိမိတို့ ဆက်လက် ဆောင်ရွက်မည့် အစီအမံများကို ရေးဆွဲချမှတ်ရန်၊ ဝန်ထမ်းများကို ဘိလပ်မြေ ထုတ်လုပ်သည့် ခေတ်မီ နည်းပညာရပ်များ နှင့် ထုတ်လုပ်မှုနည်းစဉ်များ ရရှိစေရေးအတွက် သင်တန်းများ ဖွင့်လှစ်ရန် မှာကြားပြီး စက်ရုံမှူး နှင့် အရာထမ်း၊ အမှုထမ်းများ၏ တင်ပြချက်များကို ညှိနှိုင်းပေါင်းစပ် ဖြေရှင်းဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးသည် ကုန်ကြမ်းထုံး ကျောက်များ ထုတ်ယူခဲ့မှုနှင့် ကျန်ရှိသည့် အခြေအနေများကို လည်းကောင်း၊ ဘိလပ်မြေ ထုတ်လုပ်မှု နည်းစဉ်အဆင့်ဆင့် နှင့် စက်ရုံအတွင်းရှိ အရည် အသွေး စစ်ဆေးရေးဌာနတို့ကို ကြည့်ရှုစစ်ဆေးသည်။
အမှတ် (၃၁) အကြီးစားစက်ရုံ (သရက်)အား ၁၉၃၅ ခုနှစ်တွင် စတင်တည်ဆောက်၍ မီးသင်းဖို (၃) လိုင်းဖြင့် တစ်နေ့လျှင် တန် ၁၁၀၀ ထုတ်လုပ်ခဲ့ပြီး ထုတ်လုပ် မှုနည်းစဉ်အနေဖြင့် ထုံးနှစ်ရည် နည်းစဉ် (Wet Process) ဖြင့် ဘိလပ်မြေများကို ထုတ်လုပ် သည်။ အစိုနည်းစဉ်ဖြင့် ဘိလပ် မြေ တစ်တန် ထုတ်လုပ်လျှင် လျှပ်စစ်ဓာတ်အား ၁၂၃ ဒသမ ၈၇ ယူနစ်ခန့် သုံးစွဲရပြီး အခြောက် နည်းစဉ်ဖြင့် ဘိလပ်မြေ တစ်တန် ထုတ်လုပ်လျှင် ယူနစ် ၉၀ခန့်သာ သုံးစွဲရသည်။ ထို့ကြောင့် စက်ရုံ အနေဖြင့် အစိုနည်းစဉ်ဖြင့် ဘိလပ် မြေများ ထုတ်လုပ်လျှင် ထုတ်လုပ် မှုစရိတ် မြင့်မားသောကြောင့် စီးပွားရေး တွက်ခြေကိုက်မှုမရှိ သဖြင့် ထုတ်လုပ်မှုနည်းစဉ် ပြောင်းလဲ၍ ဘိလပ်မြေ များ ထုတ်လုပ်နိုင်ရေးအတွက် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမည့်သူများ နှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်