
တောင်ကြီး ဇန်နဝါရီ ၁၃
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် ရှမ်း ပြည်နယ်ဝန်ကြီးချုပ် ဦးအောင် ဇော်အေး၊ နယ်စပ်ရေးရာဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် ဖြိုးသန့်၊ တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်တို့နှင့် အတူ ယနေ့ နံနက်ပိုင်းတွင် ညောင်ရွှေ မြို့ မင်္ဂလာရပ်ကွက်ရှိ ဘုရားကျိန်း ကျောင်းတွင် ခိုလှုံနေကြသော ယာယီတိုက်ပွဲရှောင် ပြည်သူများ အား သွားရောက် တွေ့ဆုံ၍ ရင်းရင်းနှီးနှီး အားပေးစကား ပြောကြားသည်။
ထောက်ပံ့ပေးအပ်
တွေ့ဆုံစဉ် ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီး ဌာနက ထောက်ပံ့သော Smart အထည်ချုပ်စက်ရုံမှ ထုတ်လုပ် သည့် ကျား၊ မ အင်္ကျီများနှင့် ကိုယ်တိုက်ဆပ်ပြာများကိုလည်းကောင်း၊ အသက် ၇၀ နှစ်နှင့် အထက်ရှိသူများ၊ မသန်စွမ်း သူများ၊ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက် ၅ နှစ် အောက်ကလေးများ အတွက် လူမှုရေး ထောက်ပံ့ငွေ များကို လည်းကောင်း၊ နယ်စပ် ရေးရာဝန်ကြီးဌာနနှင့် ရှမ်း ပြည်နယ် အစိုးရအဖွဲ့တို့က ထောက်ပံ့သော ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ခေါက်ဆွဲခြောက်နှင့် ကြက်ဥ များကို လည်းကောင်း၊ တိုင်းရင်း သားလူမျိုးများရေးရာဝန်ကြီးဌာန မှ လူဦးရေအလိုက်၊ အိမ်ထောင်စု အလိုက် ထောက်ပံ့သည့် ထောက်ပံ့ ငွေများကို လည်းကောင်း ထောက်ပံ့ပေးအပ်ကြပြီး ယာယီ တိုက်ပွဲရှောင် ပြည်သူများ၏ တင်ပြချက်များကို ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ရင်းရင်းနှီးနှီးတွေ့ဆုံ
ထို့နောက် ပြည်ထောင်စု ဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည့် ညောင်ရွှေမြို့ ရန်ကုန် ဘုန်းကြီးကျောင်းရှိ သံဃာတော် များအား သွားရောက်ဖူးမြော်ပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းကာ ယာယီခိုလှုံရာစခန်း တွင် ရောက်ရှိခိုလှုံနေကြသည့် ယာယီတိုက်ပွဲရှောင် ပြည်သူများ နှင့် ရင်းရင်းနှီးနှီး တွေ့ဆုံ၍ နယ်စပ်ရေးရာဝန်ကြီးဌာန၊ လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ် အစိုးရအဖွဲ့တို့မှ ထောက်ပံ့သော အဝတ်အထည်များ၊ ကိုယ်တိုက် ဆပ်ပြာများ၊ လူမှုရေးထောက်ပံ့ငွေ များနှင့် စားနပ်ရိက္ခာများကို ထောက်ပံ့ပေးအပ်ကာ လိုအပ် သည်များကို ညှိနှိုင်းဆောင်ရွက် ပေးသည်။
အားပေးစကားပြောကြား
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် ညောင်ရွှေ မြို့ မဟာရန်အောင်ဘုရားတွင် ဖွင့်လှစ်ထားသည့် ခိုလှုံရာစခန်း တွင် ရောက်ရှိခိုလှုံနေကြသည့် ယာယီတိုက်ပွဲရှောင်ပြည်သူများအား ဝန်ကြီးဌာနအလိုက် အကူ အညီ အထောက်အပံ့များ ထောက်ပံ့ပေးအပ်ပြီး တိုက်ပွဲ ရှောင်ပြည်သူများကို နွေးထွေး ရင်းနှီးစွာ တွေ့ဆုံ၍ အားပေး စကား ပြောကြားသည်။
ပြည်ထောင်စု ဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိ သူများသည် ကလောမြို့နယ် အတွင်းရှိ ယာယီတိုက်ပွဲရှောင် ပြည်သူ အိမ်ထောင်စု ၃၆၇ စု၊ လူဦးရေ ၂၂၁၈ ဦး၊ ညောင်ရွှေ မြို့နယ်အတွင်းရှိ တိုက်ပွဲရှောင် အိမ်ထောင်စု ၄၄၄၀၊ လူဦးရေ ၁၇၄၀၁ ဦး၊ ဖယ်ခုံမြို့နယ်ရှိ အိမ်ထောင်စု ၁၄၁၈ စု၊ လူဦးရေ ၂၂၂၇ ဦး စုစုပေါင်း အိမ်ထောင်စု ၅၂၄၂ စု၊ လူဦးရေ ၂၁၈၄၆ ဦးတို့ အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထား ရေး ဝန်ကြီးဌာနမှ ငွေကျပ် ၂၈၆,၁၈၂,၆၀ဝ တန်ဖိုးရှိ Smart ရှပ်အင်္ကျီ ၂၁၈၄၆ ထည်နှင့် ဆပ်ပြာ ၂၁၈၄၆ ခဲ၊ ထိခိုက်လွယ် လူဦးရေ ၂၅၆၆ ဦးအတွက် လူမှု ထောက်ပံ့ကြေး ငွေကျပ် ၇၆,၉၈၀,၀၀ဝ၊ နယ်စပ်ရေးရာ ဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ အိမ်ထောင်စု ၅၂၄၂ စု၊ လူဦးရေ ၂၁၈၄၆ ဦးအတွက် ငွေကျပ် ၁၅၅,၈၁၈,၄၅ဝ တန်ဖိုးရှိ ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ခေါက်ဆွဲ ခြောက်၊ ကြက်ဥ၊ တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာန မှ ထောက်ပံ့ငွေ ကျပ်သိန်း ၃၀ စုစုပေါင်း ထောက်ပံ့မှု တန်ဖိုး ငွေကျပ် သိန်း ၅၂၂၀ ခန့် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်