ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနှင့်အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှုလုပ်ငန်းအတွက် ရပ်ဝန်းနှင့် ပိုးလမ်းမနိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဝန်ကြီးများအဆင့်ဖိုရမ် (၂၀၂၃) သို့ တက်ရောက်

 

နေပြည်တော် နိုဝင်ဘာ ၁၇
ဘေးအန္တရာယ်ကြောင့်ထိခိုက် ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနှင့်အရေး ပေါ်အခြေအနေ စီမံခန့်ခွဲမှုလုပ်ငန်း အတွက် ရပ်ဝန်းနှင့်ပိုးလမ်းမနိုင်ငံ များ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဝန်ကြီးများအဆင့် ဖိုရမ် (၂၀၂၃) (2023 Belt and Road Minist-erial Forum   for   International Cooperation in Disaster Risk Reduction  and  Emergency Management -    BRIDRREM)  ကို တရုတ်ပြည်သူ့ သမ္မတနိုင်ငံက ကြီးမှူး၍ နိုဝင်ဘာ ၁၆ ရက် ညနေ ပိုင်းတွင် Video Conferencing စနစ်ဖြင့် ကျင်းပရာ လူမှုဝန်ထမ်း၊  ကယ်ဆယ်ရေးနှင့်  ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန        ပြည် ထောင်စုဝန်ကြီး ဒေါက်တာ စိုးဝင်း   တက်ရောက်သည်။
ဖွင့်ပွဲ         အခမ်းအနားတွင် တရုတ်ပြည်သူ့   သမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ်   Mr. LIU Guozhong က  ယနေ့ဖိုရမ်ကို “Emergency Management: Safety and Prevention First” ဆောင်ပုဒ်ဖြင့် ကျင်းပခြင်းဖြစ်ပြီး ရပ်ဝန်းနှင့်   ပိုးလမ်းမကြီးတွင် ပါဝင်သော  နိုင်ငံများအားလုံး၏ ပူးပေါင်းဆောင်ရွက်မှုဖြင့်  ဘေး အန္တရာယ်  ကြိုတင်ပြင်ဆင်ရေး၊ ကြိုတင်ကာကွယ်ရေးနှင့် လုပ်ငန်း ခွင် ဘေးကင်းလုံခြုံရေးကို ပိုမို ထိရောက်အောင်  ဆောင်ရွက်ရန် ဖြစ်ကြောင်း   အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက်       နိုင်ငံအလိုက် ဘေးအန္တရာယ် စီမံခန့်ခွဲမှုလုပ်ငန်း များကို နိုင်ငံပေါင်း ၂၄ နိုင်ငံက အလှည့်ကျ  ဆွေးနွေးတင်ပြရာ မြန်မာနိုင်ငံ၏          သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းများနှင့်စပ်လျဉ်း၍        ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ စိုးဝင်းက ဖိုရမ် ကျင်းပမှုသည်            သဘာဝဘေး အန္တရာယ်၊ ရာသီဥတုပြောင်းလဲမှု နှင့် ကိုဗစ်-၁၉ ကဲ့သို့ ကပ်ရောဂါ ဖြစ်ပွားမှုများကို  ပူးပေါင်းဆောင် ရွက်ရေးအတွက်   ဆွေးနွေးရန် အချိန်အခါကောင်းဖြစ်ပါကြောင်း၊ ဘေးဒဏ်ကြံ့ကြံ့ခံနိုင်သော  လူ့ အဖွဲ့အစည်း တည်ဆောက်ရန်ဆို သော  ရည်မှန်းချက်ပန်းတိုင်ကိုရောက်ရှိစေရန်   သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် နိုင်ငံ တစ်နိုင်ငံ တည်း  ဖြေရှင်းဆောင်ရွက်ပါက အချိန်များစွာ       ယူရမည်ဖြစ် ကြောင်း၊ ထို့ကြောင့် တရုတ်နိုင်ငံ က ၂၀၂၀ ပြည့်နှစ်တွင် BRIDRREM ကို   စတင်အကောင်အထည်ဖော်ခဲ့ ခြင်းဖြစ်ကြောင်း၊   မြန်မာနိုင်ငံ သည်   သဘာဝဘေးအန္တရာယ် ကျရောက်လွယ်သော  နိုင်ငံဖြစ် သဖြင့် ဘေးအန္တရာယ်စီမံခန့်ခွဲမှု ကို ထိထိရောက်ရောက်ဆောင်ရွက် နိုင်ရန်      သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေကို  ၂၀၁၃ ခုနှစ်နှင့် နည်းဥပဒေကို ၂၀၁၅ခုနှစ် တွင် ပြဋ္ဌာန်းခဲ့ပါကြောင်း၊ လုပ်ငန်း များ ထိရောက်စွာ ဆောင်ရွက်နိုင် ရန်         အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ            စီမံခန့်ခွဲမှု ကော်မတီကို          နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ       ဒုတိယ ဥက္ကဋ္ဌ၏   ဦးဆောင်မှုဖြင့်   ဖွဲ့စည်း ထားရှိပြီး        တည်မြဲအမိန့်ကို ပြန်လည်ပြင်ဆင်ရေးဆွဲ ထုတ်ပြန် ပြီးဖြစ်ကြောင်း၊ ဘေးဒဏ်ကြံ့ကြံ့ခံ နိုင်ရေးအတွက်    ဆိုင်ကလုန်း ဒဏ်ခံအဆောက်အဦများ  တည် ဆောက်ခြင်း၊            သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှု    သင်တန်း ကျောင်း တည်ထောင်ခြင်း၊ အရေး ပေါ်အခြေအနေ   စီမံခန့်ခွဲမှုဗဟို ဌာန(EOC)ကို ခိုင်မာအားကောင်း စေရန်   အဆင့်မြှင့်တင်ခြင်း၊ ကြိုတင်သတိပေးစနစ်များ ပြည်သူ လူထုထံ    အမြန်ဆုံးရောက်ရှိစေရန် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း ၍ နည်းလမ်းစုံဖြင့် ဖြန့်ဝေလျက် ရှိကြောင်း၊ တရုတ်ပြည်သူ့သမ္မတ နိုင်ငံအစိုးရမှ            သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းများအတွက်    ပံ့ပိုးကူညီခဲ့မှုများကို  အထူးကျေးဇူးတင်ရှိ  ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်  သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင် ခြေ   လျှော့ချရေး ဆောင်ရွက်ရာ တွင်   ခေတ်မီနည်းပညာများကို အသုံးပြုပြီး ထိထိရောက်ရောက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။ 
ထို့နောက်   ဖိုရမ်သို့   တက် ရောက်သော  နိုင်ငံများက  2023 Belt and Road Ministerial For-um for International Cooper-ation in Disaster Risk Reduc-tion and Emergency Manag- ement(BRIDRREM) ၏ ပူးတွဲ ကြေညာချက် (JointStatement) ကို အတည်ပြုခဲ့ကြပြီး တရုတ် ပြည်သူ့ သမ္မတနိုင်ငံမှ အရေးပေါ် စီမံခန့်ခွဲမှုဝန်ကြီးဌာနဝန်ကြီး  Mr. WANG Xiangxi က နိဂုံးချုပ်စကား        ပြောကြား၍  အစည်းအဝေးကို  ရုပ်သိမ်းခဲ့သည်။          

သတင်းစဉ်