ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်း ဒုတိယဥက္ကဋ္ဌ မစ္စတာ အန်နာသိုလီ ဘူးလော့ချ်နိကော့အား လက်ခံတွေ့ဆုံ

 

နေပြည်တော်     ဇန်နဝါရီ     ၂၇


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်း ဒုတိယ ဥက္ကဋ္ဌ မစ္စတာ အန်နာသိုလီ ဘူးလော့ချ်နိကော့ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။ 

 


ထိုသို့တွေ့ဆုံစဉ်       ပြည်ထောင်စုဝန်ကြီးက နှစ်နိုင်ငံသံတမန်ဆက်ဆံရေး စိန်ရတုနှစ်ပတ်လည်  ကာလတွင် တွေ့ဆုံခွင့်ရသည့်အတွက် ဝမ်းမြောက်ပါ ကြောင်း ပြောကြားပြီး မြန်မာ-ရုရှား နှစ်နိုင်ငံအကြား ကုန်းလမ်း၊   ရထား၊   ရေကြောင်း၊   လေကြောင်း၊  ဆိပ်ကမ်း       စသောပို့ဆောင်ရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့်  အလားအလာရှိသော လုပ်ငန်းများ၊ နှစ်နိုင်ငံအကြား တိုက်ရိုက်လေကြောင်း ခရီးစဉ် တိုးချဲ့ပျံသန်းရေး ကိစ္စရပ်များ၊ ဆက်သွယ် ရေးကဏ္ဍ   ဒစ်ဂျစ်တယ်   အခြေခံအဆောက်အဦ  တည်ဆောက်ရာတွင်      ပါဝင်ရင်းနှီးမြှုပ်နှံရေး၊  ဆိုက်ဘာလုံခြုံရေး၊  နိုင်ငံတော်အတွင်း လျှပ်စစ် ရထား၊  လျှပ်စစ်မော်တော်ယာဉ်များ  အသုံးပြုရန်   ဆောင်ရွက်လျက်ရှိမှုနှင့် ရင်းနှီးမြှုပ်နှံနိုင်မည့် အလား အလာများ၊ ပြည်တွင်းရေကြောင်းနှင့် ကမ်းရိုးတန်း သွား ရေယာဉ်အသုံးပြုရေးဆိုင်ရာများ၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေးဆိုင်ရာများနှင့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများကို      ကျွမ်းကျင်သူများအကြား ဆွေးနွေးရေးကိစ္စရပ်များကို ခင်မင်ရင်းနှီးစွာ နှစ်ဖက် အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့သည်။ 

 


တွေ့ဆုံပွဲသို့  ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ဌာနအကြီးအမှူးများ၊ ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက် ရေးအသင်း ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ 


သတင်းစဉ်