
နေပြည်တော် မတ် ၂
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဌေးအောင်သည် ယနေ့မွန်းလွဲပိုင်း တွင် အဆိုပါဝန်ကြီးဌာန နီလာခန်းမ၌ ထိုင်းနိုင်ငံ Kasetsart University မှ ကြီးမှူး၍ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့ ပါဝင် သော CLMVT Forum ၏ အကျိုးကျေးဇူးများနှင့် ဖိုရမ်များ ဆက်လက်ကျင်းပရေးဆိုင်ရာ ညှိနှိုင်း ဆွေးနွေးပွဲသို့ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက် သည်။
ဆွေးနွေးပွဲသို့ ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် များနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်နှင့် ညီနောင်အသင်းများမှ တာဝန်ရှိသူများ က အွန်လိုင်းမှ တက်ရောက်ကြသည်။
ဆွေးနွေးပွဲ၌ ပြည်ထောင်စုဝန်ကြီးက CLMVT Forum သည် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့အကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍတိုးတက်ရေး ပူးပေါင်းဆောင် ရွက်မှုမြှင့်တင်ဆောင်ရွက်နိုင်ရန် ထိုင်းနိုင်ငံ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ကြိုးစား အားထုတ်မှု အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ပါ ကြောင်း၊ ဖိုရမ်သည် CLMVT နိုင်ငံများ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ လုပ်ဆောင်ချက်တစ်ခုသာမက အစိုးရ၊ ပုဂ္ဂလိက၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ကျွမ်းကျင် ပညာရှင်များထံမှ အကြံပြုချက်များ၊ ပညာရပ်များနှင့် အမြင်များမှတစ်ဆင့် ဒေသတွင်း ပူးပေါင်းဆောင်ရွက် မှုကို မြှင့်တင်နိုင်ပါကြောင်း၊ ထို့အပြင် CLMVT နိုင်ငံ များအကြား ကိုဗစ်−၁၉ ကပ်ရောဂါအလွန် တွေ့ကြုံ ရမည့်အခြေအနေများနှင့် ကုန်သွယ်ရေးနှင့် ရင်းနှီး မြှုပ်နှံမှုကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ မဟာဗျူဟာများကို လေ့လာသုံးသပ်ဆွေးနွေး နိုင်ခဲ့ပါကြောင်း။
ခရီးသွားလုပ်ငန်းသည် CLMVT နိုင်ငံများအတွက် သာမက နိုင်ငံတကာတွင် စီးပွားရေးနှင့် လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အကျိုးပြုသော အဓိက အရေးပါသည့် လုပ်ငန်းကဏ္ဍများအနက် တစ်ခုပင် ဖြစ်ပါကြောင်း၊ ဖိုရမ်ကထွက်ပေါ်လာသော ရလဒ်များ က CLMVT နိုင်ငံများအတွက် အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေးနှင့် အကောင်အထည်ဖော်ရေးအတွက် ရှင်းလင်းလွယ်ကူ သော လမ်းညွှန်ချက်များနှင့် အကြုံပြုချက်များမှ တစ်ဆင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုနှင့် အကျိုးကျေးဇူးများကို ဖြစ်ပေါ်လာစေမည်ဟု ယုံကြည်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အစိုးရ−ပုဂ္ဂလိက ကဏ္ဍများအတွက် ကိုဗစ်−၁၉ ကပ်ရောဂါ ကာလနှင့် အလွန်ကာလများတွင် စီးပွားရေးနှင့် ခရီးသွားလုပ်ငန်း ပြန်လည်ဖွံ့ဖြိုးတိုးတက်လာရေးအတွက် မူဝါဒပိုင်းဆိုင်ရာ အကြံပြုချက်များနှင့် ဆောင်ရွက်သင့်သော နည်းလမ်းများစသည့် အကျိုး ကျေးဇူးများကို ရရှိပါကြောင်း၊ ယနေ့ဆွေးနွေးပွဲက နောင်တွင် ကျင်းပမည့် CLMVT Forum အား မြန်မာ နိုင်ငံအတွက်သာမက ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့အကြား အကျိုးဖြစ်ထွန်း ပြီး အထောက်အပံ့ဖြစ်သော ဖော်ထုတ်ချက်များ ပေါ်ထွက်လာမည့် ပြီးပြည့်စုံသော ဖိုရမ်တစ်ခုဖြစ်ရေး ကြိုးစားဆွေးနွေးကြစေလိုပါကြောင်း ပြောကြား သည်။
ယင်းနောက် ထိုင်းနိုင်ငံ Kasetsart University မှ Dr. Montchai Pinitjitsamut က CLMVT Forum ကျင်းပခဲ့ခြင်းနှင့် ဆက်လက်ကျင်းပရေး၊ အကျိုး ကျေးဇူးနှင့် ရလဒ်တို့ကို ဆွေးနွေးတင်ပြပြီး ဟိုတယ် နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးဇေယျာမျိုးအောင်နှင့် မြန်မာနိုင်ငံမှ တက်ရောက်လာသော ကိုယ်စားလှယ်များက CLMVT Forum တက်ရောက်ခဲ့မှုအတွေ့အကြုံများ၊ ဖိုရမ်မှ ရရှိခဲ့သည့် အစိုးရ/ ပုဂ္ဂလိက ကဏ္ဍအတွက် အကျိုး ကျေးဇူးများ၊ ဖိုရမ်များ အောင်မြင်စွာ ဆက်လက် ကျင်းပပြုလုပ်ရေး ဆောင်ရွက်ပေးစေလိုသည့်အချက် များ၊ ဖိုရမ်အစီအစဉ်များတွင် ခရီးသွားလုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကဏ္ဍများ ထပ်မံထည့်သွင်း ရေးနှင့် ရှေ့ဆက်ဆောင်ရွက်ရာတွင် ခရီးသွား လုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်လိုသည့် ကိစ္စရပ် များကို ပြန်လည်ဆွေးနွေးခဲ့ပြီး ပြည်ထောင်စုဝန်ကြီး က နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်