ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း ရန်ကုန်-မန္တလေးရထားလမ်းပိုင်း အဆင့်မြှင့်တင်ရေး စီမံကိန်းလုပ်ငန်းဆောင်ရွက်နေမှုနှင့် စီမံကိန်းလုပ်ငန်းခွင်နေရာများ သွားရောက်ကြည့်ရှုစစ်ဆေး

 

နေပြည်တော်  ဇန်နဝါရီ   ၁၉


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် ယနေ့မွန်းလွဲပိုင်းတွင်   ရန်ကုန်-မန္တလေးရထားလမ်းပိုင်း    အဆင့် မြှင့်တင်ရေး စီမံကိန်းအဆင့်(၁)၏  ပဲခူးတိုင်းဒေသကြီး ညောင်လေး ပင်မြို့နယ် ပြွန်တန်ဆာဘူတာမှ ပဲခူးမြို့နယ် ဘုရားကြီးဘူတာအထိ စီမံကိန်းလုပ်ငန်းခွင်နေရာများကို    သွားရောက်ကြည့်ရှု    စစ်ဆေး သည်။

 

န်း တာဝန်ရှိသူများက ဂျပန် နိုင်ငံ ODA ချေးငွေဖြင့် ရန်ကုန်-မန္တလေးရထားလမ်း အဆင့်မြှင့်တင်ရေး စီမံကိန်း၏ အပိုင်း(၁)ဖြစ်သော ရန်ကုန်-တောင်ငူ ရထားလမ်းပိုင်း၌ ဆောင်ရွက်နေသည့် စီမံကိန်းလုပ်ငန်းများ၏ တိုးတက်မှုကို အပိုင်းလိုက် ရှင်းလင်းတင်ပြကြသည်။ ယင်းနောက် မြန်မာ့မီးရထား အထွေထွေ မန်နေဂျာ (အင်ဂျင်နီယာ-စီမံ)က  စီမံကိန်း၏  သတ်မှတ်ကာလများ အတိုင်း အချိန်မီပြီးစီးရေး ညှိနှိုင်းဆောင်ရွက်နေမှုကို ဆက်လက်တင်ပြ သည်။ 

 


တင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက အပိုင်းလိုက် စီမံကိန်းလုပ်ကွက်များ လျာထားသည့်သတ်မှတ်ကာလအလိုက် အချိန်မီ ပြီးစီးနိုင်ရေးအတွက်  ကြီးကြပ်ဆောင်ရွက်ရေး၊  ပွင့်လင်းရာသီတွင် ပြီးစီးမှုရာခိုင်နှုန်း သိသာစွာတိုးတက်စေရေး၊  စီမံကိန်း၏ အရည်အသွေး ပြည့်မီစေရန်အတွက် သတ်မှတ်ထားသည့်ဒီဇိုင်းမှန်ကန်မှု၊ စီမံကိန်းတွင် တည်ဆောက်ရေးပစ္စည်းများ  မှန်ကန်စွာအသုံးပြုမှု၊   လုပ်ငန်းခွင်၌ လုပ်သားများ၏ ကျွမ်းကျင်မှု စသည်တို့သည်  အဓိကလိုအပ်ချက်များဖြစ်သောကြောင့် ဌာနမှတာဝန်ရှိသူများ၊ စီမံကိန်းဆိုင်ရာ အကြံပေးအဖွဲ့ နှင့် စီမံကိန်းကန်ထရိုက်တာအဖွဲ့များ ပေါင်းစပ်ညှိနှိုင်း၍ လုပ်ငန်းအား အရှိန်အဟုန်ဖြင့် အောင်မြင်တိုးတက်စေရေး၊  ရထားပို့ဆောင်ရေးကဏ္ဍ ခေတ်မီဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ဦးစားပေးလုပ်ငန်းအလိုက် အလေးထား၍  အကောင်အထည်ဖော်ဆောင်ရွက်ရေးတို့ကို  မှာကြားပြီး စီမံကိန်းတွင် တာဝန်ထမ်းဆောင်နေကြသော ဝန်ထမ်းများကို အမှတ် တရလက်ဆောင်ပစ္စည်းများ ပေးအပ်သည်။

 


ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြွန်တန်ဆာဘူတာ၌ ပလက်ဖောင်းအသစ် တည်ဆောက်မှုလုပ်ငန်းကို ကြည့်ရှုစစ်ဆေးပြီး Diesel Electric Multiple Unit-DEMU ရထားတွဲဆိုင်းသစ်ဖြင့် လိုက်ပါ လျက် စီမံကိန်း၏ ပဲခူး-ညောင်လေးပင်အပိုင်း  ပြွန်တန်ဆာဘူတာမှ ဘုရားကြီးဘူတာအထိ   မိုင်  ၃၀  အတွင်း   ရထားလမ်းတစ်လျှောက် တည်ဆောက်ပြီးစီးမှုနှင့် တံတားအမှတ် (116-B) ဆောက်လုပ်မှုလုပ်ငန်း ခွင်များကို စစ်ဆေး၍ ရင်းနှီးစွာ နှုတ်ဆက်ကာ လက်ဆောင်ပစ္စည်းများ ပေးအပ်သည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဘုရားကြီး ဘူတာသို့ရောက်ရှိပြီး ဘူတာမှဝန်ထမ်းများကိုတွေ့ဆုံ၍ ဒေသခံပြည်သူ များ အဆင်ပြေစေရေးအတွက် လူစီးရထားရပ်တန့်ပေးနိုင်ရန် စီစဉ်ပေး ရေးနှင့် ဘူတာသန့်ရှင်းသပ်ရပ်ရေး၊ စနစ်တကျရှိရေး လိုအပ်သည်များ မှာကြားဖြည့်ဆည်းပေးခဲ့ကြောင်း သိရသည်။                      

 

သတင်းစဉ်