ပြည်ထောင်စုဝန်ကြီး ဒေါက်တာ စိုးဝင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ၏ အကြီးအကဲ Mr. Sajjad Mohammad Sajid နှင့် တွေ့ဆုံ

 

နေပြည်တော်   မတ်   ၂၇
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန       ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည်   မြန်မာနိုင်ငံဆိုင်ရာ  ကုလ သမဂ္ဂလူသားချင်း      စာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ၏ အကြီးအကဲ Mr. Sajjad Mohammad     Sajid     ဦးဆောင်သောအဖွဲ့နှင့် ယမန်နေ့ နံနက်ပိုင်းက အဆိုပါဝန်ကြီးရုံး မေခလာ ခန်းမ၌ လာရောက်တွေ့ဆုံသည်။
အမြင်ချင်းဖလှယ်ဆွေးနွေး
တွေ့ဆုံစဉ်  UNOCHA နှင့် ဝန်ကြီးဌာနတို့အကြား  ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးလုပ်ငန်း များ၊ UNOCHA နှင့် ဝန်ကြီးဌာနတို့အကြား သဘော တူညီမှုစာလွှာ (LoA) အသစ် လက်မှတ်ရေးထိုးနိုင်ရေး အပြီးသတ်     ဆောင်ရွက်လျက်ရှိသည့်       လုပ်ငန်း များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေး ကြသည်။
တက်ရောက်
တွေ့ဆုံပွဲသို့ ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် UNOCHA  ရုံးမှ  ကိုယ်စားလှယ်များ  တက်ရောက် ခဲ့ကြကြောင်း သိရသည်။                    

သတင်းစဉ်