ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင် ကျိုင်းတုံမြို့နှင့်တာချီလိတ်မြို့များ၌ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်

 

နေပြည်တော် ဒီဇင်ဘာ ၂၇
ဟိုတယ်နှင့်    ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင် သည် ယနေ့နံနက်ပိုင်းတွင် တာချီလိတ် မြို့  ရွှေတိဂုံစေတီတော်သို့ သွား ရောက်ဖူးမြော်ကာ   ဘုရားဖူးခရီး သွားဧည့်သည်များ    အဆင်ပြေ ချောမွေ့စွာ လာရောက်ဖူးမြော်နိုင် ရေး   ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးသည်။ 
ထို့နောက်   ထိုင်း - မြန်မာ အမှတ်(၁) ချစ်ကြည်ရေးတံတား သို့သွားရောက်၍     ခရီးသွား ဧည့်သည်များ  အဆင်ပြေလွယ်ကူ ချောမွေ့စွာ   ဝင်/ထွက်နိုင်ရေး၊ နယ်စပ်ဖြတ်ကျော်     ခရီးသွား လုပ်ငန်းများ    အဆင်ပြေစေရေး  ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှု ပြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြား မှုဦးစီးဌာန       တာချီလိတ်ရုံးခွဲ၌ ဝန်ထမ်းများနှင့်     တွေ့ဆုံ၍ လုပ်ငန်းကျွမ်းကျင်မှုနှင့်  ဘာသာ စကားကျွမ်းကျင်မှုရှိရေး ကြိုးစား ကြရန် မှာကြားသည်။
အလားတူ    ယမန်နေ့နံနက် ပိုင်းတွင်    ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည်      တာချီလိတ်မြို့ ဝမ်ပုံစံပြကျေးရွာအနီးရှိ     ဝမ်ပုံ အပြည်ပြည်ဆိုင်ရာ    ပြည်တွင်း ဆိပ်ကမ်းသို့သွားရောက်၍    ခရီး သွားလုပ်ငန်း  ဆောင်ရွက်နိုင်ရေး ကြည့်ရှုစစ်ဆေးသည်။
ထို့နောက်  မိုင်းဖုန်းကျေးရွာရှိ မိုင်းဖုန်းဆရာတော်ဘုရားကျောင်း သို့သွားရောက်၍      ခရီးသွား ဧည့်သည်များ လာရောက်ဖူးမြော် ပြီး   ဘုရားဖူးခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက် နိုင်ရေးနှင့်        တာချီလိတ်မြို့ရှိ ရွှေတြိဂံပါရာဒိုက်စ်       ဟိုတယ်၌ တာဝန်ရှိသူများနှင့်     တွေ့ဆုံ၍  ခရီးသွား       ဧည့်သည်များကို ဝန်ဆောင်မှုကောင်းများ  ပေးနိုင် ရေးကြည့်ရှုစစ်ဆေးကာ   လိုအပ် သည်များ မှာကြားသည်။
ယင်းနောက်   ပြည်ထောင်စု ဝန်ကြီးသည်         မဲခေါင်မြစ် တစ်လျှောက်      ရေယာဉ်ဖြင့် လှည့်လည်ကြည့်ရှုကာ မြစ်တွင်း အပျော်စီးသင်္ဘော ခရီးသွားလုပ်ငန်း အကောင်အထည်    ဖော်နိုင်မှုကို လှည့်လည်ကြည့်ရှုသည်။  
မွန်းလွဲပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးသည်    တာချီလိတ်မြို့ရှိ ဝမ်းဂျီဝမ်းဟိုတယ်၌  ဌာနဆိုင်ရာ များ၊ ခရီးစဉ်ဒေသစီမံခန့်ခွဲမှုအဖွဲ့ များ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ရှင်များနှင့်တွေ့ဆုံ၍   တာချီလိတ် မြို့သည် ထိုင်းနိုင်ငံနှင့် နယ်နိမိတ် ချင်း ဆက်စပ်လျက်ရှိပြီး နယ်စပ် ဒေသ    ခရီးသွားလုပ်ငန်း    ဖွံ့ဖြိုး တိုးတက်ရေးအတွက်    အလား အလာရှိကြောင်း၊      ခရီးသွား လုပ်ငန်းလုပ်ကိုင်သူများအနေဖြင့် ခရီးသွားပိုမိုဝင်ရောက်ရေးအတွက် ဈေးကွက်ရှာဖွေရေး  ကိစ္စရပ်များ ကို ဝိုင်းဝန်းဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ ခရီးစဉ်ဒေသအသစ် များ   ဖော်ထုတ်ကြရမည်ဖြစ်ပြီး ခရီးသွားများကို    ဝန်ဆောင်မှု ကောင်းများပေးနိုင်ရေး  ကြိုးစား ကြရမည်ဖြစ်ကြောင်း၊ ဒေသထုတ် ကုန်များ  တိုးမြှင့်ထုတ်လုပ်နိုင်ရေး၊ ခရီးသွားလုပ်ငန်း  ဖွံ့ဖြိုးတိုးတက် ရေးတို့အတွက် အားလုံးဟန်ချက် ညီညီ ပူးပေါင်းဆောင်ရွက်ကြစေ လိုကြောင်း ပြောကြားသည်။
ထို့နောက်    ပြည်နယ်အစိုးရ အဖွဲ့ဝင် စီးပွားရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက ရှမ်းပြည်နယ် အတွင်း ခရီးသွားလုပ်ငန်းဆောင် ရွက်နေမှု၊ ခရီးစဉ်ဒေသ စီမံခန့်ခွဲ မှုဆိုင်ရာများနှင့်     စပ်လျဉ်း၍ တင်ပြချက်များအပေါ်    ပြည် ထောင်စုဝန်ကြီးက    ပြန်လည် ရှင်းလင်းဆွေးနွေးသည်။
ထို့ပြင် ဒီဇင်ဘာ ၂၅ ရက်တွင် ပြည်ထောင်စုဝန်ကြီးသည် ရှမ်း ပြည်နယ်အစိုးရအဖွဲ့ဝင်    စီးပွား ရေးရာဝန်ကြီး  ဦးခွန်သိန်းမောင်၊ တာဝန်ရှိသူများနှင့်အတူ ကျိုင်းလပ် မြို့ရှိ မြန်မာ-လာအို ချစ်ကြည်ရေး တံတားသို့သွားရောက်၍    ရှမ်း ပြည်နယ် (အရှေ့ပိုင်း)   နယ်စပ် ဒေသများ၌   နယ်စပ်ဖြတ်ကျော် မော်တော်ယာဉ်တန်းခရီးစဉ်များနှင့် နယ်စပ်ဒေသ ခရီးသွားလုပ်ငန်း များ        အဆင်ပြေချောမွေ့စွာ ဖော်ဆောင်နိုင်ရေး  ကြည့်ရှုစစ်ဆေး သည်။                  
  သတင်းစဉ်