ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း မိုခါမုန်တိုင်းဘေးသင့်ဒေသများအတွက် နိုင်ငံတကာ၏ အလှူငွေများလှူဒါန်းခြင်းအပေါ် နိုင်ငံခြားရေးဝန်ကြီးဌာနက လွှဲပြောင်းပေးအပ်ပွဲ တက်ရောက်

 

နေပြည်တော်   နိုဝင်ဘာ  ၂၁


မသန်စွမ်းသူမှတ်ပုံတင်လက်မှတ်ရရှိပြီးသူများအား မသန်စွမ်းထောက်ပံ့ကြေးပေးအပ်ခြင်းအခမ်းအနား ကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့်    ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပသည်။ 


ဦးစွာ  ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့်  မသန်စွမ်းသူမှတ်ပုံတင်ခြင်းလုပ်ငန်းကို   ၂၀၂၂-၂၀၂၃  ဘဏ္ဍာနှစ် တွင်   စတင်ဆောင်ရွက်ခဲ့ပြီး  ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် အတွင်း  မြို့နယ် ၁၀ မြို့နယ်တွင်  ဆက်လက်အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊   မသန် စွမ်းမှုအမျိုးအစား၊  မသန်စွမ်းမှုအဆင့်နှင့်    မသန်စွမ်း သူအရေအတွက်    စသည့်     မသန်စွမ်းသူများနှင့်   ပတ်သက်သည့်   အချက်အလက်  (Statistic) များ ရရှိဖော်ထုတ်နိုင်ခြင်းဖြင့် မသန်စွမ်းသူများအတွက်   နိုင်ငံတော်၏   မူဝါဒများ  ချမှတ်၊ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်   များစွာအထောက်အကူပြုမည် ဖြစ်ကြောင်း ပြောကြားသည်။


ယင်းနောက် နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး နှင့်  ပြည်ထောင်စုနယ်မြေ  နေပြည်တော် မသန်စွမ်း သူများအသင်းဥက္ကဋ္ဌ     ဒေါ်ခင်သီတာထွန်းတို့က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ 


ထို့နောက် ပြည်ထောင်စုဝန်ကြီး ၊  နေပြည်တော်ကောင်စီဝင်နှင့်  ညွှန်ကြားရေးမှူးချုပ် များက    ဥတ္တရသီရိမြို့နယ်နှင့်    ဇမ္ဗူသီရိမြို့နယ် အုပ်ချုပ်ရေးမှူးများနှင့်  မသန်စွမ်းကိုယ်စားလှယ်များ ကို  မသန်စွမ်းသူမှတ်ပုံတင်လက်မှတ်နှင့်  မသန်စွမ်း ထောက်ပံ့ကြေးများ ပေးအပ်ခဲ့ကြသည်။ 


ဥတ္တရသီရိမြို့နယ်မှ   မသန်စွမ်းသူ   ၁၆၄  ဦးနှင့် ဇမ္ဗူသီရိမြို့နယ်မှ  မသန်စွမ်းသူ  ၈၉  ဦး  စုစုပေါင်း မသန်စွမ်းသူ ၂၅၃ ဦးတို့ကို မသန်စွမ်းသူမှတ်ပုံတင် လက်မှတ်နှင့် မသန်စွမ်းထောက်ပံ့ကြေးအဖြစ် တစ်ဦး လျှင်   ကျပ်သုံးသောင်းနှုန်းဖြင့်   ငွေကျပ်စုစုပေါင်း (ခုနစ်ဆယ့် ငါးသိန်းကိုးသောင်း)  အား     ထောက်ပံ့ ပေးအပ်ခဲ့ကြောင်းနှင့်   ၂၀၂၁  ခုနှစ်   ဖေဖော်ဝါရီမှ ယနေ့အထိ   မသန်စွမ်းသူ  ၃၉၂၆၈  ဦးအတွက် ထောက်ပံ့ငွေ စုစုပေါင်းငွေကျပ် ၁၂၁၂ ဒသမ ၂၂၅   သန်း ထောက်ပံ့ပေးအပ်ခဲ့ပြီးဖြစ်သည်။
မွန်းလွဲပိုင်းတွင် မိုခါမုန်တိုင်းဘေးသင့်ဒေသများ အတွက် အလှူငွေများ လွှဲပြောင်းပေးအပ်ခြင်း အခမ်း အနားကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန    ဝန်ကြီးရုံးအစည်း အဝေးခန်းမတွင် ကျင်းပသည်။   


အခမ်းအနားတွင်     နိုင်ငံခြားရေးဝန်ကြီးဌာနဒုတိယဝန်ကြီး ဦးလွင်ဦးက  နိုင်ငံခြားရေးဝန်ကြီးဌာန အနေဖြင့်      မိုခါမုန်တိုင်းသင့်ဒေသများအတွက် နိုင်ငံတကာအလှူရှင်များ၏      လှူဒါန်းငွေများကို လာရောက်လွှဲပြောင်းပေးအပ်လျက်ရှိရာ  ယခုသည် တတိယအကြိမ်မြောက်  ဖြစ်ပါကြောင်း၊  ယခုလှူဒါန်း မှုတွင်  လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံက အမေရိကန် ‌ဒေါ်လာ ၅ သောင်း၊  ကိုရီးယားသမ္မတ နိုင်ငံမှ Mr. Ahn Jae Young  က  အမေရိကန် ၇၃၈ ဒေါ်လာနှင့်  စင်ကာပူနိုင်ငံရောက်   မြန်မာနိုင်ငံသား များက  အမေရိကန်ဒေါ်လာ  ၆၀၀  တို့ဖြစ်ကြောင်း ပြောကြားသည်။


ယင်းနောက်  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန  ပြည်ထောင်စု ဝန်ကြီးက မိုခါမုန်တိုင်းအတွက် နိုင်ငံခြားရေးဝန်ကြီး ဌာနက  ဦးဆောင်ပြီး  ပြည်တွင်း/ပြည်ပအလှူရှင် များ၏  လှူဒါန်းရရှိငွေမှာ  မြန်မာငွေကျပ်  ၃၃ ဒသမ ၂၆၄  ဘီလီယံနှင့်  အမေရိကန်ဒေါ်လာ   ၈၄၅၆၁၉ ဒသမ  ၄၃   တို့ဖြစ်ပါကြောင်း၊  မိုခါအရေးပေါ်တုံ့ပြန်ရေး နှင့်     ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် ယနေ့အထိ     ငွေကျပ်  ၆၈ ဒသမ ၇၄၃ ဘီလီယံ သုံးစွဲခဲ့ပါကြောင်း၊  ယခုလာရောက်လှူဒါန်းငွေများကိုလည်း  အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေသို့ထည့်သွင်းပြီး   လိုအပ်သည့် နေရာများတွင် စနစ်တကျ  သုံးစွဲဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ အလှူရှင်များနှင့် ကိုယ်စားလာရောက် လှူဒါန်းသည့် နိုင်ငံခြားရေးဝန်ကြီးဌာနကို ကျေးဇူး တင်ပါကြောင်းနှင့် လေးစားစွာမှတ်တမ်းတင်အပ်ပါ ကြောင်း    ပြောကြား၍   အလှူငွေများကိုလက်ခံပြီး ဂုဏ်ပြုလွှာများ ပြန်လည်ပေးအပ်သည်။


ထို့နောက်  ပြည်ထောင်စုနယ်မြေ  နေပြည်တော် အတွင်းရှိ  ဝန်ကြီးဌာနများတွင် နေ့ကလေးထိန်းဌာန များဖွင့်လှစ်နိုင်ရန်  ရည်ရွယ်ဖွင့်လှစ်သော အသက် (၆)လမှ (၃)နှစ်အရွယ် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့်  ဖွံ့ဖြိုးရေးဆိုင်ရာသင်တန်း၏ သင်တန်းဆင်းပွဲအခမ်းအနားကို  ဆက်လက်ကျင်းပ ခဲ့ရာ  ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြား ပြီး သင်တန်းသူများကို  သင်တန်းဆင်းလက်မှတ်များ ချီးမြှင့်ပေးအပ်ရာ သင်တန်းသူများကိုယ်စား သင်တန်း သူ တစ်ဦးက ကျေးဇူးတင်စကား ပြောကြားသည်။  


ယင်းနောက်   သင်တန်းသူများက ကလေးသူငယ် ဖွံ့ဖြိုးရေးအသိပညာပေးသီချင်းဖြင့် ဖျော်ဖြေတင်ဆက် ခဲ့ပြီး    ပြည်ထောင်စုဝန်ကြီးနှင့်   တာဝန်ရှိသူများက သင်တန်းသူများ၏ လက်မှုပစ္စည်းများကို  လှည့်လည် ကြည့်ရှုခဲ့ကြောင်း သိရသည်။ 


သတင်းစဉ်