
နေပြည်တော် နိုဝင်ဘာ ၉
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် ကုလ သမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာ မင်းကြီးရုံး (UNHCR) ၏ တတိယ ရာထူးအကြီးဆုံးနှင့် ကုလသမဂ္ဂလက်ထောက်အတွင်းရေးမှူးချုပ် ဖြစ်သူ လုပ်ငန်းလည်ပတ်မှုဆိုင်ရာ လက်ထောက် မဟာမင်းကြီး Mr. Raouf Mazou ဦးဆောင် သောအဖွဲ့ကို ယနေ့ နံနက် ၉ နာရီတွင် အဆိုပါ ဝန်ကြီး ဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် Mr. Raouf Mazou ၏ မြန်မာနိုင်ငံခရီးစဉ် အတွင်း ရခိုင်ပြည်နယ် မောင်တော မြို့၊ စစ်တွေမြို့နှင့် ရှမ်းပြည်နယ် တောင်ကြီးမြို့များသို့ သွားရောက် လေ့လာခဲ့မှု၊ ဝန်ကြီးဌာနနှင့် UNHCR တို့အကြား နားလည်မှု စာချွန်လွှာ (MoU) လက်မှတ် ရေးထိုးနိုင်ရေး ဆောင်ရွက်နေမှု၊ UNHCR ၏ နိုင်ငံခြားသားဝန်ထမ်း များအတွက် ပြည်ဝင်ခွင့်ဗီဇာနှင့် ပြည်တွင်းခရီးသွားလာခွင့် ကိစ္စ များ၊ လူသားချင်းစာနာမှုအကူအညီ ပေးရေးဆိုင်ရာ ကိစ္စရပ်များနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက် မည့်ကိစ္စများကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြ သည်။
တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးစိုးကြည်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ အာရှ-ပစိဖိတ်ဒေသဆိုင်ရာ ဗျူရိုညွှန်ကြား ရေးမှူး Mr. Indrika Ratwattee ၊ UNHCR ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Ms. Noriko Takagi နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရ သည်။
သတင်းစဉ်