ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်အား လက်ခံတွေ့ဆုံ

 

နေပြည်တော်    စက်တင်ဘာ   ၆


လူမှုဝန်ထမ်း၊  ကယ်ဆယ်ရေးနှင့်   ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန     ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည်   ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာ  မဟာမင်းကြီးရုံး (UNHCR) ၏  မြန်မာနိုင်ငံ ဆိုင်ရာ ကိုယ်စားလှယ် Ms. Noriko Takagi ဦးဆောင် သောအဖွဲ့ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံ တွေ့ဆုံသည်။


တွေ့ဆုံစဉ်    ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏   သဘာဝဘေးနှင့် ပဋိပက္ခကြောင့် နေရပ်စွန့်ခွာသူများနှင့် ဒုက္ခသည် များအား လူသားချင်းစာနာမှုနှင့် အကာအကွယ်ပေး မှု  လုပ်ငန်းတာဝန်များ၊  ပဋိပက္ခဖြစ်ပွား၍  နေရပ် စွန့်ခွာသူများရှိသည့် ပြည်နယ်နှင့် တိုင်းဒေသကြီးများ တွင်  ပြည်တွင်းနေရပ်စွန့်ခွာသူများအား UNHCR က အထောက်အပံ့ပေးမှုများ၊ ဝန်ကြီးဌာနနှင့် UNHCR တို့အကြား နားလည်မှုစာချွန်လွှာ(MoU) လက်မှတ် ရေးထိုးနိုင်ရေး ညှိနှိုင်းဆောင်ရွက်နေမှုများ၊ UNHCR က မိုခါမုန်တိုင်းသင့်ပြည်သူများအတွက် လူသားချင်း စာနာမှု အကူအညီပေးအပ်မည့် ဆိုလာမီးအိမ်များ အား  ရန်ကုန်မြို့တွင်လက်ခံ၍   ရခိုင်ပြည်နယ်သို့ ပို့ဆောင်ရန် ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး(UN-OCHA)နှင့် ပူးပေါင်းဆောင်ရွက် နေသည့်အခြေအနေများ၊ နိုင်ငံခြားသားဝန်ထမ်းများ ၏ ပြည်တွင်းခရီးသွားလာခွင့် ရရှိလိုသည့်ကိစ္စများ နှင့်  ပြည်ဝင်ဗီဇာရရှိလိုသည့်ကိစ္စများကို   ဆွေးနွေး ကြသည်။


တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးစိုးကြည်၊ အမြဲတမ်း အတွင်းဝန်၊   ဦးစီးဌာနများမှ   ညွှန်ကြားရေးမှူးချုပ် များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာန (DMC)၌ ကျင်းပသည့်   မိုခါဆိုင်ကလုန်းမုန်တိုင်းသင့်ဒေသ များအတွက်   ယူနန်ပြည်နယ်   Yunnan   Provincial People’s   Association   for   Friendship   with Foreign Countries (YNPAFFC) က    ပြန်လည် ထူထောင်ရေးဆိုင်ရာပစ္စည်းများ    ပေးအပ်လှူဒါန်း ခြင်း အခမ်းအနားသို့ တက်ရောက်သည်။


အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ် ပြည်သူ့သမ္မတနိုင်ငံ သံရုံးယာယီတာဝန်ခံ   ညွှန်ကြား ရေးမှူးနှင့် Yunnan Commercial Representative Office  ညွှန်ကြားရေးမှူး   Mr. Gao Wei တို့က လှူဒါန်းရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြား ကြပြီး ပြည်ထောင်စုဝန်ကြီးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ ဆိုင်ရာ   တရုတ်ပြည်သူ့သမ္မတနိုင်ငံ   သံရုံးယာယီ တာဝန်ခံ ညွှန်ကြားရေးမှူးနှင့် Yunnan Commercial Representative Office ညွှန်ကြားရေးမှူးတို့ကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။


ယခုလှူဒါန်းမှုမှာ   ယူနန်ပြည်နယ်    Yunnan Provincial People’s Association for Friendship with  Foreign  Countries  (YNPAFFC) က      မိုခါ ဆိုင်ကလုန်းမုန်တိုင်းသင့်       ဒေသများအတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်ရာ တွင် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန် အတွက်    ယွမ် (၁၀၀,၀၀၀)  တန်ဖိုးရှိ     ပြန်လည် ထူထောင်ရေးပစ္စည်းများဖြစ်ကြောင်းနှင့်     မိုခါ ဆိုင်ကလုန်းမုန်တိုင်းဘေးအတွက် ပြည်တွင်း/ ပြည်ပ စေတနာရှင်များနှင့်  နိုင်ငံတကာအသိုင်းအဝိုင်းတို့မှ လှူဒါန်းထောက်ပံ့မှုများကို တပ်မတော်နှင့် ပို့ဆောင် ရေးနှင့်    ဆက်သွယ်ရေးဝန်ကြီးဌာနမှ    ရေယာဉ်၊ လေယာဉ်များဖြင့်စစ်တွေမြို့သို့ အမြန်ဆုံးပို့ဆောင် ပေးပြီး စစ်တွေမြို့မှတစ်ဆင့် ဘေးသင့်ဒေသမြို့နယ် များအထိ    ဆက်လက်ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။ 


သတင်းစဉ်