ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သိပ္ပံနှင့်အဆင့်မြင့်ပညာဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေး

 

မြန်မာ- ရုရှား သိပ္ပံနှင့် နည်းပညာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီးပွင့်လင်းစွာအမြင်ချင်းဖလှယ်ဆွေးနွေး

နေပြည်တော် နိုဝင်ဘာ   ၁၅    ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌  ကျင်းပ ပြုလုပ်မည့်    သုတေသန လေ့လာ ရေး  ခရီးစဉ်နှင့် (၁၂)ကြိမ်မြောက် နျူကလီးယားနည်းပညာ အခြေခံ သည့်    ဆန်းသစ်တီထွင်မှု    ဖိုရမ် (၂၀၂၂)   တက်ရောက်ရန်    ရုရှား ဖက်ဒရေးရှင်းနိုင်ငံတွင်  ရောက်ရှိ နေသည့်     သိပ္ပံနှင့်  နည်းပညာ ဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဒေါက်တာ            မျိုးသိန်းကျော် ဦးဆောင်သည့်  မြန်မာကိုယ်စား လှယ်အဖွဲ့သည်    ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ             မြန်မာ သံအမတ်ကြီး ဦးလွင်ဦး၊  တာဝန်ရှိ သူများနှင့်အတူ နိုဝင်ဘာ  ၁၄ ရက် နံနက်ပိုင်းတွင်         မော်စကိုမြို့ရှိ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သိပ္ပံနှင့် အဆင့်မြင့်ပညာဝန်ကြီးဌာနဝန်ကြီး  H.E . Valery Falkov အား အဆိုပါ ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ သွားရောက်တွေ့ဆုံသည်။
သိပ္ပံနှင့်နည်းပညာကဏ္ဍဖွံ့ဖြိုး
တွေ့ဆုံရာတွင်    ပညာတော် သင် စေလွှတ်ရေးကိစ္စ၊   ပညာသင် ဆု   အရေအတွက်တိုးမြှင့်ရရှိရေး ကိစ္စ၊   တက္ကသိုလ်များ   ပူးပေါင်း ဆောင်ရွက်ရေးကိစ္စ၊       မြန်မာ-ရုရှား     သိပ္ပံနှင့်နည်းပညာကဏ္ဍ ဖွံ့ဖြိုး       တိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေး    ကိစ္စရပ် များနှင့်ပတ်သက်၍           ရင်းနှီး ပွင့်လင်းစွာ    အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။
ထို့နောက်          ပြည်ထောင်စု ဝန်ကြီး   ဦးဆောင်သည့်    မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် National Research   University   Moscow Power   Engineering   Institute (MPEI)     သို့        သွားရောက်၍ ပါမောက္ခချုပ် Alexander Bryuk-hoveskovoe       ဦးဆောင်သော တက္ကသိုလ်မှ     တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး          ပညာတော်သင် ကိစ္စရပ်များကို        ပိုမိုအကျိုးရှိ ထိရောက်စေရေးအတွက် ရင်းရင်း နှီးနှီး ဆွေးနွေးကြသည်။
သုတေသနလုပ်ငန်းများ   ကြည့်ရှု
ဆက်လက်၍   ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည်   National Research Nuclear University  (MEPhI) ပါမောက္ခချုပ် Vladimir Schevchenko    ဦးဆောင်သော တက္ကသိုလ်မှ           တာဝန်ရှိသူများ နှင့်တွေ့ဆုံပြီး        တက္ကသိုလ်၏ သင်ကြားသင်ယူမှု၊    လက်တွေ့ ခန်းများ၊    သုတေသနလုပ်ငန်း များကို    လှည့်လည်ကြည့်ရှုပြီး သိပ္ပံနှင့်နည်းပညာကဏ္ဍ၊   လူ့စွမ်း အားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက် ရေးကိစ္စရပ်များကို    ဆွေးနွေးကြ ကြောင်း သိရသည်။   သတင်းစဉ်