ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း စခန်းအခြေပြုပြန်လည်ထူထောင်ရေးသင်တန်း(၁/၂၀၂၃) ဖွင့်ပွဲအခမ်းအနားနှင့် သက်တံ့အိမ် မသန်စွမ်းပြန်လည်ထူထောင်ရေးဂေဟာ အဆောက်အအုံဖွင့်ပွဲများ တက်ရောက်

 

နေပြည်တော်   ဇန်နဝါရီ   ၁၀


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်  ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီး ဌာန၊ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင် ရေးစခန်း(ကျိုင်းတုံ)၌  စခန်းအခြေပြု   ပြန်လည် ထူထောင်ရေးသင်တန်းအမှတ်စဉ်(၁/၂၀၂၃)ကို ယနေ့ နံနက် ၉ နာရီတွင် ကျင်းပသည်။ 


မူးယစ်ဆေးသုံးစွဲမှုကင်းစင်ရေး


ဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း က သင်တန်းများတွင် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ပေးခြင်းနှင့်   အသက်မွေးဝမ်း ကျောင်း ပညာသင်ကြားပေးခြင်းတို့ကို သင်ကြားပေး လျက်ရှိပါကြောင်း၊  မူးယစ်ဆေးသုံးစွဲမှု လျော့နည်း စေရေးနှင့် မူးယစ်ဆေးသုံးစွဲမှု ကင်းစင်ရေးတို့အတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက် ပေးရခြင်းဖြစ်ပါကြောင်း၊ လူငယ်များကို အသိပညာ ပေးရုံသာမက ပြည်သူလူထုနှင့် ဌာနဆိုင်ရာများက လည်း  ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန် လိုအပ်ပါ ကြောင်း ပြောကြားသည်။


ယင်းနောက်    တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ကိုယ်စား ပြည်နယ် အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့) ဥက္ကဋ္ဌနှင့် ခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနတို့က စားသောက် ဖွယ်ရာများ၊ ထောက်ပံ့ငွေနှင့်အားကစားပစ္စည်းများ ပေးအပ်ရာ  စခန်းမန်နေဂျာက   လက်ခံရယူသည်။ ထို့နောက်   ပြည်ထောင်စုဝန်ကြီးနှင့်   အဖွဲ့သည် သင်တန်းသားများကို ရင်းရင်းနှီးနှီး တွေ့ဆုံအားပေး စကားပြောကြားပြီး  သင်တန်းသားအိပ်ဆောင်နှင့် ကျောင်းပတ်ဝန်းကျင်ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။


ဖဲကြိုးဖြတ်ဖွင့်လှစ်


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများသည် လူမှုဝန်ထမ်း၊  ကယ်ဆယ်ရေးနှင့်  ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် New Humanity Myanmar (NHM) တို့ ပူးပေါင်း ဖွင့်လှစ်သော ကျိုင်းတုံမြို့နယ် သက်တံ့အိမ်  မသန် စွမ်းပြန်လည်ထူထောင်ရေး နေ့ပိုင်းစောင့်ရှောက်ရေး ဂေဟာကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး ကမ္ပည်း ဆိုင်းဘုတ်ကို အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေး ကြသည်။ 


လက်ဆောင်ပစ္စည်းများ ပေးအပ်


ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် သက်တံ့ အိမ်မသန်စွမ်း ပြန်လည်ထူထောင်ရေးဂေဟာတွင် နေ့ပိုင်းစောင့်ရှောက်မှုပေးနေသော   မသန်စွမ်း ကလေးငယ်များနှင့်   ရင်းရင်းနှီးနှီး   တွေ့ဆုံပြီး စားသောက်ဖွယ်ရာများနှင့် လက်ဆောင်ပစ္စည်းများ ကို ပေးအပ်သည်။ သက်တံ့အိမ်မသန်စွမ်း ပြန်လည် ထူထောင်ရေး နေ့ပိုင်းစောင့်ရှောက်ရေးဂေဟာသည် မသန်စွမ်း ကလေးငယ်  ၅၀ ကို လက်ခံစောင့်ရှောက် ပေးနိုင်ပြီး  ဂေဟာကို  ၂၀၂၃  ခုနှစ်တွင် ဆောက်လုပ် ခဲ့ခြင်းဖြစ်သည်။


ဝန်ကြီးဌာနက ထောက်ပံ့လျက်ရှိသော ကိုယ်ဝန် ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားသောကလေး အသက် နှစ်နှစ်အထိ ထောက်ပံ့မှုများကို ကလေးငယ် များ အာဟာရဖွံ့ဖြိုးရေးကို ဦးတည်ဆောင်ရွက်လျက် ရှိရာ  ကျိုင်းတုံခရိုင်အတွင်းရှိ  မြို့နယ် ငါးမြို့နယ် အတွက် အကျိုးခံစားခွင့်ရှိသူ စုစုပေါင်း ၅၄၉၅ ဦးကို ၂၀၂၃ ခုနှစ် စက်တင်ဘာလတွင် ထောက်ပံ့ပေးခဲ့ပြီး ဖြစ်သည်။

ယခုအခါတွင် နိုင်ငံသားအသိအမှတ်ပြု ကတ်ပြားပြန်လည်ဆောင်ရွက်ပြီးသော အကျိုးခံစား ခွင့်ရှိသူ  ၄၁၄   ဦးအတွက်   ဒုတိယအသုတ်အဖြစ် ထောက်ပံ့ပေးခဲ့သည်။  ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားသော ကလေးအသက် နှစ်နှစ်အထိ ထောက်ပံ့မှုများကို ကလေးစုစုပေါင်း ၅၈၇၃ ဦး အတွက်  ထောက်ပံ့ငွေကျပ်  ၂၅၅ ဒသမ ၆၃  သန်း ထောက်ပံ့ပြီးဖြစ်ကြောင်း သိရသည်။    


သတင်းစဉ်