ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း မန္တလေးတိုင်းဒေသကြီးအတွင်း ခရိုင်၊ မြို့နယ်များတွင် ရောက်ရှိနေသော ယာယီတိုက်ပွဲရှောင်များကို ဆန်ရိက္ခာနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်

 

နေပြည်တော်  မတ်  ၂၈ 
လတ်တလော       အကြမ်းဖက်ဖြစ်စဉ်များကြောင့် မန္တလေးတိုင်းဒေသကြီးအတွင်း ခရိုင်၊ မြို့နယ်များသို့  တိမ်းရှောင်ရောက်ရှိနေသော ယာယီတိုက်ပွဲရှောင် များကို ဆန်ရိက္ခာဖိုးနှင့် ကယ်ဆယ်ရေးပစ္စည်းများ  ထောက်ပံ့ပေးအပ်ခြင်းကို     ယနေ့နံနက်ပိုင်းက မန္တလေးမြို့   ဗထူး  မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပရာ   လူမှုဝန်ထမ်း၊    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန  ပြည်ထောင်စု ဝန်ကြီး ဒေါက်တာစိုးဝင်း၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်  ဦးမျိုးအောင်၊  တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ တိုင်း ဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ယာယီတိုက်ပွဲရှောင်ပြည်သူများ     တက်ရောက် ကြသည်။
အခမ်းအနားတွင်     ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်တွင်      လတ်တလောဖြစ်ပေါ်နေသော အခြေအနေများနှင့် ထောက်ပံ့ကူညီဆောင်ရွက်ပေး နေမှုများကို ရှင်းလင်းပြောကြားပြီး တိုင်းဒေသကြီး  အတွင်း ရာသီအလိုက် ဖြစ်ပွားတတ်သည့် သဘာဝ ဘေးအန္တရာယ်များနှင့်   ယခုအခါ   ပူပြင်းသော နွေရာသီကာလသို့ ရောက်ရှိနေပြီဖြစ်၍ မိုးလေဝသ နှင့် ဇလဗေဒဖြစ်စဉ်များကြောင့် ကြုံတွေ့ရနိုင်သည့်  လေပြင်းတိုက်ခတ်မှု၊     အပူချိန်လွန်ကဲမှု    စသည့် သဘာဝဘေးအန္တရာယ် များနှင့် စပ်လျဉ်းပြီး သတိပြု  လိုက်နာနေထိုင်ကြရန်တို့ကို  ရှင်းလင်းမှာကြားသည်။
ထောက်ပံ့ငွေပေးအပ်
ဆက်လက်၍       မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်က       တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ထောက်ပံ့ပေးနေမှုများ၊ စီစဉ်ဆောင်ရွက်ထားရှိပေးမှု များကို    ရှင်းလင်းပြောကြားသည်။   ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ် တို့သည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနက  ထောက်ပံ့သည့် ဆန်ရိက္ခာဖိုးငွေကျပ် ၅၆၅ ဒသမ ၉၂ သိန်းနှင့် ငွေကျပ် ၁၈၄ သိန်းကျော်တန်ဖိုးရှိ ကယ်ဆယ်ရေး ပစ္စည်း ၁၆ မျိုး၊ ယာယီတိုက်ပွဲရှောင်ပြည်သူများ အနက်မှ ထိခိုက်လွယ်အုပ်စုဝင်များဖြစ်ကြသည့်  ကိုယ်ဝန်ဆောင်မိခင်နှင့်  အသက်(၅)  နှစ်အောက်  ကလေးငယ်များ၊ မသန်စွမ်းသူများ၊ အသက် ၇၀ နှင့် အထက် သက်ကြီးသူများ စုစုပေါင်း ၁၂၄ ဦးအတွက် ငွေကျပ် ၃၇ သိန်းကျော်တို့ကို ထောက်ပံ့ပေးအပ်သည်။ 
ထို့နောက်  ပြည်ထောင်စုဝန်ကြီးနှင့်  မန္တလေး တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် အမရပူရမြို့နယ်  မဟာဂန္ဓာရုံကျောင်းတိုက်ရှိ ယာယီတိုက်ပွဲရှောင်စုရပ် သို့  သွားရောက်ကာ  တိုက်ပွဲရှောင်ပြည်သူများကို ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကားများ ပြောကြား ပြီး (ဝဲပုံ) ထောက်ပံ့ငွေများ ပေးအပ်၍ လိုအပ်သည် များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကြသည်။ 
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၏     ယနေ့ထောက်ပံ့မှု စုစုပေါင်းမှာ ငွေကျပ် ၇၈၆ ဒသမ ၉၂ သိန်းကျော် ဖြစ်ပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း  မြန်မာ နိုင်ငံတစ်ဝန်းတွင် ဖြစ်ပွားသည့် မီးဘေး၊ လေဘေး၊ ရေဘေး  စသည့်  သဘာဝဘေးအန္တရာယ်များနှင့်  လတ်တလော    အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီတိုက်ပွဲရှောင်ပြည်သူများအတွက် ငွေကျပ်  ၃၂၈၉ သန်းကျော်တန်ဖိုးရှိ ရန်ပုံငွေနှင့် ကယ်ဆယ် ရေးပစ္စည်းများအား ထောက်ပံ့ခဲ့ပြီးဖြစ်သည်။
မွန်းလွဲပိုင်းတွင်       ပြည်ထောင်စုဝန်ကြီးနှင့် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်     တို့သည် မန္တလေးမြို့ နားမကြားသော ကလေးများကျောင်း တွင်  ၁၁ လတာ ဖွင့်လှစ်သင်ကြားခဲ့သော မြန်မာ ‘‘စံ” လက်သင်္ကေတပြဘာသာစကား ကူညီပံ့ပိုးသူများ သင်တန်းဆင်းပွဲအခမ်းအနားသို့ တက်ရောက်သည်။   
သင်တန်းဆင်းလက်မှတ်များပေးအပ်
ဦးစွာ  ပြည်ထောင်စုဝန်ကြီးက  မြန်မာနိုင်ငံ၌ လူဦးရေ၏ ၁၂ ရာခိုင်နှုန်းသည် မသန်စွမ်းသူများ ဖြစ်ပါကြောင်း၊ ယင်းတို့အနက် နားမကြားသော ကလေးများအတွက်     လက်သင်္ကေတပြ  ဘာသာ စကားသည် လူမှုဆက်ဆံရေး၊ ပညာသင်ကြားရေး အပါအဝင် ၎င်းတို့၏  လူနေမှုဘဝတစ်လျှောက်လုံး အတွက် လွန်စွာအရေးကြီးပါကြောင်း၊ သင်တန်းတွင် သင်ကြားခဲ့ရသော အတွေ့အကြုံ၊ ကျွမ်းကျင်မှုများ ကို အရင်းခံ၍ လက်သင်္ကေတပြဘာသာစကားဖြင့်  အကြားအာရုံချို့တဲ့သူများအတွက် ကြိုးစားဆောင် ရွက် ပေးကြစေလိုပါကြောင်းနှင့် အခြားသော စိတ်ပါ ဝင်စားသူများကိုလည်း  ထပ်ဆင့်ဖြန့်ဝေပေးစေလို ပါကြောင်း  တိုက်တွန်းမှာကြားပြီး  သင်တန်းသား တစ်ဦးချင်းစီကို   ပြည်ထောင်စုဝန်ကြီးနှင့်   တိုင်း ဒေသကြီးဝန်ကြီးချုပ်တို့က သင်တန်းဆင်းလက်မှတ် များ ပေးအပ်ချီးမြှင့့်ကြသည်။
သင်တန်းသို့        ပြန်ကြားရေးဝန်ကြီးဌာနမှ သင်တန်းသား သုံးဦး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်    ပြန်လည်နေရာချထားရေး    ဝန်ကြီးဌာနမှ သင်တန်းသား  ၂၁  ဦး  စုစုပေါင်းသင်တန်းသား  ၂၄   ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။ 
သတင်းစဉ်