ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအောက်ရှိ ဌာနဆိုင်ရာလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

 

နေပြည်တော်   ဖေဖော်ဝါရီ   ၄


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန    ပြည်ထောင်စုဝန်ကြီး  ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ         ဖြစ်ကြသည့် မန်းငြိမ်းမောင်၊ ဒေါ်အေးနုစိန်နှင့် ဦးမောင်းဟာ၊  ဆောက်လုပ်ရေးဝန်ကြီး ဌာန  ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးနှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်မှ လေကြောင်းခရီးဖြင့် ထွက်ခွာ ခဲ့ပြီး ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ရောက်ရှိသည်။

 


ယင်းနောက်         နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည်   ပြည်န­ယ်အစိုးရအဖွဲ့မှ  လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရ၊ စီးပွားရေးရာဝန်ကြီး ဦးစံရွှေမောင်နှင့် တာဝန်ရှိသူများနှင့်အတူ  စစ်တွေမြို့  ဖောင်တော်ကြီး ဆိပ်ခံတံတားနယ်မြေရှိ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရုံးသို့ ရောက်ရှိပြီး ဝန်ထမ်းများနှင့် တွေ့ဆုံသည်။ 

 


တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများအား  နိုင်ငံ၏ နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေး၊ လူမှုရေးတိုးတက်ဖြစ်ပေါ်မှု အခြေအနေ များ ရှင်းလင်းပြောကြားပြီး  ဌာနအလိုက်   လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ကြရေး၊   ဌာနအချင်းချင်းပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ကြရေး၊  ကိုဗစ်-၁၉  ကပ်ရောဂါ  ကူးစက်မှုမခံရစေရေး၊ စက်သုံးဆီနှင့်  လျှပ်စစ်မီးများ ခြိုးခြံချွေတာနိုင်ရေး၊ မိမိဌာနရုံးနယ်မြေ အလိုက် သန့်ရှင်းသပ်ရပ်မှုရှိစေရေးတို့ကို မှာကြားပြီးနောက် ဝန်ထမ်း များအား လက်ဆောင်ပစ္စည်းများ ပေးအပ်သည်။

 


ထို့နောက်   မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊  ဖောင်တော်ကြီး ဆိပ်ခံ တံတား အခြေအနေကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြား သည်။ 

 


ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် စစ်တွေမြို့ရှိ  ရွှေမင်းဂံ ဆိပ်ခံတံတားနေရာသို့   ရောက်ရှိရာ  တာဝန်ရှိသူများက   နယ်စပ် ကုန်သွယ်ရေးနှင့် ပတ်သက်သော ကုန်တင်လှေများဆိုက်ကပ်၊ ထွက်ခွာ မှုအခြေအနေ၊ ကုန်စည်စီးဆင်းမှု အခြေအနေ၊ လက်ရှိအသုံးပြုနေသော ဆိပ်ခံတံတားသည်   သက်တမ်းကြာမြင့်ပြီဖြစ်၍  မွမ်းမံပြင်ဆင်ရန် လိုအပ်မှုအခြေအနေနှင့် အနီးပတ်ဝန်းကျင်ရှိ  ဆိပ်ခံတံတားငယ်များ နေရာတွင်   ဆိပ်ခံတံတားကြီးများ   အစားထိုးတည်ဆောက်နိုင်ရေး လိုအပ်မှုအခြေအနေ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်း မှာကြားခဲ့ကြောင်း သတင်းရရှိသည်။             

 

သတင်းစဉ်