ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ ဌာနများကြည့်ရှု

 

နေပြည်တော်   ဇွန်   ၂၆


ပို့ဆောင်ရေးနှင့်         ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဗိုလ်ချုပ်ကြီး    တင်အောင်စန်း သည်  ဇွန် ၂၅ ရက်တွင်  ရန်ကုန် တိုင်းဒေသကြီး      ရန်ကုန်မြို့ရှိ   မြို့ပတ်ဒီဇယ်       စက်ခေါင်း စက်ရုံ(အင်းစိန်)     လေကြောင်း ပညာသိပ္ပံနှင့်   ရန်ကုန်အပြည်ပြည် ဆိုင်ရာ   လေဆိပ်တို့ကို   ကြည့်ရှု စစ်ဆေးသည်။


ခေါက်ရေတိုးပြေးဆွဲနိုင်ရေး


ရှေးဦးစွာ      ပြည်ထောင်စု ဝန်ကြီးနှင့်  အဖွဲ့သည်   မြို့ပတ် ဒီဇယ် စက်ခေါင်းစက်ရုံ (အင်းစိန်) သို့ ရောက်ရှိပြီး စက်ရုံမှ အရာထမ်း၊  အမှုထမ်းများနှင့် တွေ့ဆုံသည်။  တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး က  မြို့ပတ်ရထားများ  ပြေးဆွဲပေး ခြင်းဖြင့် ရန်ကုန်မြို့နေ ပြည်သူ များ       သက်သောင့်သက်သာ အဆင်ပြေစွာ   သွားလာနိုင်မည် ဖြစ်၍  ရထားများ ပုံမှန်ပြေးဆွဲနိုင် ရေးနှင့် ခေါက်ရေတိုးတက်ပြေးဆွဲ နိုင်ရေး  ဆောင် ရွက်ရန်၊   ယခင်က  မြို့ပတ်ရထားပြေးဆွဲမှု   ရပ်တန့် ခဲ့သော်လည်း   ယခုအချိန်တွင်  လက်ဝဲရစ်၊      လက်ယာရစ် လမ်းကြောင်းနှစ်ခုကို    ပြန်လည် ပြေးဆွဲပေးနိုင်ပြီ    ဖြစ်ကြောင်း၊ ဌာနအကြီးအကဲများ  အနေဖြင့် မြို့ပတ်ရထားများ   နေ့စဉ်ပုံမှန်  ပြေးဆွဲပေးနိုင်ရေးအတွက် လိုအပ် သည်များ    ဖြည့်ဆည်းဆောင်ရွက် ပေးရန်   မှာကြားကာ    စက်ရုံမှ အရာထမ်း၊    အမှုထမ်းများအား စားသောက်ဖွယ်ရာများ ထောက်ပံ့ ပေးအပ်သည်။


ယင်းနောက်     ပြည်ထောင်စု ဝန်ကြီးနှင့် အဖွဲ့သည် စက်ရုံဝင်း အတွင်း      လှည့်လည်ကြည့်ရှု စစ်ဆေးပြီး      မြို့ပတ်ဒီဇယ် စက်ခေါင်းစက်ရုံ     တိုးချဲ့တည် ဆောက်ရေးစီမံကိန်း တာဝန်ရှိသူ များ၏      ရှင်းလင်းတင်ပြမှုများ အပေါ်         လိုအပ်သည်များ မှာကြားသည်။


ထို့နောက်   မြို့ပတ်ရထား လမ်းတွင်   အသစ်ပြေးဆွဲမည့် DEMU ရထားတွဲဆိုင်းအသစ်နှင့်  လက်ရှိ    ပြေးဆွဲနေသည့်  RBE ရထားတွဲဆိုင်းများကို   ကြည့်ရှု စစ်ဆေးသည်။


ထို့နောက်      ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် လေကြောင်း ပညာသိပ္ပံသို့       ရောက်ရှိရာ ဧည့်ခန်းမ၌   ကျောင်းအုပ်ကြီးက လေကြောင်းပညာသိပ္ပံ၏ သမိုင်း ကြောင်း၊ ရည်ရွယ်ချက်၊ ဖွဲ့စည်းပုံ၊   ဖွင့်လှစ်ခဲ့သော   သင်တန်းများ၊    တည်ဆောက်ရေးလုပ်ငန်းများနှင့် အနာဂတ်ကာလ   ဆောင်ရွက်မည့်  အစီအမံများကို     တင်ပြရာ  ပြည်ထောင်စုဝန်ကြီးက   လိုအပ် သည်များ မှာကြားသည်။


စနစ်တကျ သင်ကြားပေးရန်


ထို့နောက် ခန်းမဆောင်တွင်   သင်ကြားရေးနှင့်    နည်းပညာ အကူပေးရေးဌာနများမှ  ဌာနမှူး များ၊ ကထိကများ၊ နည်းပြများ၊    အုပ်ချုပ်စီမံဌာနမှ    အရာထမ်း၊ အမှုထမ်းများဖြင့် တွေ့ဆုံသည်။  တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး က        လေ့ကျင့်သင်ကြားပေးမှု ကောင်းမွန်မှသာ      လက်တွေ့ နယ်ပယ်တွင်       လုပ်ငန်းများကို အောင်မြင်စွာ     ဆောင်ရွက်နိုင် မည်ဖြစ်၍   စနစ်တကျ   လေ့ကျင့် သင်ကြားပေးရန်၊    သင်ရိုးဇယား များ ခေတ်နှင့်လျော်ညီစွာ  ရေးဆွဲ သင်ကြားပေးရန်နှင့် သင်ကြားရေး အထောက်အကူ   ပစ္စည်းများ ကောင်းမွန်ပြည့်စုံမှုရှိရန်၊  ဘာသာ ရပ်မျိုးစုံ   သင်ကြားပေးရသည် ဖြစ်၍  နည်းပြများပြည့်စုံစွာဖြင့်    လေ့ကျင့်    သင်ကြားပေးနိုင်ရေး ဆောင်ရွက်ရန်၊ဌာနအကြီးအကဲ များအနေဖြင့်   မိမိလက်အောက် ဝန်ထမ်းများကို လက်ရှိနိုင်ငံတော် တွင် ဖြစ်ပေါ်နေသော အခြေအနေ များကို   နားလည်သဘောပေါက် အောင်    ရှင်းလင်းပြောကြားရန်၊ ဝန်ထမ်းများအနေဖြင့် ပါတီနိုင်ငံ ရေး ကင်းရှင်းစွာဖြင့်  မိမိတာဝန် ကို  ကျေပွန်စွာ ထမ်းဆောင်သွား ကြရန်      မှာကြားပြီး      နည်းပြ၊  အရာထမ်း၊   အမှုထမ်းများကို စားသောက်ဖွယ်ရာများ ထောက်ပံ့ ပေးအပ်သည်။ 


ယင်းနောက်    ပြည်ထောင်စု ဝန်ကြီးသည် စာသင်ခန်းများတွင် သင်ကြားမှုနှင့်   သင်ထောက်ကူ ပစ္စည်းများကို   လှည့်လည်ကြည့်ရှု စစ်ဆေးပြီး   တာဝန်ရှိသူများ၏ ရှင်းလင်း     တင်ပြမှုများအပေါ် လိုအပ်သည်များ မှာကြားသည်။


ဆက်လက်၍   ပြည်ထောင်စု ဝန်ကြီးနှင့်  အဖွဲ့သည်   ရန်ကုန် အပြည်ပြည်ဆိုင်ရာ  လေဆိပ်သို့ ရောက်ရှိပြီး လေဆိပ်အဆင့်မြှင့်တင်ရေးစီမံကိန်း၏     လုပ်ငန်း ဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်ဆဲ နှင့်     ဆက်လက်ဆောင်ရွက်ရန်      ကျန်ရှိသည့်         လုပ်ငန်းများနှင့် ပတ်သက်၍      တာဝန်ရှိသူက     ရှင်းလင်းတင်ပြရာ ပြည်ထောင်စု ဝန်ကြီးက           လုပ်ငန်းများ  ဆောလျင်စွာပြီးစီးရေး   ဆောင် ရွက်နိုင်သည့်လုပ်ငန်းများ   ဦးစား ပေးဆောင်ရွက်ရန် မှာကြားသည်။ 


လေဆိပ်ဝန်ဆောင်မှုလုပ်ငန်းများ    


ထို့နောက်    လေဆိပ်ဝန်ဆောင် မှုများ    ဗဟိုထိန်းချုပ်ရေးခန်းမ    Airport Operation Control Centre (AOCC)၌ တာဝန်ရှိသူက လေဆိပ်ဝန်ဆောင်မှု လုပ်ငန်းများ    ထိန်းချုပ်ဆောင်ရွက်မှု    အခြေ အနေများကို  ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက   လိုအပ် သည်များ မှာကြားသည်။ 


ယင်းနောက်   အသစ်ဆောက် လုပ်ပြီးစီး၍    အသုံးပြုနေသော     ရန်ကုန်     အပြည်ပြည်ဆိုင်ရာ လေဆိပ်  Terminal(1)  နေရာရှိ   Check In, Check Out နေရာများ၊ ခရီးဆောင်အိတ်များ ရွေးယူသည့် နေရာများ၊ ခရီးသည်နားနေခန်း များကို      လှည့်လည်ကြည့်ရှု စစ်ဆေးပြီး           လိုအပ်သည် များ    မှာကြားခဲ့ကြောင်း   သိရ သည်။  

 

သတင်းစဉ်