ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိဌာနများ ကြည့်ရှုစစ်ဆေး

 

နေပြည်တော်   ဩဂုတ်   ၁၉


ပို့ဆောင်ရေးနှင့်       ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်နယ်မြေ အတွင်းရှိ မြန်မာ့စာတိုက်လုပ်ငန်း(ရုံးချုပ်)၊ နေပြည် တော်  ဗဟိုစာတိုက်ကြီး၊  သတင်းအချက်အလက် နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း ဒေတာစင်တာနှင့် မိုဘိုင်း ဆက်သွယ်ရေးအိတ်ချိန်း၊ မြန်မာ့မီးရထား နေပြည် တော် ဘူတာကြီးနှင့် စက်ခေါင်းသစ် တပ်ဆင်ထုတ် လုပ်ရေးစက်ရုံ  (နေပြည်တော်)တို့ကို သွားရောက် ကြည့်ရှုစစ်ဆေးသည်။

 


ရှေးဦးစွာ  ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော်    ဗဟိုစာတိုက်ကြီးသို့  ရောက်ရှိပြီး အစည်းအဝေးခန်းမ၌ အရာထမ်း၊ အမှုထမ်းများဖြင့် တွေ့ဆုံသည်။

 


ကြည့်ရှုစစ်ဆေး


ယင်းနောက်    မြန်မာ့စာတိုက်လုပ်ငန်းပြခန်း၊ နေပြည်တော်ဗဟိုစာတိုက်ကြီး  ကောင်တာ၊   စာ/ပါဆယ်များ   လုံခြုံရေးစစ်ဆေးနေသော   X-Ray စက်ခန်းနှင့် စာတိုက်သေတ္တာထားရှိသည့်  နေရာများ ကို   လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

 


ထို့နောက် သတင်းအချက်အလက် နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာနသို့  ရောက်ရှိရာ  ရုံးချုပ် အစည်းအဝေးခန်းမတွင်  e-Government ဌာန ညွှန်ကြားရေးမှူးက e-Government Data Center  လုပ်ငန်းများ ဆောင်ရွက်မှု၊ ဝန်ဆောင်မှုပေးနေသည့် အခြေအနေနှင့်  ဆောင်ရွက်ဆဲ  စီမံကိန်းများဖြစ်သော  e-Government  integrated  Data  Center တည်ဆောက်ရေးလုပ်ငန်း     ဆောင်ရွက်မှုများ တင်ပြပြီး    ပြည်ထောင်စုဝန်ကြီးက  လိုအပ်သည် များ  ပေါင်းစပ်ညှိနှိုင်း  ဖြည့်ဆည်းဆောင်ရွက်ပေး ခဲ့သည်။ 

 


အထူးဂရုစိုက်ဆောင်ရွက်


ဆက်လက်၍   အမျိုးသားဆိုက်ဘာလုံခြုံရေး ဗဟိုဌာန ညွှန်ကြားရေးမှူးက အမျိုးသား ဆိုက်ဘာ လုံခြုံရေးဗဟိုဌာန၏   လုပ်ငန်းများကို  သုံးသပ် ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက သတင်း အချက်အလက် နည်းပညာခေတ်တွင် ဆိုက်ဘာလုံခြုံ ရေးသည် အရေးကြီးသောလုပ်ငန်းတစ်ရပ် ဖြစ်သော ကြောင့်   အထူးဂရုစိုက်  ဆောင်ရွက်ရန်  လိုအပ် ကြောင်း၊ လူ့စွမ်းအားအရင်းအမြစ်ကို စနစ်တကျ ပြုစုပျိုးထောင်ရန်နှင့် နိုင်ငံတကာ စံနှုန်း၊ မြန်မာနိုင်ငံ ၏ လိုအပ်ချက်တို့နှင့် ကိုက်ညီမည့် ဥပဒေ၊ စည်းမျဉ်း များ၊ မူဝါဒများ စနစ်တကျ ချမှတ်ဆောင်ရွက်သွား ကြရမည်ဖြစ်ကြောင်းနှင့် လိုအပ်သည်များ ဖြည့်စွက် မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် သတင်းအချက်အလက်နည်းပညာနှင့်  ဆိုက်ဘာ လုံခြုံရေးဦးစီးဌာန   အဆောက်အအုံ တည်ဆောက် နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

 


အထူးအလေးထား


ဆက်လက်၍   ဒက္ခိဏသီရိမြို့နယ်ရှိ   မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း၏        ဒေတာစင်တာနှင့်   မိုဘိုင်းဆက်သွယ်ရေးအိတ်ချိန်းများကို သွားရောက် ကြည့်ရှုစစ်ဆေးပြီး ဒေသအလိုက် Mobile Team များဖွဲ့စည်း၍  အချိန်နှင့်တစ်ပြေးညီ ပြုပြင်နိုင်ရေး စီမံဆောင်ရွက်ထားရှိရန်နှင့် လုံခြုံရေးကိစ္စကို   အထူး အလေးထား ဆောင်ရွက်ကြရန် မှာကြားသည်။

 


မီးရထားပြတိုက်တည်ဆောက်


ယင်းနောက်    နေပြည်တော်ဘူတာကြီးသို့ ရောက်ရှိပြီး   အစည်းအဝေးခန်းမ၌   အထွေထွေ မန်နေဂျာ(မြို့ပြ)က       နေပြည်တော်ဘူတာတွင်   သရုပ်ပြစက်ခေါင်းများထားရှိမည့်    အဆိုပြုပုံစံများ၊  မီးရထားပြတိုက် တည်ဆောက်မည့် အဆိုပြုနေရာ များ၊  နေပြည်တော်ဘူတာနှင့်   မလွှကုန်းဘူတာ တို့တွင်  မီးရထားပြတိုက် တည်ဆောက်ရန် ဒီဇိုင်း ရေးဆွဲဆောင်ရွက်နေမှုကို   ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြား သည်။

 


လိုအပ်သည်များ မှာကြား


ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြန်မာ့မီးရထားပြတိုက် တည်ဆောက်မည့် အဆိုပြု မြေနေရာများကို       လိုက်လံကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ် သည်များ မှာကြားသည်။

 


ယင်းနောက်    နေပြည်တော်စက်ခေါင်းသစ် တပ်ဆင်ထုတ်လုပ်ရေး စက်ရုံအတွင်း      လှည့်လည် ကြည့်ရှုစစ်ဆေးရာ  တာဝန်ရှိသူများ၏  ရှင်းလင်း တင်ပြချက်များအပေါ်  လိုအပ်သည်များ  မှာကြား ခဲ့ကြောင်း သိရသည်။


သတင်းစဉ်